What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 29 September 2020 14:05

မြန်မာနိုင်ငံတွင် အသုံးပြုရန်အတွက် COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးသည့် Test Kits များ လာရောက်လှူဒါန်းခြင်း

ကိုရီးယားသမ္မတနိုင်ငံရှိ IoneBio Inc. ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Kim Min-Bae သည်

 

၂၉-၉-၂၀၂၀ ရက်၊ နံနက် ၁၁:၃၀ နာရီအချိန်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လာရောက်၍ သံအမတ်ကြီး ဦးသန့်စင်အား တွေ့ဆုံကာ မြန်မာနိုင်ငံရှိ COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွင် အသုံးပြုနိုင်ရန်အတွက် လူဦးရေ (၁၀,၀၀၀) အား COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးနိုင်သည့် Test Kit (PCR) များအား ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် သံအမတ်ကြီးမှလည်း ၎င်းအား ကျေးဇူးတင်ဂုဏ်ပြုလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

ယခုလာရောက်လှူဒါန်းသည့် Test Kit များသည် COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးမှု ရလဒ်အား အချိန် (၂၀) မိနစ်တွင် ရရှိနိုင်မည်ဖြစ်ပြီး Rapid Test Kit များထက် အရည်အသွေးပိုမိုကောင်းမွန်ကာ ပုံမှန် PCR Test Kits များကဲ့သို့ပင် အဖြေတိကျမှုရှိကြောင်းနှင့် ယင်း Test Kit များ အသုံးပြုပုံမှာလည်း လွယ်ကူရိုးရှင်းပြီး အပူချိန် -15°C မှ -20°C ကြားတွင် သိမ်းဆည်းထားရမည်ဖြစ်ပါသည်။

 

မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် ယခုလက်ခံရရှိသော Test Kit များပါဝင်သည့် သေတ္တာပုံးကို မြန်မာနိုင်ငံသို့ ဆောလျင်စွာ ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

Ministry of Foreign Affairs Myanmar

Read times
Rate this item
(0 votes)