What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 17 February 2020 16:43

ဝူဟံ ဗိုင်းရပ် ဘယ်လို ဇာတ်သိမ်းမလဲ

တရုတ်နိုင်ငံ ဝူဟံမြို့မှ စတင်ပျံ့နှံ့သော COVID-19 ဗိုင်းရပ်သည် ကမ္ဘာတစ်လွှား ဆက်လက်ပျံ့နှံ့လျက်ရှိရာ အာဖရိကတိုက်သို့ အီဂျစ်နိုင်ငံတွင် ဆိုက်ရောက်ခဲ့ပါတယ်။

ကမ္ဘာလူဦးရေ၏ ၆၀ ရာခိုင်နှုန်း ကူးစက်နိုင်ဖွယ် ရှိသည်ဟုလည်း ခန့်မှန်းချက် ထွက်ပေါ်လာခဲ့ပါတယ်။ ကူးစက်ခံလူနာများတွင် သေဆုံးသူ ဦးရေ ရှိသကဲ့သို့ ဆေးရုံမှ ပြန်ဆင်းလာခဲ့သူများလည်း ရှိပါတယ်။ ကူးစက်ခံဦးရေသည် ဆက်လက်တိုးပွားလျက် ရှိသည်မှာလည်း ထိတ်လန့်စရာ ဖြစ်နေပါတယ်။

 

ဝူဟံဗိုင်းရပ်သည် ဒေသတွင်း ကူးစက်ခြင်းမှာ ကမ္ဘာအနှံ့ ကူးစက်ခြင်းအဖြစ်သို့ စတင်ရောက်ရှိနေပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားပြီး ကူးစက်မှုသည် ဇန်နဝါရီလ ၂၀၂၀ ခုနှစ်တွင် အရှိန်မြင့်တက်လာပြီး ဖေဖော်ဝါရီလတွင် ကမ္ဘာ့ကူးစက်တုပ်ကွေးအဖြစ်သို့ ရောက်ရှိသွားပါပြီး။

 

ဖြစ်နိုင်ဖွယ်ရှိသည့် ဇာတ်သိမ်းတစ်ခုမှာ လူထုကျန်းမာရေး အဖွဲ့အစည်းများက ကူးစက်မှုကို ထိန်းချုပ်နိုင်သွားမှာ ဖြစ်ပါတယ်။ ကြက်ငှက်တုပ်ကွေး SARS ဖြစ်ပွားစဉ်ကကဲ့သို့ ထိန်းချုပ်ထားနိုင်သည့် အနေအထားကို ရရှိမည်။ နောက်တစ်နည်းမှာ ကာကွယ်ဆေးလည်း ဖော်စပ်နိုင်မည်။ ယခုအခါ ၂၀၂၁ ခုနှစ်တွင် ကာကွယ်ဆေး ရရှိမည်ဟု သတင်းများ ထွက်ပေါ်နေပါတယ်။

 

နောက်တစ်နည်းမှာ COVID-19 ဗိုင်းရပ်သည် လူအများကြား အစဉ်အမြဲ ရှိနေမည့် ဗိုင်းရပ်စ်ဖြစ်လာပြီး ရာသီတုပ်ကွေး ဖြစ်ပွားစေမည်။ သေချာသလောက် ရှိနေသည်မှာ ဤဗိုင်းရပ်အသစ်သည် မည်သည့်အခါမှ အမှန်တကယ် ကွယ်ပျောက်သွားမည် မဟုတ်။ တောရိုင်းတိရစ္ဘာန် ဥပမာ လင်းနို့ တို့တွင် ဆက်လက် ရှင်သန်နေပြီး လူထံ ရံဖန်ရံခါ ကူးစက်မယ်။

 

စတင်ခဲ့ရာဖြစ်ပြီး ခရီးသွားလာမှုများကြောင့် ပျံ့နှံ့နေသော ဝူဟံဗိုင်းရပ်စ်ကို တရုတ်နိုင်ငံမှာ အပြင်းအထန် နှိမ်နင်းတားဆီးနေသည်။ သို့သော် မြင်းဇောင်းမှ လွတ်ထွက်ပြီး ခြေဦးတည့်ရာ ထွက်ပြေးနေသော မြင်းများကို လိုက်ဖမ်းနေရသကဲ့သို့ ဖြစ်နေသည်ဟု ကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင် Stephen Morse က မှတ်ချက်ပြုသည်။

 

Indigenous Medicine (ပရဆေးဆိုင်ပေါင်း ၁၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for indigenous medicine

ကူးစက်သူဦးရ ၃၀၀,၀၀၀ ကျော်ရှိမည်။

==========

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ World Health Organization မှ သုတေသီတို့၏ အဆိုအရ ဝူဟံဗိုင်းရပ် ကူးစက်ခံရသူတစ်ဦးသည် ပျမ်းမျှအားဖြင့် ၁ ဒသမ ၄ ဦးမှ ၂ ဒသမ ၅ ဦးအထိ ကူးစက်လျက် ရှိသပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် နိုင်ငံတကာ လူထုကျန်းမာရေး အရေးပေါ်အခြေအနေ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

 

တိရစ္တာန်မှ လူသို့ ကူးစက်ခြင်း မဟုတ်တော့ဘဲ လူအချင်းချင်း ကူးစက်ပျံ့နှံ့ခြင်းအဖြစ် အခိုင်အမာ ရောက်ရှိနေခဲ့ပြီ ဖြစ်တယ်။ သို့ဖြစ်ရာ ကမ္ဘာ့ကူးစက်ရောဂါ အပျော့စား အဖြစ်သို့ ရောက်ရှိနေပါပြီး။ ယခုနှုန်းအတိုင်း ဆက်လက်ကူးစက်ပျံ့နှံ့မည်ဆိုပါက ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ကူးစက်သူဦးရ ၃၀၀,၀၀၀ ကျော် ရှိမည်။ ကျန်းမာရေးဌာနများမှ မှတ်တမ်းပြုနိုင်သည့် အရေအတွက် မည်မျှ ရှိမည်ကိုမူ ခန့်မှန်းဖို့ ခက်ပါတယ်။

