What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 24 September 2020 20:58

ကော့သောင်းတွင် Swab နမူနာ မယူရသေးခင် အပြင်ထွက်သည့် သင်္ဘောသား ၂ ဦး ပြန်လည်ဖမ်းဆီး

ကော့သောင်းမြို့သီရိမြိုင်ရပ်ကွက်ညလုံခြုံရေးအဖွဲ့ခေါင်းဆောင်ရာအိမ်မှူးဦးနွယ်ထွန်းနှင့်

ရပ်ကွက်မီးသတ်တပ်ဖွဲ့ဝင်များ ညလုံခြုံရေးကင်းတာဝန်ဆောင်ရွက်နေစဥ် ည ၉ နာရီ ၅၀ မိနစ်ခန့်တွင်လေးမိုင်ဖက်မှလာသော ဆိုင်ကယ်တစီးအား မသင်္ကာသဖြင့် တားဆီးမေးမြန်းရာ ဆိုင်ကယ်နောက်လိုက်ပါလာသူနှစ်ဦးသည်ဗစ်တိုရီးယားဟိုတယ်မှ Q 21 ရက်ဝင်နေသူကိုဇော်မြင့်မိုးနှင့်ကိုဟန်မြတ်ထွန်းတို့ဖြစ်ကြကြောင်း သိရသည်။


ထိုသူနှစ်ဦးသည် ယနေ့ညနေခြောက်နာရီအချိန်က အိနိယနိုင်ငံပိုင် ASHIA PREAL 7 သင်္ဘောမှ လူလဲသည့် သင်္ဘောသားများဖြစ်သည်။ အဆိုပါ သင်္ဘောသည်ဇာဒတ်ကြီးကျွန်းအနီးတွင် ရောက်ရှိပြီး စပိဘုတ်ဖြင့် ကော့သောင်းမြို့သို့ သင်္ဘောသားများကို ပို့ဆောင်ခဲ့သည်။

 

သင်္ဘောသားများကို ဗစ်တိုရီးယားဟိုတယ်တွင် အသွားအလာ ကန့်သတ်ထားရှိရမှ အပြင်သို့ ထွက်လာသူများ ဖြစ်သည်။


၎င်းတို့ နှစ်ဦးသည် ကိုဗစ်ပိုး စစ်ဆေးရန် Swab နမူနာ မယူရသေးသူများဖြစ်ပြီး လမ်းတွင် သွားလာနေသောဆိုင်ကယ်အား တွေ့ရှိသဖြင့် အတင်းတားဆီးပြီး လိုက်ပါလာသူများဖြစ်ပါသည်။


၎င်းတို့နှင့် ထိတွေ့ခဲ့သူ ဆိုင်ကယ်သမားမှာ မီးသွေးဖောင်းရပ်ပုလုံတုံတုံးကျေးရွာနေသူဖြစ်ပြီး ယခုအခါ စောင့်ကြည့်လူနာအဖြစ်ထားရှိထားသည်။


သင်္ဘောသားနှစ်ဦးအား သက်ဆိုင်ရာဌာနများမှ သတင်းအချက်အလက်များရယူပြီး ဗစ်တိုးရီးယားဟိုတယ်မှ တာဝန်ခံဦးစိုးဝင်းနိုင် (GM)ထံသို့ လွဲပြောင်းပေးအပ်ထားရှိပါသည်။

Read times Last modified on Friday, 25 September 2020 07:21
Rate this item
(0 votes)