What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 14 April 2020 23:35

Mask မတပ်ဆင်ပါက YBS ဘတ်စ်ကားစီးခွင့် ရှိမည်မဟုတ်

ယခုအခါတွင် Covid 19 ကာကွယ်ရေးအတွက် (Home Stay) နေထိုင်ရသော ကာလဖြစ်ပါသည်။

သို့ပါသော်လည်း အများပြည်သူ အတွက် မဖြစ်မနေတာဝန် ထမ်းဆောင်နေရသော ခရီးသွားပြည်သူများ ခရီးသွားလာ နေပါသောကြောင့် YBS ယာဉ်လိုင်းများ ပြေးဆွဲပေးလျက်ရှိသည်။


ထိုသို့ပြေးဆွဲနိူင်စေရေး အတွက်လည်း YRTA မှထောက်ပံ့ပေးလျက်ရှိသည်။ (COVID 19) ကာကွယ်/ထိန်းချုပ်/ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ၏ ညွန်ကြားချက်အရ YBS ယာဉ်လိုင်းများ အနေနှင့် အောက်ပါတို့ကို လိုက်နာဆောင်ရွက် ပြေးဆွဲမည်ဖြစ်သည်။

(၁) အကွာအဝေး ကန့်သတ်ထားသော ထိုင်ခုံတစ်လုံးလျှင် ခရီးသည် တစ်ဦးသာ တင်ဆောင်ပြေးဆွဲပါမည် ( ယာဉ်တစ်စီးလျင် 24 ဦးခန့်သာ တင်ဆောင်မည် )

(၂) စီးနင်းသော ခရီးသည်တိုင်း Mask တပ်ဆင်ရမည်ဖြစ် ပြီး Mask မတပ်ဆင်ပါက ကားစီးခွင့် ရှိမည်မဟုတ်ပါ။

(၃) ကားပေါ်တက်စဉ် တစ်ကြိမ် / ကားပေါ်မှ ဆင်းစဉ် တစ် ကြိမ် Hand Gel နှင့် လက်ကို ဆေးကြောရပါမည်။

 

သို့ဖြစ်ပါသောကြောင့် ခရီးသွားပြည်သူများ အနေနှင့် ယာဉ်လိုင်းများကို စီးနင်းရာတွင် သတ်မှတ်ထားသော အကွာအဝေးရှိ ထိုင်ခုံတစ်လုံးတွင် တစ်ဦးသာ စီးရမည်ဖြစ်ပြီး Mask များကို တပ်ဆင်လာရမည်ဖြစ်သည်။အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် Mask များ မပါရှိပါက ယာဉ်ပေါ်တွင် ဝယ်ယူ တပ်ဆင်နိုင်ရန် ဖြစ်နိုင်သရွေ့ စီစဉ်ပေးထားမည်ဟု သိရသည်။

 

ကားပေါ်တွင် အသင့်ထားရှိသော Hand Gel အား ကားပေါ်တက်စဉ်တစ်ကြိမ် ကားပေါ်မှ ဆင်းကာနီးတွင် တစ်ကြိမ် မိမိတို့၏ လက်အား ဆေးကြောပေးရမည် ဖြစ်သည်။ မော်တော်ယာဉ်များကိုလည်း ပိုးသတ်ဆေးများ နှင့် ကာကွယ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီးယာဉ်မောင်းသူများမှလည်း Mask များကို တပ်ဆင် မောင်းနှင်ပြီး ပူးပေါင်းကူညီမည်ဖြစ်သည်။

 

(Zawgyi)

======

Mask မတပ္ဆင္ပါက YBS ဘတ္စ္ကားစီးခြင့္ ရွိမည္မဟုတ္

 

ယခုအခါတြင္ Covid 19 ကာကြယ္ေရးအတြက္ (Home Stay) ေနထိုင္ရေသာ ကာလျဖစ္ပါသည္။သို႔ပါေသာ္လည္း အမ်ားျပည္သူ အတြက္ မျဖစ္မေနတာဝန္ ထမ္းေဆာင္ေနရေသာ ခရီးသြားျပည္သူမ်ား ခရီးသြားလာ ေနပါေသာေၾကာင့္ YBS ယာဥ္လိုင္းမ်ား ေျပးဆြဲေပးလ်က္ရွိသည္။

 

ထိုသို႔ေျပးဆြဲႏိူင္ေစေရး အတြက္လည္း YRTA မွေထာက္ပံ့ေပးလ်က္ရွိသည္။ (COVID 19) ကာကြယ္/ထိန္းခ်ဳပ္/ကုသေရးအမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ ၏ ၫြန္ၾကားခ်က္အရ YBS ယာဥ္လိုင္းမ်ား အေနႏွင့္ ေအာက္ပါတို႔ကို လိုက္နာေဆာင္႐ြက္ ေျပးဆြဲမည္ျဖစ္သည္။

 

(၁) အကြာအေဝး ကန႔္သတ္ထားေသာ ထိုင္ခုံတစ္လုံးလွ်င္ ခရီးသည္ တစ္ဦးသာ တင္ေဆာင္ေျပးဆြဲပါမည္ ( ယာဥ္တစ္စီးလ်င္ 24 ဦးခန႔္သာ တင္ေဆာင္မည္ )

(၂) စီးနင္းေသာ ခရီးသည္တိုင္း Mask တပ္ဆင္ရမည္ျဖစ္ ၿပီး Mask မတပ္ဆင္ပါက ကားစီးခြင့္ ရွိမည္မဟုတ္ပါ။

(၃) ကားေပၚတက္စဥ္ တစ္ႀကိမ္ / ကားေပၚမွ ဆင္းစဥ္ တစ္ ႀကိမ္ Hand Gel ႏွင့္ လက္ကို ေဆးေၾကာရပါမည္။

 

သို႔ျဖစ္ပါေသာေၾကာင့္ ခရီးသြားျပည္သူမ်ား အေနႏွင့္ ယာဥ္လိုင္းမ်ားကို စီးနင္းရာတြင္ သတ္မွတ္ထားေသာ အကြာအေဝးရွိ ထိုင္ခုံတစ္လုံးတြင္ တစ္ဦးသာ စီးရမည္ျဖစ္ၿပီး Mask မ်ားကို တပ္ဆင္လာရမည္ျဖစ္သည္။အကယ္၍ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ Mask မ်ား မပါရွိပါက ယာဥ္ေပၚတြင္ ဝယ္ယူ တပ္ဆင္ႏိုင္ရန္ ျဖစ္ႏိုင္သေ႐ြ႕ စီစဥ္ေပးထားမည္ဟု သိရသည္။

 

ကားေပၚတြင္ အသင့္ထားရွိေသာ Hand Gel အား ကားေပၚတက္စဥ္တစ္ႀကိမ္ ကားေပၚမွ ဆင္းကာနီးတြင္ တစ္ႀကိမ္ မိမိတို႔၏ လက္အား ေဆးေၾကာေပးရမည္ ျဖစ္သည္။ ေမာ္ေတာ္ယာဥ္မ်ားကိုလည္း ပိုးသတ္ေဆးမ်ား ႏွင့္ ကာကြယ္ျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိၿပီးယာဥ္ေမာင္းသူမ်ားမွလည္း Mask မ်ားကို တပ္ဆင္ ေမာင္းႏွင္ၿပီး ပူးေပါင္းကူညီမည္ျဖစ္သည္။

Read times
Rate this item
(0 votes)