 

ကိုရိုနာဗိုင်းရပ် ၄ မျိုး

==========

လက်ရှိတွင် ကိုရိုနာဗိုင်းရပ် ၄ မျိုး ရှိနေသည်။ ယင်းတို့သည် လူစုအလိုက် ကူးစက်ခြင်း endemic အဆင့်တွင်သာ ရှိသည်။ ယင်းတို့၏ အမည်များမှာ OC43 ၊ 229E ၊ HKU1 နှင့် NL63 တို့ဖြစ်တယ်။

 

ယင်း ကိုရိုနာဗိုင်းရပ် လေးမျိုးသည် ကမ္ဘာ့လူဦးရေထဲတွင် အမြဲတမ်း ရှိနေကြပါတယ်။ အအေးမိ နှာစေးချောင်းဆိုး ဖျားနာ တို့ဖြစ်ပွားစေသော်လည်း အဆုပ်ရောင်ခြင်းနှင့် သေသည်အထိ ပြင်းထန်ခြင်း ရှားပါတယ်။ လူမှာ ခိုအောင်းသည့် ကိုရိုနာဗိုင်းရပ်စ်တို့သည် ပျော့သည်။

 

ဝူဟံဗိုင်းရပ်စသည် အစုလိုက်အပြုံလိုက် အုပ်စုဝင် ဗိုင်းရပ် ဖြစ်လာနိုင်ပြီး အမြဲ သံသရာလည် ကူးစက်နေမှာ ဖြစ်ပါတယ်။ ထိုသို့ဆိုပါက ကူးစက်ပျံ့နှံ့ခြင်း အတောမသတ် ဖြစ်နေဦးမည်။ ထိုအခါ ဖြစ်နိုင်ခြေ ရှိပုံ တစ်မျိုးမှာ ရာသီတုပ်ကွေး အဖြစ်ရောက်ရှိမယ်။ မိုးနှင့် ဆောင်းတွင် ပြန်ထမယ်။

 

နွေရာသီမှာ ပြန်လျော့ကျမယ်။ ယခု ဝူဟံဗိုင်းရပ်သည်လည်း ဆောင်း ကုန်၍ နွေဦးပေါက်သောအခါ ကူးစက်မှု လျော့ကျသွားနိုင်တယ်။ မရှိသလောက် ဖြစ်သွားသည်အထိလည်း ဖြစ်သွားနိုင်ပါတယ်။ စွတ်စိုခြင်းနှင့် အေးမြခြင်းတို့က ဗိုင်းရပ် လေထဲ ရောက်ရှိနေစဉ် ပိုကြာကြာ ဆက်ရှင်စေနိုင်ပါတယ်။

 

အေးသောအခါ ဗိုင်းရပ်တွင် ဂျယ်လီကဲ့သို့သော အကာအကွယ် အခွံကို ရရှိနေစေပြီး ဗိုင်းရပ်သည် လေထဲတွင် ပိုကြာကြာ ဆက်ရှင်နေနိုင်ပါတယ်။ တစ်ဦးထံမှ ထုတ်လွှတ်လိုက်ပြီး ကိုယ်ခန္ဓာပြင်ပ ရောက်ရှိနေစဉ် ပိုကြာကြာ ဆက်ရှင်နေခြင်းကြောင့် အခြားသူများကို ကူးစက်ဖို့ အခွင့်အလမ်း ပိုများစေပါတယ်။

 

သန္ဓေပြောင်းခြင်းနှင့် ပိုကြမ်းလာခြင်း

============

ကိုရိုနာဗိုင်းရပ်တို့ ပွားများသည့်အခါ ဗီဇ အပြောင်းအလဲ အမြဲဖြစ်ပြီး သန္ဓေပြောင်းနိုင်ပါတယ်။ ထိုဖြစ်စဉ်ကို ဆန့်ကျင်ဗီဇ မျောပါခြင်း antigenic drift ဟု ခေါ်ကြပါတယ်။ နည်းနည်းချင်းစီ အပြောင်းအလဲ ဖြစ်ပွားပြီး သန္ဓေပြောင်းရာမှ ဆင်တူရိုးမှား ဗိုင်းရပ်အသစ်တစ်မျိုးအဖြစ် ထွက်ပေါ်လာနိုင်ပါတယ်။

 

သို့ဖြစ်ရာ ယခင်နှစ်က ကြုံရသော တုပ်ကွေးဗိုင်းရပ်ကို ပြန်ကြုံရသည့်အခါ ယခင်ထက် ပိုကြမ်းသည့် ဗိုင်းရပ်အဖြစ် ရင်ဆိုင်ရနိုင်ပါတယ်။ လူ၏ ကိုယ်ခံအားစနစ်သည် ဗိုင်းရပ်အသစ်ကို တိုက်ခိုက်ရသည့်အဖြစ်ကို ကြုံရနိုင်ပါတယ်။ ထို့ကြောင့်လည်း ဗိုင်းရပ် ကာကွယ်ဆေးတို့သည် ၁၀၀ ရာခိုင်နှုန်း အာမခံချက် မပေးနိုင်ခြင်း ဖြစ်ပါတယ်။ ဆေးဖော်စပ်ထုတ်လုပ်ခဲ့စဉ်က ဗိုင်းရပ်၏ မူကွဲဗိုင်းရပ်ကို ရာနှုန်းပြည့် ထိရောက်စွာ လုပ်ဆောင်ပေးနိုင်ဖို့ မသေချာသေးပါဘူး။

 

