What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 23 June 2020 08:03

(၂၃-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၊ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ (၂၃-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၄၇၀)ခု၊

- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၄၆) ခုနှင့်

- ရန်ကုန်မြို့၊ အမှတ်(၁)တပ်မတော်ဆေးရုံကြီး (ခုတင် ၁,၀၀၀)မှ ဓာတ်ခွဲနမူနာ (၁၅၀)ခု၊
စုစုပေါင်း (၈၆၆)ခုအား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁)ဦး တွေ့ရှိရပါသည်။

 

၂။ (၂၃-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၉၂) ဦးရှိပါသည်။

 

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၄) ဦး (Case-130, 187, 230 နှင့် 244) တွေ့ရှိရသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုးကင်းစင်သူ စုစုပေါင်း (၂၀၄) ဦးရှိပါသည်။ ၎င်းတို့အနက် (၁၉၀) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

 

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

 

၅။ (၂၂-၆-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၃-၆-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၃၄) ဦး ရှိပါသည်။

No photo description available.

Image may contain: text

Read times Last modified on Wednesday, 24 June 2020 12:53
Rate this item
(0 votes)