What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 23 April 2020 21:56

ကိုရိုနာ ဗိုင်းရပ်စ်က ဦးနှောက်သွေးခဲခြင်းကို ဖြစ်စေနိုင်

ကိုရိုနာရောဂါရဲ့ လက္ခဏာ ဖြစ်တဲ့ ဦးနှောက်သွေးခဲခြင်းက လူရွယ်များနဲ့ ကိုယ်ခံအားကောင်းတဲ့ လူငယ် လူနာ ရောဂါပိုးကူးစက် ခံရတဲ့ သူများတွင်တွေ့နေရပါတယ်လို့ ဆရာဝန်များက သတိပေးပြောကြားခဲ့ပါတယ်။

 

တစ်ချို့လူတွေဆို ၎င်းတို့ရဲ့ အသက် ၃၀ မှ ၄၀ နှစ်ကြား ကိုရိုနာ ရောဂါ လက္ခဏာအပျော့ပဲ ခံစား ရတဲ့ သူအများနဲ့ ကိုရိုနာရောဂါ လက္ခဏာ လုံးဝ မပြတဲ့ လူတွေမှာ ထို ဦးနှောက်သွေးခဲတဲ့ လက္ခဏာဖြစ်တာပါ။

 

ကိုဗစ်ရောဂါပိုးဟာ သွေးကို ခဲစေပါတယ်ထို့ကြောင့် သတိလစ်မေ့မျောကြတဲ့ သူတွေရှိတာပါ ဒါ့ထက် လေဖြတ်တဲ့ လက္ခဏာ ကပင်လျှင် အုံးနှောက်သွေးခဲလို့ပါ။

 

နယူးယောဇ့်မြို့ရှိ မောင့်စီနိုင်ကျန်းမာရေးစောင့်ရှောက်မှု့ မှ ဦးနှောက်ဆရာဝန် ဖြစ်သူ ဒေါက်တာ သောမတ် အောက်ခ်လေ ပြောကြားချက်အရ သူ့ရဲ့ ဦးနှောက်နဲ့ အာရုံကြော ကုသတဲ့ အသင်းမှာ တစ်လ တွင် အသက် ၅၀ နှစ်အောက် လူနာ အနည်းဆုံး ကိုရိုနာရောဂါကြောင့် ဦးနှောက်သွေးခဲပြီး ကုသမှု့ခံယူပါတယ်တဲ့။

 

ဒါ့ထက်ပြီးခဲ့တဲ့ နှစ်ပတ်က အသက် ငယ်ငယ် လူနာ ၅ ယောက် ချက်ချင်းဆိုသလိုရောဂါကြောင့် ဦးနှောက်သွေးခဲကာ ဆေးရုံ ရောက်လာပါတယ်တဲ့။ဒေါက်တာ သောမတ် အောက်ခ်လေ ရဲ့ CNN ကို ပြောကြားချက်အရ အဆိုပါ ကိုဗစ် ဗိုင်းရပ်စ်က သွေးကြော အကြီးတွေကြားမှာ သွေးပျစ်ခဲသွားတာမို့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်က သုည အနေအထားသို့ရောက်ခါ ထိုသို့ ကျန်တဲ့ အစိတ်အပိုင်းတချို့ မှအသိမရှိတာပါ လို့ ရှင်းပြခဲ့ပါတယ်။

 

တချို့လူနာတွေဆို ကိုဗစ်ရဲ့ ရောဂါလက္ခဏာတွေ ဘာမှ မပြဘူး လကဏ္ခာပြတဲ့ လူဆိုလည်း အနည်းငယ်သာ ကိုဗစ် လက္ခဏာ ပြတဲ့ အိမ်မှာ နေတဲ့ သူတွေမှာဖြစ်တာပါ။Positive ပါပဲ သို့ ပေမည့် Positive ဖြစ်နေမှန်းမသိပဲ ချက်ချင်း ရုတ်တရက် ပစ်လဲသွားပြီး တချို့ဆိုဆေးရုံကားလာတာနောက်ကျလို့ အတေ်ာလေး ဆိုးဆိုးအနေအထားအထိရောက်ရှိခဲ့တယ်သိရပါတယ်။

 

ဆရာဝန်တွေအနေနဲ့ကတော့ လူငယ်တွေကို သတိပေးတာက ရောဂါ ရှိနေပြီဆို ခေါင်းကိုက်တာနဲ့တင် ကုသမှု့ခံယူပါ ဒါ့ထက် ကိုယ့်ကိုရောဂါ မရှိသယောင်နေမယ်ဆိုပါက ဦးနှောက်အာရုံ ချို့ယွင်းနိုင်သလို သေပါသေစေနိုင်ပါသတဲ့။

 

<<< Zawgyi >>>

 

ကိုရိုနာ ဗိုင္းရပ္စ္က ဦးေနွာက္ေသြးခဲျခင္းကို ျဖစ္ေစနိုင္

--------------------

 