သန္ဓေပြောင်းခြင်းနှင့် ပိုပျော့လာခြင်း

============

ဗိုင်းရပ် ပွားများရာ၌ သန္ဓေပြောင်းရာတွင် အခြား endemic ကိုရိုနာ ဗိုင်းရပ် ၄ မျိုးနှင့် ဆင်ဆင်တူသွားခြင်းလည်း ဖြစ်လာနိုင်သည်။ သို့သော် အဆင့်ဆင့် နည်းနည်းချင်းသာ ပြောင်းလဲသည့် ဖြစ်စဉ်ဖြင့်သာ ပြောင်းလဲခြင်း ဖြစ်သဖြင့် ထိုသို့ဖြစ်သွားဖို့ အချိန်အတော်ကြာလိမ့်မည်။

 

Manufacturers & Distributors (တိုင်းရင်းဆေးဝါး ထ/လ လုပ်ငန်းပေါင်း ၃၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Manufacturers & Distributors

2003 SARS နှင့်နှိုင်းယှဉ်ကြည့်ခြင်း

===============

ယခု ဝူဟံဗိုင်းရပ် ပျံ့နှံ့မှုသည် 2003 SARS ပျံ့နှံ့ခဲ့စဉ်ကနှင့် တူသည့်အချက်များ ရှိသည်။ နှစ်မျိုးစလုံးသည် လင်းနို့များတွင် အစပြုသည့် ကိုရိုနာဗိုင်းရပ်များ ဖြစ်ကြသည်။ လင်းနို့မှ တစ်ဆင့် လူထံသို့ ကူးစက်ခဲ့ပြီးသည့်နောက် လူလူချင်း ကူးစက်သည့်အဖြစ်သို့ ရောက်သည်မှာလည်း အတူတူပင် ဖြစ်သည်။

 

ဗိုင်းရပ် နှစ်မျိုးတို့၏ DNA. ကို ကြည့်လျှင် ၈၀ ရာခိုင်နှုန်း တူညီသည်။ SARS ကူးစက်ပျံ့နှံ့ခြင်းသည် ၂၀၀၂ နိုဝင်ဘာလမှ စတင်ပြီး ၂၀၀၃ ခုနှစ် ဇူလိုင်လအထိ ကြာမြင့်ခဲ့သည်။ တရားဝင် ထုတ်ပြန်ချက်များအရ သေသူ ၇၇၄ ဦး ရှိသည်။ ကူးစက်ခံလူနာ ၈,၀၀၀ ဦးကျော် ရှိခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ကွယ်ပျောက်သွားခဲ့သည်။

 

လူထုကျန်းမာရေး ကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာ အာဏာပိုင်များက နောက်ယောင်ခံလိုက်ခြင်း၊ ရောဂါဆန်းစစ်ခြင်း၊ ကူးစက်ခံလူနာ သီးခြား ထားရှိခြင်း အစရှိသည်တို့ကို အပြင်းအထန် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ခဲ့ကြသဖြင့် ဗိုင်းရပ်သည် လူအများကြားမှ ထွက်သွားခဲ့ရသည်။

 

အခြားတစ်ဖက်၌ ပျံ့နှံ့မှုကို နည်းမျိုးစုံဖြင့် တားဆီးခဲ့ကြသည်။ လူနာကို ခြေချုပ်ဖြင့် ထားခြင်း၊ ခရီးသွားလာမှု ကန့်သတ်တားမြစ်ခြင်း၊ လူထုကို ပညာပေးခြင်းနှင့် အသိပေးခြင်း လှုံ့ဆော်မှုများ ဆောင်ရွက်ခြင်း၊ လေဆိပ်များတွင် စစ်ဆေးခြင်းတို့ကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ခဲ့ကြသည်။

 

ယခုလည်း အလားတူ ဆောင်ရွက်ချက်များကို သတိကြီးစွာထား၍ ဆောင်ရွက်လျက် ရှိကြသည်။ သို့ဖြစ်ရာ အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီးလျှင် ကူးစက်ပျံ့နှံ့မှုကို ထိန်းထားနိုင်မည် ဖြစ်သည်။ နောက်တစ်ဆင့်တွင် ပပျောက်အောင် ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်သည်။ Zika နှင့် H1N1 တို့ကဲ့သို့ ဗိုင်းရပ် ဆက်လက်တည်တံ့နေသော်ငြားလည်း ဖြစ်ပွားခဲ့လျှင် ချက်ချင်း တားဆီးနိုင်မည် ဖြစ်သည်။


SARS နှင့် ဝူဟံဗိုင်းရပ်တို့အကြား အရေးပါသည့် ကွာခြားချက်မှာ SARS သည် ရောဂါလက္ခဏာများ ပြသသည့်အခါကျမှ ကူးစက်ခြင်းဖြစ်ပြီး ဝူဟံဗိုင်းရပ်သည် လက္ခဏာ မပြခင်ကတည်းက ကူးစက်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ အချိန်မီ တားဆီးနိုင်ရန် အခက်အခဲ ကြီးမားမည်ဖြစ်သည်။ ထို့အတွက် ကာကွယ်ဆေးသည် အလွန်အရေးပါသည်။

 

ကာကွယ်ဆေး

====

ဝူဟံဗိုင်းရပ် လူအများအကြား ဒုက္ခမပေးနိုင်အောင် ထိန်းချုပ်ထားဖို့အတွက် ကာကွယ်ဆေးသည် မရှိမဖြစ် လိုအပ်သည်။ ကာကွယ်ဆေး ထုတ်လုပ်သည့် ဦးဆောင်ကုမ္ပဏီကြီး ငါးခုဖြစ်သော Johnson & Johnson, Regeneron Pharmaceuticals, GlaxoSmithKline, Moderna,နှင့် Gilead Sciences တို့သည် ကာကွယ်ဆေးအတွက် အပြင်းအထန် လုပ်ဆောင်လျက်ရှိရာ၌ အဓိကအားဖြင့် နည်းလမ်း နှစ်သွယ် ရှိသည်။

