What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 26 June 2020 11:18

တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးတစ်မျိုးကို ကမ္ဘာတစ်ဝန်းတွင် လက်တွေ့စမ်းသပ်မှုအဆင့် ၃ စတင်

တရုတ်နိုင်ငံက ထုတ်လုပ်သော ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ရောဂါခုခံနိုင်စွမ်းရှိသည့် COVID-19 ကာကွယ်ဆေး (inactivated vaccine) အဆိုပြုမှုကို ကမ္ဘာလုံးဆိုင်ရာ လက်တွေ့စမ်းသပ်မှုအဆင့် ၃ အဖြစ် အာရပ်စော်ဘွားများပြည်ထောင်စုတွင် စတင်လျက်ရှိကြောင်း ကာကွယ်ဆေးထုတ်လုပ်သူ China National Biotec Group (CNBG) က ပြောကြားခဲ့သည်။

 

ဇွန် ၂၃ ရက်က ပေကျင်းမြို့၊ ဝူဟန့်မြို့နှင့် အဘူဒါဘီမြို့တို့အကြား ပူးတွဲပြုလုပ်ခဲ့သည့် ဗီဒီယိုကွန်ဖရင့်အတွင်း ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် လက်တွေ့စမ်းသပ်မှုကို တရားဝင်အစပြုခဲ့ခြင်း ဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။ ယင်းစမ်းသပ်မှုသည် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးကို ကမ္ဘာအဆင့် လက်တွေ့သုတေသန အဆင့် ၃ လုပ်ဆောင်သည့် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

 

CNBG အနေဖြင့် အဘူဒါဘီမြို့အခြေစိုက် ဉာဏ်ရည်တုနှင့် cloud computing ကုမ္ပဏီတစ်ခုဖြစ်သော Group 42 (G42) နှင့် လက်တွေ့စမ်းသပ်မှုတွင် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်သည်။ ၎င်းတို့သည် ဒေသအတွင်း ကာကွယ်ဆေးထုတ်လုပ်မှုတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

 

CNBG လက်အောက်ရှိ ဝူဟန့် ဇီဝဗေဒထုတ်ကုန်များဆိုင်ရာ ဝူဟန့်တက္ကသိုလ်မှ ထုတ်လုပ်သော inactivated vaccine ၏ လက်တွေ့စမ်းသပ်မှု အဆင့် ၁ နှင့် အဆင့် ၂ ကို တရုတ်နိုင်ငံတွင် စမ်းသပ်ပြီးစီးခဲ့သည်။ အဆိုပါ လက်တွေ့စမ်းသပ်မှုများတွင် ဘေးကင်းစိတ်ချမှုမှတ်တမ်းကောင်းရရှိထားသလို ဆိုးဝါးပြီး ဘေးဖြစ်စေသောတုံ့ပြန်မှုများကို မတွေ့ရှိရကြောင်း သိရသည်။

 

Xinhua

Read times
Rate this item
(0 votes)