What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 28 July 2020 17:58

COVID-19 ပုံစံ ၆ မျိုး ခွဲခြားသတ်မှတ်နိုင်

COVID-19 ၏ ရောဂါလက္ခဏာများကို အခြေခံသော လေ့လာမှု အသစ်က COVID-19 ပုံစံ ၆ မျိုးကို ကွဲကွဲပြားပြား သတ်မှတ်ပေးနိုင်ကြောင်း တင်ပြခဲ့သည်။ 

 

King's College London မှ သုတေသနပညာရှင်များက ယူကေနှင့် အမေရိကန်တို့မှ ကိုဗစ်လူနာ ၁၆၀၀ ခန့်ကို COVID Symptom Tracker App တွင် ၎င်းတို့မှာ ဖြစ်ပေါ်သည့် ရောဂါလက္ခဏာများကို အချိန်မှန်မှန် ရေးသွင်းစေခဲ့ခြင်းကို ၂၀၂၀ ခုနှစ် မတ်လနှင့် ဧပြီလတို့တွင် ဆောင်ရွက်ခဲ့သည်။  ထိုသို့ ရရှိလာသော အချက်အလက်များအရ ကိုဗစ်ကို ပုံစံ ၆ မျိုး ကွဲကွဲပြားပြား ခွဲခြားနိုင်ခဲ့သည်။

 

ပုံမှန်အားဖြင့် ဆရာဝန်များသည် အခရာကျသည့် လက္ခဏာများဖြစ်သော ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ အနံ့မရတော့ခြင်း စသည်တို့ကို ကြည့်ပြီး အဆုံးအဖြတ်ပြုကြသည်။ ယခု တွေ့ရှိသည့် ပုံစံ ၆ မျိုးတို့တွင် ကိုယ်ပိုင် လက္ခဏာစုများ အသီးသီး ရှိကြပြီး ကွဲပြားခြားနားကြသည်။

 

၁။ တုပ်ကွေးနှင့် ဆင်တူပြီး အဖျားမရှိ

ခေါင်းကိုက်၊ အနံ့မရ၊ ကြွက်သားကိုက်ခဲနာကျင်၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ ရင်ဘတ်အောင့်၊ အဖျားမရှိ

 

၂။ တုပ်ကွေးနှင့် ဆင်တူပြီး အဖျားရှိ

ခေါင်းကိုက်၊ အနံ့မရ၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ ရင်ဘတ်အောင့်၊ အဖျားရှိ၊ အစာစားချင်စိတ် မရှိ၊ စကားသံပြောင်း

 

၃။ အစာအိမ်နှင့် အူလမ်းကြောင်း 

ခေါင်းကိုက်၊ အနံ့မရ၊ လည်ချောင်းနာ၊ အစာစားချင်စိတ် မရှိ၊ ဝမ်းပျက်ဝမ်းလျှော၊ ရင်ဘတ်အောင့်၊ ချောင်းဆိုးခြင်း မရှိ

 

၄။ ပြင်းထန်အဆင့် (၁) မောပန်းနွမ်းလျ

ခေါင်းကိုက်၊ အနံ့မရ၊ ချောင်းဆိုး၊ အဖျားရှိ၊ ရင်ဘတ်အောင့်၊ စကားသံပြောင်း၊ နွမ်းလျ

 

၅။ ပြင်းထန်အဆင့် (၂) စိတ်ရှုပ်ထွေး

ခေါင်းကိုက်၊ အနံ့မရ၊ အစာစားချင်စိတ် မရှိ၊ ချောင်းဆိုး၊ အဖျားရှိ၊ စကားသံပြောင်း၊ လည်ချောင်းနာ၊ ရင်ဘတ်အောင့်၊ နွမ်းလျ၊ စိတ်ရှုပ်ထွေး၊ ကြွက်သားကိုက်ခဲနာကျင်

 

၆။ ပြင်းထန်အဆင့် (၃) ဝမ်းဗိုက်နှင့် အသက်ရှူလမ်းကြောင်း

ခေါင်းကိုက်၊ အနံ့မရ၊ အစာစားချင်စိတ် မရှိ၊ ချောင်းဆိုး၊ အဖျားရှိ၊ စကားသံပြောင်း၊ လည်ချောင်းနာ၊ ရင်ဘတ်အောင့်၊ နွမ်းလျ၊ စိတ်ရှုပ်ထွေး၊ ကြွက်သားကိုက်ခဲနာကျင်၊ အသက်ရှူမဝ၊ ဝမ်းပျက်ဝမ်းလျှော၊ ဗိုက်အောင့်ဗိုက်နာ တုပ်ကွေးနှင့်ဆင်တူ အဖျားမရှိသော နံပါတ် ၁ အမျိုးအစားသည် များသောအားဖြင့် အသက်ရှူရန် အကူစက်ကိရိယာ မလိုအပ်ချေ။ အောက်ဆီဂျင် ပေးရခြင်းလည်း မလိုအပ်ချေ။