 

တစ်နည်းမှာ ဝူဟံဗိုင်းရပ်၏ ဗီဇကုဒ် genetic code အရ ကာကွယ်ဆေး vaccine ထုတ်ဖော်ခြင်း ဖြစ်သည်။ နောက်တစ်နည်းမှာ ရှိပြီးသားဆေးဝါးများဖြင့် ဗိုင်းရပ်အသစ်ကို ထိရောက်စွာ ကုသနိုင်ခြင်း ရှိမရှိ သုတေသန ပြုခြင်း ဖြစ်သည်။

 

တရုတ်နိုင်ငံတွင် ကူးစက်ခံတို့ကို အနောက်တိုင်းဆေးဝါးများဖြင့် ကုသသည့်အပြင် တရုတ်ရိုးရာဆေးဝါး များဖြင့်လည်း စမ်းသပ်ကုသပေးလျက်ရှိသည်။ အလားတူပင် ထိုင်းနိုင်င်ငံတွင်လည်း ရိုးရာဆေးဝါးများနှင့် ကိုယ်ခံအားနည်းရောဂါ ကုသသည့်ဆေးဝါးများ၊ အခြားဗိုင်းရပ်ရောဂါ ကုသသည့်ဆေးများနှင့်အတူ ကုသခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့သည်။

 

ဖြန့်ဖြူးရောင်းချဖို့ ကြာမြင့်ခြင်း

=====

ကာကွယ်ဆေး ရပြီဟု သတင်းသေချာရုံဖြင့် လူနာများထံ ဆေးများ ရောက်လာမည် မဟုတ်ချေ။ ဈေးကွက်တင်ခွင့်ရဖို့ လုပ်ဆောင်ရသည့်အဆင့်ဆင့်မှာ အချိန်ယူရသည်။ အီဘိုလာ ကာကွယ်ဆေးကို လူထုထံ ရောင်းချဖို့ ခွင့်ပြုချက် ရအောင် လုပ်ဆောင်ခဲ့ကြရသည်မှာ နှစ်ပေါင်း ၂၀ တိုင်တိုင် ကြာမြင့်ခဲ့သည်။

 

နိုင်ငံတစ်ခုသို့ ဆေးဝါးတင်ပို့ခြင်း၊ ပြည်ပမှ တင်သွင်းခြင်းတို့တွင် ဖြတ်သန်းရသည့် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်သည်လည်း အချိန်ယူပြီး လုပ်ဆောင်ကြရသည်။ သို့ဖြစ်ရာ မြန်မြန်ဆန်ဆန်ဖြင့် ကာကွယ်ဆေးများ ရောက်ရှိလာမည် မဟုတ်သည့်အပြင် ရောင်းချသည့် ဈေးနှုန်းမှာလည်း လူအများ လက်လှမ်းမီဖို့ လိုအပ်ပေသည်။

 

အသက်ကို ဉာဏ်စောင့်

===========

သို့ဖြစ်ရာ ကူးစက်ရောက်ရှိမလာခင်ကတည်းက ကိုယ်ခံအားကောင်းပြီး ဒဏ်ခံနိုင်အောင် ကျန်းမာရေးနှင့် အစာအာဟာရတို့ကို ဂရုပြုဖို့ လိုအပ်မည်ဖြစ်သည်။ ကူးစက် ရောက်ရှိလာသည့်အခါ မကြာမကြာ လက်ဆေးခြင်း၊ မလိုအပ်ဘဲ အပြင်ထွက်ခြင်းကို ရှောင်ခြင်း၊ နှာခေါင်းစည်းခြင်း အစရှိသည့် ကာကွယ်ရေးများ လုပ်ဆောင်သင့်ပေသည်။

Ref: Business Insider

Written By Health Products Directory

 

(Zawgyi)

=====

ဝူဟံ ဗိုင္းရပ္ ဘယ္လို ဇာတ္သိမ္းမလဲ။

 

တ႐ုတ္ႏိုင္ငံ ဝူဟံၿမိဳ႕မွ စတင္ပ်ံ႕ႏွံ႔ေသာ COVID-19 ဗိုင္းရပ္သည္ ကမ႓ာတစ္လႊား ဆက္လက္ပ်ံ႕ႏွံ႕လ်က္ရွိရာ အာဖရိကတိုက္သို႔ အီဂ်စ္ႏိုင္ငံတြင္ ဆိုက္ေရာက္ခဲ့ပါတယ္။ ကမ႓ာလူဦးေရ၏ ၆၀ ရာခိုင္ႏႈန္း ကူးစက္ႏိုင္ဖြယ္ ရွိသည္ဟုလည္း ခန္႔မွန္းခ်က္ ထြက္ေပၚလာခဲ့ပါတယ္။ ကူးစက္ခံလူနာမ်ားတြင္ ေသဆုံးသူ ဦးေရ ရွိသကဲ့သို႔ ေဆး႐ုံမွ ျပန္ဆင္းလာခဲ့သူမ်ားလည္း ရွိပါတယ္။ ကူးစက္ခံဦးေရသည္ ဆက္လက္တိုးပြားလ်က္ ရွိသည္မွာလည္း ထိတ္လန္႔စရာ ျဖစ္ေနပါတယ္။

 

ဝူစံကို႐ိုနာဗိုင္းရပ္သည္ မည္သည့္အခါမွ ကြယ္ေပ်ာက္သြားမည္မဟုတ္ဟုလည္း ယူဆစရာအေၾကာင္းမ်ား ရွိေနပါတယ္။ ထိုသို႔ုဆိုလွ်င္ ဝူဟံဗိုင္းရပ္စ္ မည္သို႔ အဆုံးသတ္မည္ ဆိုသည္ကို ကၽြမ္းက်င္သူတို႔က ခန္႔မွန္းေျပာၾကားၾကပါတယ္။

