What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 02 May 2020 01:40

ကိုရိုနာရောဂါဖြစ်ပွားပြီးပါက ပြန်လည်ဖြစ်ပွားနိုင်ချေနည်းသည်ဟု ကိုရီးယားအတည်ပြု

တောင်ကိုရီးယားမှာ လူပေါင်း၂၉၂ ယောက် ကိုရိုနာရောဂါဖြစ်ပြီးဆေးရုံက ဆင်းပြီးကာမှ ပြန်လည်စစ်ဆေးတဲ့ အခါမှာ ပိုးရှိကြောင်း Positive ပြန်ပြတာ သိကြမှာပါ။ တကယ်တန်းဟာ ထိုလူတွေက ကိုရိုနာ ရောဂါ အမှန်တကယ်ပျောက်ကင်းတဲ့ လူတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်သို့ပေမည့် ထိုသို့ ပြရခြင်းမှ ထို ကိုရိုနာရောဂါ ဖြစ်ပွားပြီးတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ လအတော်အတန်ကြာထိ ဗိုင်းရပ်စ်ရဲ့ အန္တရာယ်နည်းပါးတဲ့ အပိုင်းက ကျန်ခဲ့ပါတယ်။

 

အဆိုပါ ကျန်ခဲ့တဲ့ အရာကြောင့် တစ်ခါတစ်လေ Positive ပေါ်ပြီး တစ်ခါတစ်လေ Negative ပြတာပါ ဒါ့ကြောင့်ထိုသို့ တစ်စွန်းတစ်စ ကိုပြခြင်းကြောင့် ရောဂါမပျောက်သေးဘူးဆိုကာ ဆေးစစ်ချက်အဖြေ ပြန်ပေါ်လာတာပါ။

 

ဖြစ်စဉ်ကို အသေးစိတ်ပြောပြရလျှင် ပြီးခဲ့တဲ့လတွေတုန်းက အာရှရဲ့ နိုင်ငံအချို့မှာ ရောဂါပိုးမရှိလို့ ပထမ ဆေးစစ်ချက်မှာ Negative ပေါ်လို့ သက်သာတဲ့ လူတွေဟာ နောက်တစ်ခါ ဆေးစစ်တဲ့ အခါမှာ Positive ပြန်ဖြစ်လို့ ဆေးပညာ အသိုင်းအဝိုင်းက အတော်လေး အဖြေ ရှာမရ ဖြစ်ခဲ့ရပါတယ်။

 

လူဆိုတာတော့ အကြောက်တရားက ကြီးဆိုးတဲ့ အမျိုးလေ ဒီတော့ သက်သာတဲ့လူတွေကတောင် ပြန်လည် ရောဂါဖြစ်သယောင်ထင်ခဲ့ကြပါတယ်တကယ်တန်းမှာ ဗိုင်းရပ်စ်ရဲ့ အစိတ်အပိုင်းက ကျန်ခဲ့တာမျိုးပါ။ပြောရရင်တော့ ကိုဗစ်ကိုသေလုစဲစဲမှ တိုက်ခိုက်ထွက်လာတဲ့ လူတွေက ကိုရိုနာ ပြန်ဖြစ်ဖို့ ကာလ တစ်ခုအတောအတွင်းထက်မဖြစ်နိုင်ပါဘူးတဲ့။ကိုရီးယားရဲ့တရားဝင်ကျန်းမာရေးဌာန ပြောကြားချက် အရ တကယ်တန်းက စစ်ဆေးတဲ့ အဖြေမှားယွင်းတာပါတဲ့။

 


အမှန်တော့ ထို အဆိုပါ ကိုဗစ်ပိုးရဲ့ အစိတ်အပိုင်း အသေးလေးက ကျန်နေမယ် ထိုဟာလေးက နေပြီး Positive ပြန်ပေါ်စေတာပါ။ထိုလူနာက ဖျားလည်း မဖျားနေဘူး ၊ ရောဂါလက္ခဏာလည်း မခံစားနေရဘူးဆိုရင်သေချာပါတယ် မှားယွင်းတာပါ ဆိုကာ ကိုရီးယား ကျန်းမာရေးဌာန အကြီးအကဲက ပြောကြားသွားပါတယ်။

 

ကိုရီးယားရဲ့ ရောဂါ ရှာဖွေရေးနဲ့ တိုက်ဖျက်ရေးဌာန မှ ဒေါက်တာ အို့မြောင်ဒွန် ပြောကြားချက်အရ '' စမ်းသပ်တဲ့ TestKit တွေမှာ ပြသနာရှိနေတာပါ ဗိုင်းရစ်က သေနေလည်း ပိုးဆိုတာနဲ့ Positive ပြနေတာမို့ပါတဲ့ ဒါ့ထက်ကိုရိုနာ ဗိုင်းရပ်စ်ဟာ လူတွေရဲ့ ခန္ဓာကိုယ်မှ  ဆဲလ်တွေ အတွင်းပိုင်းမှာ အောင်းတွယ်နိုင်တဲ့ အနေအထားမရှိပါဘူး '' လို့ပြောကြားခဲ့ပါတယ်။

 

ကိုရီးယားရဲ့ ကျန်းမာရေးဌာနပြောကြားချက်အရ သူတို့မှာ ပြည်တွင်းရောဂါပိုးရှိသူတွေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စပြီးမရှိတော့ပါဘူးဆိုကာ သိရပါတယ်။တောင်ကိုရီးယားဟာ ကိုရိုနာ ရောဂါကြောင့် သေဆုံးသူ ၂၄၈ ဦးရှိပြီး ဒါက ဥရောပ နိုင်ငံတွေသေနှုန်းနဲ့ ဆို အတော်လေး အသက်ရှုချောင်တယ်သိရပါတယ်။

 

<<< Zawgyi >>>

 


---------------------

 


 


 


 


 


 



 

Ref ; Daily Mail 

Read times Last modified on Saturday, 02 May 2020 01:57
Rate this item
(0 votes)