 

နံပတ်(၂) အမျိုးအစားတွင် လူနာလူနည်းစုသာ အသက်ရှူရန် အကူစက်ကိရိယာ လိုအပ်ကြောင်း သုတေသီတို့က ပြောသည်။

နံပါတ်(၃) အမျိုးအစား လူနာတို့တွင်လည်း လူနည်းစုသည်သာ အသက်ရှူရန် အကူစက်ကိရိယာ လိုအပ်ကြသည်။

 

ကျန်သည့် ၃ မျိုးတို့သည် တကယ်ပြင်းထန်သော အမျိုးအစားများ ဖြစ်သည်၊ နံပါတ်(၄) အမျိုးအစား လူနာတို့တွင် လူနာ ၁၀၀ လျှင် ၉ ဦးခန့်သည် အသက်ရှူရန် အကူစက်ကိရိယာ လိုအပ်ကြသည်။

 

နံပါတ်(၅) အမျိုးအစား လူနာတို့၏ စိတ်ရှုပ်ထွေးနေပုံကို သုတေသီ Lahita က ရှင်းပြသည်။ “ဆိုလိုတာက လူနာက သူဘယ်မှာ ရောက်နေသလဲ မသိဘူး။ ဘယ်မှာ နေထိုင်သလဲဆိုတာ မသိဘူး။ ဆေးရုံမှာလား၊ ဆေးရုံးက ဆင်းပြီးပြီလား မသိဘူး။ ဆွေမျိုးတွေကိုလည်း မမှတ်မိဘူး” ထိုလူနာတို့တွင် ၁၀% နီးပါးတို့သည် အသက်ရှူရန် အကူစက်ကိရိယာ လိုအပ်ကြသည်။

 

COVID-19 တွင် အပြင်းထန်ဆုံးမှာ နံပါတ် (၆) အမျိုးအစား ဖြစ်သည်။ အခြားအမျိုးအစားများတွင် ဖြစ်ပေါ်သည့် လက္ခဏာများအပြင် ဗိုက်အောင့်သည်။ အသက်ရှူမဝ ဖြစ်သည်။ ဝမ်းလျှောသည်။ ထိုလူနာတို့တွင် ၂၀% နီးပါးတို့သည် အသက်ရှူရန် အကူစက်ကိရိယာ လိုအပ်ကြသည်။ “ပြင်းထန် အဆင့်(၃)မှာ အသက်ရှူရန် အကူစက်ကိရိယာ သုံးရတဲ့အဖြစ်ကို ရောက်တဲ့လူနာတွေအဖို့ သေမယ် ရှင်မယ် ပြောမရဘူး” ဟု Lahita က ပြောသည်။

 

ဆေးရုံတက်ရန် လိုမလိုနှင့် ပတ်သက်၍ တွေ့ရှိချက်မှာ နံပါတ်(၁) အမျိုးအစား လူနာတို့တွင် ၁၆ % သည် ဆေးရုံတက်ပြီး ကုသမှု ခံယူရန် လိုအပ်ပြီး နံပါတ်(၆) လူနာများတွင် ထက်ဝက်တို့သည် ဆေးရုံ မဖြစ်မနေ တက်ဖို့ လိုအပ်ကြသည်။ ကျန်းမာရေး ရာဇဝင်အရ ကြည့်လျှင် ြပင်းထန်အဆင့် သုံးခုတွင် အကျုံးဝင်ကြသည့် လူနာများသည် သက်ကြီးရွယ်အိုများ ဖြစ်နေခြင်း၊ အခြားရောဂါအခံ ရှိထားခြင်းတို့ကြောင့် ကိုယ်ခံအား လျော့နည်းနေကြသူများ ဖြစ်ကြောင်း တွေ့ရသည်။

 

ဤတွေ့ရှိချက်သည် ဆက်လက်လေ့လာစူးစမ်းပြီးသောအခါ လူနာအား မည့်သည့်ပုံစံ အမျိုးအစားအရ ကုသပေးရမည်ကို ခွဲခြားသိရှိနိုင်စေမည် ဖြစ်သည်။

Read times Last modified on Tuesday, 28 July 2020 18:08
Rate this item
(1 Vote)