 

ဝူဟံဗိုင္းရပ္သည္ ေဒသတြင္း ကူးစက္ျခင္းမွာ ကမ႓ာအႏွံ႔ ကူးစက္ျခင္းအျဖစ္သို႔ စတင္ေရာက္ရွိေနပါတယ္။ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလတြင္ စတင္ျဖစ္ပြားၿပီး ကူးစက္မႈသည္ ဇန္နဝါရီလ ၂၀၂၀ ခုႏွစ္တြင္ အရွိန္ျမင့္တက္လာၿပီး ေဖေဖာ္ဝါရီလတြင္ ကမ႓ာ့ကူးစက္တုပ္ေကြးအျဖစ္သို႔ ေရာက္ရွိသြားပါၿပီး။

 

ျဖစ္ႏိုင္ဖြယ္ရွိသည့္ ဇာတ္သိမ္းတစ္ခုမွာ လူထုက်န္းမာေရး အဖြဲ႕အစည္းမ်ားက ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္သြားမွာ ျဖစ္ပါတယ္။ ၾကက္ငွက္တုပ္ေကြး SARS ျဖစ္ပြားစဥ္ကကဲ့သို႔ ထိန္းခ်ဳပ္ထားႏိုင္သည့္ အေနအထားကို ရရွိမည္။ ေနာက္တစ္နညး္မွာ ကာကြယ္ေဆးလည္း ေဖာ္စပ္ႏိုင္မည္။ ယခုအခါ ၂၀၂၁ ခုႏွစ္တြင္ ကာကြယ္ေဆး ရရွိမည္ဟု သတင္းမ်ား ထြက္ေပၚေနပါတယ္။

 

ေနာက္တစ္နည္းမွာ COVID-19 ဗိုင္းရပ္သည္ လူအမ်ားၾကား အစဥ္အၿမဲ ရွိေနမည့္ ဗိုင္းရပ္စ္ျဖစ္လာၿပီး ရာသီတုပ္ေကြး ျဖစ္ပြားေစမည္။ ေသခ်ာသေလာက္ ရွိေနသည္မွာ ဤဗိုင္းရပ္အသစ္သည္ မည္သည့္အခါမွ အမွန္တကယ္ ကြယ္ေပ်ာက္သြားမည္ မဟုတ္။ ေတာ႐ိုင္းတိရစ႓ာန္ ဥပမာ လင္းႏို႔ တို႔တြင္ ဆက္လက္ ရွင္သန္ေနၿပီး လူထံ ရံဖန္ရံခါ ကူးစက္မယ္။

 

စတင္ခဲ့ရာျဖစ္ၿပီး ခရီးသြားလာမႈမ်ားေၾကာင့္ ပ်ံ႕ႏွံ႕ေနေသာ ဝူဟံဗိုင္းရပ္စ္ကို တ႐ုတ္ႏိုင္ငံမွာ အျပင္းအထန္ ႏွိမ္နင္းတားဆီးေနသည္။ သို႔ေသာ္ ျမင္းေဇာင္းမွ လြတ္ထြက္ၿပီး ေျခဦးတည့္ရာ ထြက္ေျပးေနေသာ ျမင္းမ်ားကို လိုက္ဖမ္းေနရသကဲ့သို႔ ျဖစ္ေနသည္ဟု ကူးစက္ေရာဂါ ကၽြမ္းက်င္ပညာရွင္ Stephen Morse က မွတ္ခ်က္ျပဳသည္။

 

Indigenous Medicine (ပရေဆးဆိုင္ေပါင္း ၁၀၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for indigenous medicine


ကူးစက္သူဦးရ ၃၀၀,၀၀၀ ေက်ာ္ရွိမည္။

==========

ကမ႓ာ့ က်န္းမာေရးအဖြဲ႕ World Health Organization မွ သုေတသီတို႔၏ အဆိုအရ ဝူဟံဗိုင္းရပ္ ကူးစက္ခံရသူတစ္ဦးသည္ ပ်မ္းမွ်အားျဖင့္ ၁ ဒသမ ၄ ဦးမွ ၂ ဒသမ ၅ ဦးအထိ ကူးစက္လ်က္ ရွိသၿပီး ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၃၀ ရက္တြင္ ႏိုင္ငံတကာ လူထုက်န္းမာေရး အေရးေပၚအေျခအေန သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

 

တိရစၲာန္မွ လူသို႔ ကူးစက္ျခင္း မဟုတ္ေတာ့ဘဲ လူအခ်င္းခ်င္း ကူးစက္ပ်ံ႕ႏွံ႕ျခင္းအျဖစ္ အခိုင္အမာ ေရာက္ရွိေနခဲ့ၿပီ ျဖစ္တယ္။ သို႔ျဖစ္ရာ ကမ႓ာ႔ကူးစက္ေရာဂါ အေပ်ာ့စား အျဖစ္သို႔ ေရာက္ရွိေနပါၿပီး။ ယခုႏႈန္းအတိုင္း ဆက္လက္ကူးစက္ပ်ံ႕ႏွံ႕မည္ဆိုပါက ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၄ ရက္တြင္ ကူးစက္သူဦးရ ၃၀၀,၀၀၀ ေက်ာ္ ရွိမည္။ က်န္းမာေရးဌာနမ်ားမွ မွတ္တမ္းျပဳႏိုင္သည့္ အေရအတြက္ မည္မွ် ရွိမည္ကိုမူ ခန္႔မွန္းဖို႔ ခက္ပါတယ္။

 

