What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 21 August 2020 12:50

လက်ရှိ လူပြောများလာတဲ့ D614G Mutation ဆိုတာ ဘယ်လို ဗိုင်းရပ်စ်မျိုးလဲ

လက်ရှိ လူပြောများလာတဲ့ D614G Mutation ဆိုတာ ဘယ်လို ဗိုင်းရပ်စ်မျိုးလဲ Science Direct

ကိုဗစ်ရောဂါပိုးကူးစက်နေမှုကြားထဲက ကမ္ဘာ့အနှံ့မှာ လူသိထင်ရှားတဲ့ ဗိုင်းရပ်တစ်မျိုးကတော့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရဲ့ မျိုးပွဲ D614G Mutationဘဲ ဖြစ်ပါတယ်။

 

ဒီဗိုင်းရပ်စ်ပိုး ဟာဆိုရင်ကိုရိုနာဗိုင်းရပ်စ်မှတဆင့် ဗီဇပြောင်းလဲခြင်းကနေဖြစ်ပေါ်လာတဲ့ ဗိုင်းရပ်စ် တစ်မျိုးလည်းဖြစ်ပါတယ်။ D614G Mutation ဟာဆိုရင် ကိုရိုနာဗိုင်းရပ်စ်(တတိယမျိုးစပ်) ရဲ့ ဒုတိယမျိုးစက်ဖြစ်တဲ့ SARS-CoV-2 ဗိုင်းရပ်စ်ရှိ ဗီဇပြောင်းလဲမှုနှင့် နာမည်ဆိုးဖြင့် ကျော်ကြားတဲ့ ဗိုင်းရပ်စ် D614G ဖြစ်ပါတယ်။

 

D614G Mutation ဆိုတာက လူခန္ဓာကိုယ်ရှိ 614 မှာ D (aspartic acid) နှင့် G (glycine) စတဲ့ ဆဲလ်တွေကို အမိုက်နိုးအက်စစ်အဖြင့် ပြောင်းလဲသွားစေပါတယ်။ အမိုက်နိုးအက်စစ်ပြောင်းလဲမှုများလာနဲ့အမျှ ထိုဗိုင်းရပ်စ်က စွမ်းအားမြင့်တတ်လာပြီး ကိုရိုနာဗိုင်းရပ်စ်ထက် ကူးစက်မှုနှုန်း ဆယ်ဆလောက်မြင့်တတ်လာပါတယ်။ အရမ်းကို ကြောက်စရာကောင်းတဲ့ ဗိုင်းရပ်စ်တစ်မျိုးလည်းဖြစ်ပါတယ်။

What the D614G Mutation Means for Covid-19 Spread, Fatality ...


ဇူလိုင်လလေ့လာမှုတစ်ခုတွင် ကွန်ပျူတာဇီဝဗေဒပညာရှင်နှင့် လူသားများဆိုင်ရာမျိုးရိုးဗီဇပညာရှင် ဒေါက်တာ Bette Korber နှင့် Los Alamos တို့က ယူကေရှိ လူနာပေါင်း ၉၉၉ ဦးထံမှာ SARS-CoV-2 စမ်းသက်လေ့လာမှုများ ပြုလုပ်ခဲ့ပါတယ်။ ထိုစမ်းသပ်လေ့လာမှုတွင် D614 မူကွဲဗိုင်းရပ်ဖြစ်တဲ့ G614 လူနာများတွင် ဗိုင်းရပ်စွမ်းအားမြင့်မားနေတာကို တွေ့ရပြီး ကူးစက်မှုနှုန်းများ မြင့်မားတာလည်း လက်တွေ့စမ်းသပ်ပြခဲ့ပါတယ်။

 

ဒါ့အပြင် တရုတ်နိုင်ငံရှိ WHOရဲ့ ပူးပေါင်းစင်တာမှ ဆဲလ်တွေကို လေ့လာမှုများပြုလုပ်ခဲ့ပြီးတွေ့ရှိချက် နဲ့အတူ အဖြေရလာဒ်ချင်းတူတာကိုတွေ့ခဲ့ရပါတယ်။ ထိုလေ့လာမှုဝင် ပါဝင်သူ၏ရေးသာဖော်ပြချက်တွင် G614 Strain က ဆဲလ်လိုင်းလေးခုကို စစ်ဆေးရာတွင် ထိရောက်မှုရှိပြီး ထိုဆဲလ်ရဲ့ မူရင်းဖြစ်တဲ့ Wuhan ဗိုင်းရပ်စ် - 1 အမျိုးအစားထက် ၁၀ ဆ လောက် ပိုမိုကူးစက်နိုင်တယ်လို ရေးသားဖော်ပြခဲ့ပါတယ်။

What the D614G Mutation Means for Covid-19 Spread, Fatality ...

 

ဗီဇပြောင်းလဲခြင်းလေ့လာသူ သိပ္ပံပညာရှင် ပါမောက္ခ Grubaugh ရဲ့ လေ့လာသုံးသပ်ချက်တစ်ခုတွင် အဓိက မီးမှောင်ထိုးပြသခဲ့တာ တစ်ခုကတော့ အဆိုပါ ဗိုင်းရပ်စ် G641 Strain ဆဲလ်က ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များက ဗိုင်းရပ်စ်ကို တိုက်ထုတ်တယ် မနိုင်တဲ့အစုံ ဗိုင်းရပ်စ်ကို လက်ခံပေးရတယ်။ လူခန္ဓာကိုယ်က ဒီလိုလက်ခံပေးလိုက်တဲ့အတွက် လူမျိုးရိုးဗီဇဆဲလ်ရဲ့ စွမ်းရည်ထုတ်လုပ်မှု ဟန့်တားပစ်လိုက်ပါတယ်။

 

ဒီလိုဟန့်တားလိုက်တဲ့အတွက် ထိုလူနာက နောက်ပိုင်းတွင် ဆေးမထိုးခြင်းရောဂါဝေဒနာကို ခံစားရနိုင်တယ်လို့ရေးသာဖော်ပြခဲ့ပြီး နိဂုံးချုပ်အနေနဲ့ ရေးသားထားတာမျိုးကို တွေ့ရပါတယ်။

 

ဒီဗိုင်းရပ်စ်က ပိုဆိုးလာနိုင်သလား

D614 ရဲ့ မူကွဲဗိုင်းရပ်စ်ဖြစ်တဲ့ G614 အမျိုးအစာက ဗိုင်းရပ်စ် ပမာဏတိုးမြင့်လာပြီး ရောဂါပြင်းထန်မှု နှင့် သိသာထင်ရှာတဲ့ ဆက်နွယ်မှုမရှိတာကို တွေ့ရပါတယ်။ G614 မူကွဲသည် ကူးစက်မှု လွယ်သော်လည်း D614 ထက် ပို၍ သေစေနိုင်သည်။

 

D614G ဟာ Covid ကာကွယ်ဆေး အကျိုးသက်ရောက်မှု ရှိလား

အခုအထိတွေ့ရှိချက်အရ Covid ကာကွယ်ဆေးက D614G ကို ကာကွယ်မှုပေးနိုင်မယ်လို့ အတိအကျ မယူဆသေးနိုင်ပါဘူး။

 

By Aung Win (Myanmar Health Guide)

Refl: MediumNews Medical Life Sciences

Read times
Rate this item
(0 votes)