What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 April 2020 09:19

Mask အတွက် ဓားပြတောင်တိုက်နေရပြီလား …….

90251442_832926683874316_4730726126572273664_n.png

 

တရုတ်နိုင်ငံကနေ ထုတ်လုပ်ပေးခဲ့တဲ့ N 95 အမျိုးအစား Mask အမျိုးအစား ၂သိန်းနီးပါးလောက်က ဥရောပ အတွက်ရည်ရွယ်၍ သဘောၤတင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဘန်ကောက်မြို့အရောက်မှာတော့ လေဆိပ်က နေတစ်ဆင့် အမေရိကန်သို့ပြောင်းလဲတင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။

 

ဒီကိစ္စအတွက် အဓိကကျခဲ့တာကတော့ 3M Mask company ပဲဖြစ်ပြီး အဆိုပါကုမ္ပဏီက အမေရိကန်အခြေစိုက်ဖြစ်တာကြောင့် ယခုလိုလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ ယခုဖြစ်ရပ်မတိုင်ခင်ကတော့ ကန်သမ္မတဒေါ်နယ်ထရမ့်အနေနဲ့ 3M ကို Mask တွေပိုမိုထုတ်လုပ်နိုင်ဖို့မှာကြား ထားပြီး ကန်နိုင်ငံအတွင်းမှာ Mask ပျက်လပ်နေမှုကိုဖြေရှင်း ဖို့စီစဉ်နေတယ်လို့လည်းသတင်းတွေက ဖော်ပြခဲ့ပါတယ်။ အဆိုပါ ကြားဖြတ်ရယူခဲ့သော Mask များသည် ဂျာမနီရဲဝန်ထမ်းများနှင့် အခြားနိုင်ငံများအတွက် အဓိကရည်ရွယ်မှာကြားထားခဲ့ခြင်းလည်းဖြစ်သည်။

အမေရိကန်အနေနဲ့ ဥရောပအတွက်ရည်ရွယ်ထားခဲ့တဲ့ Mask တွေကို ကြားဖြတ်ရယူခဲ့တာကြောင့် ဘာလင်ရဲ့ ပြည်ထဲရေးဝန်ကြီး Andreas Geisel က “ ဒါကခေတ်သစ် ဓားပြတိုက်နည်းပါလို့ ” ကောက်ချက်ချပြောဆိုခဲ့ပါတယ်။

 

(Zawgyi)

========

Mask အတြက္ ဓားျပေတာင္တိုက္ေနရၿပီလား …….


တ႐ုတ္ႏိုင္ငံကေန ထုတ္လုပ္ေပးခဲ့တဲ့ N 95 အမ်ိဳးအစား Mask အမ်ိဳးအစား ၂သိန္းနီးပါးေလာက္က ဥေရာပ အတြက္ရည္ရြယ္၍ သေဘာၤတင္ပို႔ခဲ့ျခင္းျဖစ္ပါတယ္။ ဒါေပမယ့္ ဘန္ေကာက္ၿမိဳ႕အေရာက္မွာေတာ့ ေလဆိပ္က ေနတစ္ဆင့္ အေမရိကန္သို႔ေျပာင္းလဲတင္ပို႔ခဲ့ျခင္းျဖစ္ပါတယ္။

 

ဒီကိစၥအတြက္ အဓိကက်ခဲ့တာကေတာ့ 3M Mask company ပဲျဖစ္ၿပီး အဆိုပါကုမၸဏီက အေမရိကန္အေျခစိုက္ျဖစ္တာေၾကာင့္ ယခုလိုလုပ္ေဆာင္ခဲ့တာ ျဖစ္တယ္လို႔ ေျပာဆိုေနၾကပါတယ္။ ယခုျဖစ္ရပ္မတိုင္ခင္ကေတာ့ ကန္သမၼတေဒၚနယ္ထရမ့္အေနနဲ႔ 3M ကို Mask ေတြပိုမိုထုတ္လုပ္ႏိုင္ဖို႔မွာၾကား ထားၿပီး ကန္ႏိုင္ငံအတြင္းမွာ Mask ပ်က္လပ္ေနမႈကိုေျဖရွင္း ဖို႔စီစဥ္ေနတယ္လို႔လည္းသတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ အဆိုပါ ၾကားျဖတ္ရယူခဲ့ေသာ Mask မ်ားသည္ ဂ်ာမနီရဲ၀န္ထမ္းမ်ားႏွင့္ အျခားႏိုင္ငံမ်ားအတြက္ အဓိကရည္ရြယ္မွာၾကားထားခဲ့ျခင္းလည္းျဖစ္သည္။


အေမရိကန္အေနနဲ႔ ဥေရာပအတြက္ရည္ရြယ္ထားခဲ့တဲ့ Mask ေတြကို ၾကားျဖတ္ရယူခဲ့တာေၾကာင့္ ဘာလင္ရဲ႕ ျပည္ထဲေရး၀န္ႀကီး Andreas Geisel က “ ဒါကေခတ္သစ္ ဓားျပတိုက္နည္းပါလို႔ ” ေကာက္ခ်က္ခ်ေျပာဆိုခဲ့ပါတယ္။

90165828_212716063139335_1462378197545910272_n.png

Read times
Rate this item
(0 votes)