What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 23 April 2020 10:30

(၂၃-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ ၊ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ (၂၃-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်ထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၂၇)ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ (၅) ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၉) ဦးရှိပါသည်။

 

၂။ ကျန်ရှိလူနာ (၁၁၃)ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် ထားရှိဆေးကုသမှုပေးနေမှုများကို ဇယားတွင် ဖော်ပြအပ်အပ်ပါသည်။

 

၃။ ယနေ့အတွက် ဓာတ်ခွဲနမူနာများကို စစ်ဆေးနေဆဲ ဖြစ်ပါသည်။

 

(မှတ်ချက်။ ။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၂၂-၄-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (၂)ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်းကို (၂၂-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီသတင်းတွင် လည်းကောင်း၊ နောက်ထပ် (၄)ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်းကို (၂၃-၄-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီသတင်းတွင်လည်းကောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။)

 

No photo description available.

Read times
Rate this item
(0 votes)