What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 23 September 2020 20:17

COVID-19 ပိုးကူးစက်ခံရသည့် ဧရာ၀တီဘဏ် ၀န်ထမ်းများအား ဧရာ၀တီဘဏ် ဥက္ကဋ္ဌ၊ ဦးဇော်ဇော်မှ အားပေးစကားပြောကြားခြင်

ရာ၀တီဘဏ်တွင် တာ၀န်ထမ်းဆောင်နေသော COVID-19 ဒုတိယလှိုင်းတွင် ကူးစက်ခံရသည့် ၀န်ထမ်းများအား ရန်ကုန်မြို့၊ COVID-19 စောင့်ကြပ်ကုသရေးဌာနများဖြစ်သည့်သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းရှိ ဧရာ၀တီစင်တာ၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီး ကုသရေးဌာနတို့တွင် ထားရှိကုသပေး လျက်ရှိနေပြီ ဖြစ်ပါသည်။

 

ယနေ့ စက်တင်ဘာလ (၂၃) ရက်နေ့ နေ့လည်ပိုင်းတွင် ဧရာ၀တီဘဏ်၏ ဥက္ကဋ္ဌ၊ ဦးဇော်ဇော်မှ ဧရာ၀တီစင်တာနှင့် ဖောင်ကြီးစင်တာတို့တွင် ထားရှိကုသ စောင့်ရှောက်ပေးလျက်ရှိသော ဧရာ၀တီဘဏ် ၀န်ထမ်းများအား Zoom Meeting ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေနှင့် ပတ်သက်၍ လိုအပ်ချက်များ အခက်အခဲများရှိမရှိ မေးမြန်းပြီး တစ်ဦးချင်း အားပေးစကားပြောကြားကာ အမြန်ဆုံး ပြန်လည် ကျန်းမာလာစေရန်အတွက် ဆုတောင်းစကားများ ပြောကြားခဲ့ပါသည်။

 

၀န်ထမ်းများအတွက် ဦးဇော်ဇော်မှ အားပေးစကားပြောကြားခဲ့ရာတွင် မှတ်သားစရာအနေဖြင့် “ကုသရေးစင်တာဆိုသည်မှာ ကုသမှုတစ်ခုတည်း မဟုတ်ကြောင်း၊ ရောဂါအား ထိန်းချုပ်နိုင်ရေးအတွက် ပိုးတွေ့လူနာများအား စင်တာတွင်ထားရှိပြီး ပြင်ပတွင်မပြန့်ပွားစေရေးတွက် ထိန်းချုပ် ထားခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့ ကုသရေးစင်တာများတွင် လာရောက်ပြီး စိတ်ဓာတ်ခိုင်ခိုင်ဖြင့် ကြိုးစားဖြတ်သန်းခြင်းက အများကိုလည်း ရောဂါမကူးဖို့အတွက် တစ်ဖက်တစ်လမ်းမှ ကူညီရာရောက်သည့်အပြင် ကုသိုလ်လည်းရပါကြောင်း” ပြောကြားသွားပါသည်။

 

ထို့အပြင် ဦးဇော်ဇော်မှ ကုသမှုခံယူလျက်ရှိသည့် ၀န်ထမ်းများအား ဧရာ၀တီစင်တာအနေဖြင့် ယခုမှ စတင်လုပ်ကိုင်သည့်အတွက် လိုအပ်မှုတစ်စုံတစ်ရာရှိပါက အုပ်ချုပ်မှုတာ၀န်ရှိသူများကို အချိန်မရွေး ပွင့်လင်းစွာ ဆက်သွယ်ပြောကြားရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

 

Fighting_COVID-19

Read times
Rate this item
(1 Vote)