What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 17 December 2021 12:14

တောင်ကိုရီးယား ကိုဗစ်ကူးစက်မှု ဆိုးဝါးနေ

တောင်ကိုရီးယား ကိုဗစ်ကူးစက်မှု ဆိုးဝါးနေ

တောင်ကိုရီးယားတွင် ပြီးခဲ့သည့် သီတင်းပတ်တွင် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ရောဂါဖြစ်ပွားမှု ၆,၃၂၀ အစီရင်ခံခဲ့ပြီး နိုဝင်ဘာ ၁ ရက်မတိုင်မီ ရက်သတ္တပတ်က ပုံမှန်ဖြစ်ပွားမှုထက် သုံးဆပိုများသည်။ ၇ ရက်ကြာ ပျှမ်းမျှသေဆုံးမှုအသစ်အရေအတွက်သည် ၅ ဆနီးပါး ခုန်တက်သွားသည်။

နိုဝင်ဘာလ ၁၁ ရက်တွင် သေဆုံးသူ ၈၀ ဦး ရှိခဲ့ရာ တစ်ရက်အတွင်းသေဆုံးသူဦးရေ အများဆုံး စံချိန်သစ် ဖြစ်ခဲ့သည်။

နိုင်ငံတစ်ဝှမ်းရှိ ဆေးရုံများတွင် လူနာကုတင်နေရာ ပြတ်လပ်မှုမှာ စိုးရိမ်ရသည့်အဆင့်သို့ ရောက်ရှိနေပြီး အထူးကြပ်မတ်ကုသရေးကုတင် ၈၀ ရာခိုင်နှုန်းကျော်သည် လူနာများဖြင့် ပြည့်နေပါသည်။


ဆေးရုံများသည် ၎င်းတို့၏ အထူးကြပ်မတ်ကုသဆောင်ကုတင်များကို Covid-19 လူနာအတွက် ကုတင်များအဖြစ်သို့ ပြောင်းလဲသုံးစွဲခိုင်းခြင်းကြောင့် Covid-19 မဟုတ်သော လူနာများအား ကုသမှု ခံယူရန် အခက်ကြုံနေရသည်ဟု Samsung Medical Center မှ အရေးပေါ် ကုသရေး အထူးကု ဆရာဝန် ဒေါက်တာ Suh Gee-young မှ ပြောကြားခဲ့ပါသည်။

"ဆေးရုံ တက်သင့်တဲ့လူနာတွေက အိမ်မှာပဲ နေကြရတယ်။ အထူးကြပ်မတ်ကုသဆောင် ICU မှာနေသင့်တဲ့သူတွေကတော့ ICU မဟုတ်တဲ့အဆောင်တွေမှာရှိပါတယ်" ဟု Association of Physicians for Humanism နှင့် အခြားဆေးဘက်ဆိုင်ရာနှင့် လူမှုဖူလုံရေးအဖွဲ့ လေးဖွဲ့က ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read times
Rate this item
(0 votes)