ကိုရိုနာေရာဂါရဲ႔ လကၡဏာ ျဖစ္တဲ့ ဦးေနွာက္ေသြးခဲျခင္းက လူရြယ္မ်ားနဲ႕ ကိုယ္ခံအားေကာင္းတဲ့ လူငယ္ လူနာ ေရာဂါပိုးကူးစက္ ခံရတဲ့ သူမ်ားတြင္ေတြ႕ေနရပါတယ္လို႕ ဆရာဝန္မ်ားက သတိေပးေျပာၾကားခဲ့ပါတယ္။

 

တစ္ခ်ိဳ႕လူေတြဆို ၎တုိ႕ရဲ႕ အသက္ ၃၀ မွ ၄၀ နွစ္ၾကား ကိုရိုနာ ေရာဂါ လကၡဏာအေပ်ာ့ပဲ ခံစား ရတဲ့ သူအမ်ားနဲ့ ကိုရိုနာေရာဂါ လကၡဏာ လုံးဝ မျပတဲ့ လူေတြမွာ ထို ဦးေနွာက္ေသြးခဲတဲ့ လကၡဏာျဖစ္တာပါ။

 

ကိုဗစ္ေရာဂါပိုးဟာ ေသြးကို ခဲေစပါတယ္ထို႕ေၾကာင့္ သတိလစ္ေမ႕ေမ်ာၾကတဲ့ သူေတြရွိတာပါ ဒါ့ထက္ ေလျဖတ္တဲ့ လကၡဏာ ကပင္လွ်င္ အံုးေနွာက္ေသြးခဲလို႕ပါ။

 

နယူးေယာဇ္႔ျမိဳ႕ရွိ ေမာင့္စီနုိင္က်န္းမာေရးေစာင့္ေရွာက္မႈ႕ မွ ဦးေနွာက္ဆရာဝန္ ျဖစ္သူ ေဒါက္တာ ေသာမတ္ ေအာက္ခ္ေလ ေျပာၾကားခ်က္အရ သူ႕ရဲ႕ ဦးေနွာက္နဲ႕ အာရုံေၾကာ ကုသတဲ့ အသင္းမွာ တစ္လ တြင္ အသက္ ၅၀ နွစ္ေအာက္ လူနာ အနည္းဆုံး ကိုရိုနာေရာဂါေၾကာင့္ ဦးေနွာက္ေသြးခဲျပီး ကုသမႈ႕ခံယူပါတယ္တဲ့။

 

ဒါ့ထက္ျပီးခဲ့တဲ့ နွစ္ပတ္က အသက္ ငယ္ငယ္ လူနာ ၅ ေယာက္ ခ်က္ခ်င္းဆိုသလိုေရာဂါေၾကာင့္ ဦးေနွာက္ေသြးခဲကာ ေဆးရုံ ေရာက္လာပါတယ္တဲ့။ေဒါက္တာ ေသာမတ္ ေအာက္ခ္ေလ ရဲ႔ CNN ကို ေျပာၾကားခ်က္အရ အဆိုပါ ကိုဗစ္ ဗိုင္းရပ္စ္က ေသြးေၾကာ အၾကီးေတြၾကားမွာ ေသြးပ်စ္ခဲသြားတာမို႕ ဦးေနွာက္ရဲ႕ လုပ္ေဆာင္ခ်က္က သုည အေနအထားသို႕ေရာက္ခါ ထိုသို႕ က်န္တဲ့ အစိတ္အပိုင္းတခ်ိဳ႕ မွအသိမရွိတာပါ လို႕ ရွင္းျပခဲ့ပါတယ္။

 

တခ်ို႕လူနာေတြဆို ကိုဗစ္ရဲ႕ ေရာဂါလကၡဏာေတြ ဘာမွ မျပဘူး လကဏၡာျပတဲ့ လူဆိုလည္း အနည္းငယ္သာ ကိုဗစ္ လကၡဏာ ျပတဲ့ အိမ္မွာ ေနတဲ့ သူေတြမွာျဖစ္တာပါ။Positive ပါပဲ သို႕ ေပမည့္ Positive ျဖစ္ေနမွန္းမသိပဲ ခ်က္ခ်င္း ရုတ္တရက္ ပစ္လဲသြားျပီး တခ်ိဳ႕ဆုိေဆးရုံကားလာတာေနာက္က်လို႔ အေတ္ာေလး ဆိုးဆိုးအေနအထားအထိေရာက္ရွိခဲ့တယ္သိရပါတယ္။

 

ဆရာဝန္ေတြအေနနဲ႕ကေတာ့ လူငယ္ေတြကို သတိေပးတာက ေရာဂါ ရွိေနျပီဆို ေခါင္းကုိက္တာနဲ႕တင္ ကုသမႈ႕ခံယူပါ ဒါ့ထက္ ကိုယ့္ကိုေရာဂါ မရွိသေယာင္ေနမယ္ဆိုပါက ဦးေနွာက္အာရုံ ခ်ိဳ႕ယြင္းနိုင္သလို ေသပါေသေစနိုင္ပါသတဲ့။

 

Ref : The Sun 

 

 

Read times
Rate this item
(0 votes)