ကို႐ိုနာဗိုင္းရပ္ ၄ မ်ဳိး

==========

လက္ရွိတြင္ ကို႐ိုနာဗိုင္းရပ္ ၄ မ်ဳိး ရွိေနသည္။ ယင္းတို႔သည္ လူစုအလိုက္ ကူးစက္ျခင္း endemic အဆင့္တြင္သာ ရွိသည္။ ယင္းတို႔၏ အမည္မ်ားမွာ OC43 ၊ 229E ၊ HKU1 ႏွင့္ NL63 တို႔ျဖစ္တယ္။

 

ယင္း ကို႐ိုနာဗိုင္းရပ္ ေလးမ်ဳိးသည္ ကမ႓ာ့လူဦးေရထဲတြင္ အၿမဲတမ္း ရွိေနၾကပါတယ္။ အေအးမိ ႏွာေစးေခ်ာင္းဆိုး ဖ်ားနာ တို႔ျဖစ္ပြားေစေသာ္လည္း အဆုပ္ေရာင္ျခင္းႏွင့္ ေသသည္အထိ ျပင္းထန္ျခင္း ရွားပါတယ္။ လူမွာ ခိုေအာင္းသည့္ ကို႐ိုနာဗိုင္းရပ္စ္တို႔သည္ ေပ်ာ့သည္။

 

ဝူဟံဗိုင္းရပ္စသည္ အစုလိုက္အၿပံဳလိုက္ အုပ္စု၀င္ ဗိုင္းရပ္ ျဖစ္လာႏိုင္ၿပီး အၿမဲ သံသရာလည္ ကူးစက္ေနမွာ ျဖစ္ပါတယ္။ ထိုသို႔ဆိုပါက ကူးစက္ပ်ံ႕ႏွံ႔ျခင္း အေတာမသတ္ ျဖစ္ေနဦးမည္။ ထိုအခါ ျဖစ္ႏိုင္ေျခ ရွိပုံ တစ္မ်ဳိးမွာ ရာသီတုပ္ေကြး အျဖစ္ေရာက္ရွိမယ္။ မိုးႏွင့္ ေဆာင္းတြင္ ျပန္ထမယ္။

 

ေႏြရာသီမွာ ျပန္ေလ်ာ့က်မယ္။ ယခု ဝူဟံဗိုင္းရပ္သည္လည္း ေဆာင္း ကုန္၍ ေႏြဦးေပါက္ေသာအခါ ကူးစက္မႈ ေလ်ာ့က်သြားႏိုင္တယ္။ မရွိသေလာက္ ျဖစ္သြားသည္အထိလည္း ျဖစ္သြားႏိုင္ပါတယ္။ စြတ္စိုျခင္းႏွင့္ ေအးျမျခင္းတို႔က ဗိုင္းရပ္ ေလထဲ ေရာက္ရွိေနစဥ္ ပိုၾကာၾကာ ဆက္ရွင္ေစႏိုင္ပါတယ္။

 

ေအးေသာအခါ ဗိုင္းရပ္တြင္ ဂ်ယ္လီကဲ့သို႔ေသာ အကာအကြယ္ အခြံကို ရရွိေနေစၿပီး ဗိုင္းရပ္သည္ ေလထဲတြင္ ပိုၾကာၾကာ ဆက္ရွင္ေနႏိုင္ပါတယ္။ တစ္ဦးထံမွ ထုတ္လႊတ္လိုက္ၿပီး ကိုယ္ခႏၶာျပင္ပ ေရာက္ရွိေနစဥ္ ပိုၾကာၾကာ ဆက္ရွင္ေနျခင္းေၾကာင့္ အျခားသူမ်ားကို ကူးစက္ဖို႔ အခြင့္အလမ္း ပိုမ်ားေစပါတယ္။


သေႏၶေျပာင္းျခင္းႏွင့္ ပိုၾကမ္းလာျခင္း

============

ကို႐ိုနာဗိုင္းရပ္တို႔ ပြားမ်ားသည့္အခါ ဗီဇ အေျပာင္းအလဲ အၿမဲျဖစ္ၿပီး သေႏၶေျပာင္းႏိုင္ပါတယ္။ ထိုျဖစ္စဥ္ကို ဆန္႔က်င္ဗီဇ ေမ်ာပါျခင္း antigenic drift ဟု ေခၚၾကပါတယ္။ နည္းနည္းခ်င္းစီ အေျပာင္းအလဲ ျဖစ္ပြားၿပီး သေႏၶေျပာင္းရာမွ ဆင္တူ႐ိုးမွား ဗိုင္းရပ္အသစ္တစ္မ်ဳိးအျဖစ္ ထြက္ေပၚလာႏိုင္ပါတယ္။

 

သို႔ျဖစ္ရာ ယခင္ႏွစ္က ၾကံဳရေသာ တုပ္ေကြးဗိုင္းရပ္ကို ျပန္ၾကံဳရသည့္အခါ ယခင္ထက္ ပိုၾကမ္းသည့္ ဗိုင္းရပ္အျဖစ္ ရင္ဆိုင္ရႏိုင္ပါတယ္။ လူ၏ ကိုယ္ခံအားစနစ္သည္ ဗိုင္းရပ္အသစ္ကို တိုက္ခိုက္ရသည့္အျဖစ္ကို ၾကံဳရႏိုင္ပါတယ္။ ထို႔ေၾကာင့္လည္း ဗိုင္းရပ္ ကာကြယ္ေဆးတို႔သည္ ၁၀၀ ရာခိုင္ႏႈန္း အာမခံခ်က္ မေပးႏိုင္ျခင္း ျဖစ္ပါတယ္။ ေဆးေဖာ္စပ္ထုတ္လုပ္ခဲ့စဥ္က ဗိုင္းရပ္၏ မူကြဲဗိုင္းရပ္ကို ရာႏႈန္းျပည့္ ထိေရာက္စြာ လုပ္ေဆာင္ေပးႏိုင္ဖို႔ မေသခ်ာေသးပါဘူး။

 

