What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 27 August 2020 16:44

ကိုဗစ်အတည်ပြုလူနာ (၄၇၇) နေထိုင်ခဲ့တဲ့ ရန်ကင်းမြို့နယ် ရွှေအုန်းပင်အိမ်ရာ(၂)ကို အသွားအလာကန့်သတ်

ကိုဗစ်အတည်ပြုလူနာ (၄၇၇) နေထိုင်ခဲ့တဲ့ ရန်ကင်းမြို့နယ် ရွှေအုန်းပင်အိမ်ရာ(၂)ကို အသွားအလာကန့်သတ် BBC Burmese

ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာအမှတ်(၄၇၇) နေထိုင်ခဲ့တဲ့ ရန်ကင်းမြို့နယ် ရွှေအုန်းပင်အိမ်ရာ(၂)ထဲက တိုက်အမှတ်၂၁ကို ဒီကနေ့ သြဂုတ်လ ၂၇ရက်ကနေ စက်တင်ဘာလ ၂၃ရက်အထိ အထိ အသွားအလာကန့်သတ်ထားရှိထားပါတယ်။ တိုက်အမှတ်(၂၁)မှာ နေထိုင်သူဦးရေ ၄၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။

 

လူနာနံပါတ် ၄၇၇ ဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့ကနေ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ကို သြဂုတ်၂ ရက်မှာ ရောက်ရှိလာတာဖြစ်ပြီး

 

ဖျားနာ ချောင်းဆိုးတဲ့အတွက် သြဂုတ် ၂၂ မှာ ရန်ကုန်ဆေးရုံကြီးကို တက်ရောက်ခဲ့တယ်လို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

 

ရန်ကုန်ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး ဓာတ်ခွဲနမူနာရယူ စစ်ဆေးရာကနေ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

ဘီဘီစီမြန်မာပိုင်း

Read times
Rate this item
(0 votes)