သေႏၶေျပာင္းျခင္းႏွင့္ ပိုေပ်ာ့လာျခင္း

============

ဗိုင္းရပ္ ပြားမ်ားရာ၌ သေႏၶေျပာင္းရာတြင္ အျခား endemic ကို႐ိုနာ ဗိုင္းရပ္ ၄ မ်ဳိးႏွင့္ ဆင္ဆင္တူသြားျခင္းလည္း ျဖစ္လာႏိုင္သည္။ သို႔ေသာ္ အဆင့္ဆင့္ နည္းနည္းခ်င္းသာ ေျပာင္းလဲသည့္ ျဖစ္စဥ္ျဖင့္သာ ေျပာင္းလဲျခင္း ျဖစ္သျဖင့္ ထိုသို႔ျဖစ္သြားဖို႔ အခ်ိန္အေတာ္ၾကာလိမ့္မည္။

 

Manufacturers & Distributors (တိုင္းရင္းေဆးဝါး ထ/လ လုပ္ငန္းေပါင္း ၃၀၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Manufacturers & Distributors

 

2003 SARS ႏွင္ ့ႏိႈင္းယွဥ္ၾကည့္ျခင္း

===============

ယခု ဝူဟံဗိုင္းရပ္ ပ်ံ႕ႏွံ႕မႈသည္ 2003 SARS ပ်ံ႕ႏွံ႕ခဲ့စဥ္ကႏွင့္ တူသည့္အခ်က္မ်ား ရွိသည္။ ႏွစ္မ်ဳိးစလုံးသည္ လင္းႏို႔မ်ားတြင္ အစျပဳသည့္ ကို႐ိုနာဗိုင္းရပ္မ်ား ျဖစ္ၾကသည္။ လင္းႏို႔မွ တစ္ဆင့္ လူထံသို႔ ကူးစက္ခဲ့ၿပီးသည့္ေနာက္ လူလူခ်င္း ကူးစက္သည့္အျဖစ္သို႔ ေရာက္သည္မွာလည္း အတူတူပင္ ျဖစ္သည္။

 

ဗိုင္းရပ္ ႏွစ္မ်ဳိးတို႔၏ DNA. ကို ၾကည့္လွ်င္ ၈၀ ရာခိုင္ႏႈန္း တူညီသည္။ SARS ကူးစက္ပ်ံ႕ႏွံ႕ျခင္းသည္ ၂၀၀၂ ႏို၀င္ဘာလမွ စတင္ၿပီး ၂၀၀၃ ခုႏွစ္ ဇူလိုင္လအထိ ၾကာျမင့္ခဲ့သည္။ တရား၀င္ ထုတ္ျပန္ခ်က္မ်ားအရ ေသသူ ၇၇၄ ဦး ရွိသည္။ ကူးစက္ခံလူနာ ၈,၀၀၀ ဦးေက်ာ္ ရွိခဲ့သည္။ ၂၀၀၄ ခုႏွစ္တြင္ ကြယ္ေပ်ာက္သြားခဲ့သည္။

 

လူထုက်န္းမာေရး ကၽြမ္းက်င္သူမ်ားႏွင့္ သက္ဆိုင္ရာ အာဏာပိုင္မ်ားက ေနာက္ေယာင္ခံလိုက္ျခင္း၊ ေရာဂါဆန္းစစ္ျခင္း၊ ကူးစက္ခံလူနာ သီးျခား ထားရွိျခင္း အစရွိသည္တို႔ကို အျပင္းအထန္ ၾကပ္ၾကပ္မတ္မတ္ ေဆာင္ရြက္ခဲ့ၾကသျဖင့္ ဗိုင္းရပ္သည္ လူအမ်ားၾကားမွ ထြက္သြားခဲ့ရသည္။

 

အျခားတစ္ဖက္၌ ပ်ံ႕ႏွံ႔မႈကို နည္းမ်ဳိးစုံျဖင့္ တားဆီးခ့ဲၾကသည္။ လူနာကို ေျခခ်ဳပ္ျဖင့္ ထားျခင္း၊ ခရီးသြားလာမႈ ကန္႔သတ္တားျမစ္ျခင္း၊ လူထုကို ပညာေပးျခင္းႏွင့္ အသိေပးျခင္း လႈံ႕ေဆာ္မႈမ်ား ေဆာင္ရြက္ျခင္း၊ ေလဆိပ္မ်ားတြင္ စစ္ေဆးျခင္းတို႔ကို ၾကပ္ၾကပ္မတ္မတ္ ေဆာင္ရြက္ခဲ့ၾကသည္။

 

ယခုလည္း အလားတူ ေဆာင္ရြက္ခ်က္မ်ားကို သတိႀကီးစြာထား၍ ေဆာင္ရြက္လ်က္ ရွိၾကသည္။ သို႔ျဖစ္ရာ အတိုင္းအတာ တစ္ခုအထိ ထိန္းခ်ဳပ္ထားႏိုင္ၿပီးလွ်င္ ကူးစက္ပ်ံ႕ႏွံ႕မႈကို ထိန္းထားႏိုင္မည္ ျဖစ္သည္။ ေနာက္တစ္ဆင့္တြင္ ပေပ်ာက္ေအာင္ ဆက္လက္ေဆာင္ရြက္ႏိုင္မည္ ျဖစ္သည္။ Zika ႏွင့္ H1N1 တို႔ကဲ့သို႔ ဗိုင္းရပ္ ဆက္လက္တည္တံ့ေနေသာ္ျငားလည္း ျဖစ္ပြားခဲ့လွ်င္ ခ်က္ခ်င္း တားဆီးႏိုင္မည္ ျဖစ္သည္။


SARS ႏွင့္ ဝူဟံဗိုင္းရပ္တို႔အၾကား အေရးပါသည့္ ကြာျခားခ်က္မွာ SARS သည္ ေရာဂါလကၡဏာမ်ား ျပသသည့္အခါက်မွ ကူးစက္ျခင္းျဖစ္ၿပီး ဝူဟံဗိုင္းရပ္သည္ လကၡဏာ မျပခင္ကတည္းက ကူးစက္ျခင္း ျဖစ္သည္။ သို႔ျဖစ္ရာ အခ်ိန္မီ တားဆီးႏိုင္ရန္ အခက္အခဲ ႀကီးမားမည္ျဖစ္သည္။ ထို႔အတြက္ ကာကြယ္ေဆးသည္ အလြန္အေရးပါသည္။

 

ကာကြယ္ေဆး

====

ဝူဟံဗိုင္းရပ္ လူအမ်ားအၾကား ဒုကၡမေပးႏိုင္ေအာင္ ထိန္းခ်ဳပ္ထားဖို႔အတြက္ ကာကြယ္ေဆးသည္ မရွိမျဖစ္ လိုအပ္သည္။ ကာကြယ္ေဆး ထုတ္လုပ္သည့္ ဦးေဆာင္ကုမၸဏီႀကီး ငါးခုျဖစ္ေသာ Johnson & Johnson, Regeneron Pharmaceuticals, GlaxoSmithKline, Moderna,ႏွင့္ Gilead Sciences တို႔သည္ ကာကြယ္ေဆးအတြက္ အျပင္းအထန္ လုပ္ေဆာင္လ်က္ရွိရာ၌ အဓိကအားျဖင့္ နည္းလမ္း ႏွစ္သြယ္ ရွိသည္။

 

တစ္နည္းမွာ ဝူဟံဗိုင္းရပ္၏ ဗီဇကုဒ္ genetic code အရ ကာကြယ္ေဆး vaccine ထုတ္ေဖာ္ျခင္း ျဖစ္သည္။ ေနာက္တစ္နည္းမွာ ရွိၿပီးသားေဆးဝါးမ်ားျဖင့္ ဗိုင္းရပ္အသစ္ကို ထိေရာက္စြာ ကုသႏိုင္ျခင္း ရွိမရွိ သုေတသန ျပဳျခင္း ျဖစ္သည္။

 

တ႐ုတ္ႏိုင္ငံတြင္ ကူးစက္ခံတို႔ကို အေနာက္တိုင္းေဆးဝါးမ်ားျဖင့္ ကုသသည့္အျပင္ တ႐ုတ္႐ိုးရာေဆးဝါး မ်ားျဖင့္လည္း စမ္းသပ္ကုသေပးလ်က္ရွိသည္။ အလားတူပင္ ထိုင္းႏိုင္င္ငံတြင္လည္း ႐ိုးရာေဆးဝါးမ်ားႏွင့္ ကိုယ္ခံအားနည္းေရာဂါ ကုသသည့္ေဆးဝါးမ်ား၊ အျခားဗိုင္းရပ္ေရာဂါ ကုသသည့္ေဆးမ်ားႏွင့္အတူ ကုသခဲ့ရာ ေအာင္ျမင္မႈမ်ား ရရွိခဲ့သည္။

 

ျဖန္႔ျဖဴးေရာင္းခ်ဖို႔ ၾကာျမင့္ျခင္း

=====

ကာကြယ္ေဆး ရၿပီဟု သတင္းေသခ်ာ႐ုံျဖင့္ လူနာမ်ားထံ ေဆးမ်ား ေရာက္လာမည္ မဟုတ္ေခ်။ ေဈးကြက္တင္ခြင့္ရဖို႔ လုပ္ေဆာင္ရသည့္အဆင့္ဆင့္မွာ အခ်ိန္ယူရသည္။ အီဘိုလာ ကာကြယ္ေဆးကို လူထုထံ ေရာင္းခ်ဖို႔ ခြင့္ျပဳခ်က္ ရေအာင္ လုပ္ေဆာင္ခဲ့ၾကရသည္မွာ ႏွစ္ေပါင္း ၂၀ တိုင္တိုင္ ၾကာျမင့္ခဲ့သည္။ ႏိုင္ငံတစ္ခုသို႔ ေဆးဝါးတင္ပို႔ျခင္း၊ ျပည္ပမွ တင္သြင္းျခင္းတို႔တြင္ ျဖတ္သန္းရသည့္ လုပ္ထုံးလုပ္နည္း အဆင့္ဆင့္သည္လည္း အခ်ိန္ယူၿပီး လုပ္ေဆာင္ၾကရသည္။ သို႔ျဖစ္ရာ ျမန္ျမန္ဆန္ဆန္ျဖင့္ ကာကြယ္ေဆးမ်ား ေရာက္ရွိလာမည္ မဟုတ္သည့္အျပင္ ေရာင္းခ်သည့္ ေဈးႏႈန္းမွာလည္း လူအမ်ား လက္လွမ္းမီဖို႔ လိုအပ္ေပသည္။

 

အသက္ကို ဉာဏ္ေစာင့္

===========

သို႔ျဖစ္ရာ ကူးစက္ေရာက္ရွိမလာခင္ကတည္းက ကိုယ္ခံအားေကာင္းၿပီး ဒဏ္ခံႏိုင္ေအာင္ က်န္းမာေရးႏွင့္ အစာအာဟာရတို႔ကို ဂ႐ုျပဳဖို႔ လိုအပ္မည္ျဖစ္သည္။ ကူးစက္ ေရာက္ရွိလာသည့္အခါ မၾကာမၾကာ လက္ေဆးျခင္း၊ မလိုအပ္ဘဲ အျပင္ထြက္ျခင္းကို ေရွာင္ျခင္း၊ ႏွာေခါင္းစည္းျခင္း အစရွိသည့္ ကာကြယ္ေရးမ်ား လုပ္ေဆာင္သင့္ေပသည္။

Ref: Business Insider

Written By Health Products Directory

Read times
Rate this item
(0 votes)