What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 06 October 2020 20:54

မန္တလေးက အကုန် အဆင်သင့် ပြင်ထားပါတယ်

မန္တလေးတိုင်းဒေသကြီး အတွင်း မှာကိုဗစ်-၁၉ Positive လူနာ တွေ့ရှိမှု တိုးလာတဲ့အတွက်

တိုင်းရင်းဆေးရုံကို Quarantine နေရာ ထားရှိဖို့ ပြင်ဆင်ဆောင် ရွက်သွားကြရမှာ ဖြစ်ပါတယ်။ 

ဒါအပြင် ကုန်စည်စီးဆင်းမှု လုပ်ငန်းများ ဆောင်ရွက်ရာမှာလည်း နှစ်တန်အထက် ယာဉ်တွေကို ကုန်တင်ယာဉ်အဖြစ် သတ်မှတ်သွားပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရာဂါ ရှိ၊ မရှိ Rapid Test Kit နဲ့ စစ်ဆေး ဆောင်ရွက်နေပါတယ်၊ အဲ့ဒီ့ထဲက ရောဂါပိုး တွေ့ ရှိသူတွေကိုတော့ သင့်လျော်တဲ့ သီးသန့် နေရာမှာ ထားရှိဖို့ တာဝန်ရှိသူတွေက စီမံ ဆောင်ရွက်သွားနိုင်ဖို့ အတွက် ယနေ့ နံနက်ပိုင်းမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံး အစည်းအဝေး ခန်းမမှာ ပြုလုပ်တဲ့ မန္တလေးတိုင်းဒေသကြီး Coronavirus (COVID 19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။
မန္တလေးမှာလည်း Positive Case တွေ များလာပြီ ၊ မနေ့က ညအထိ မန္တလေးမှာ (၄၈၀) ဦး ရှိပါပြီ၊ အများစုက ရန်ကုန်ပြန်တွေ ဖြစ်နေတော့ Quarantine ပို့ဖို့ အားလုံးပူးပေါင်းပြီး လုပ်မှ ဖြစ်မှာပါ။
ကုန်တင်ကားတွေ ကိစ္စမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကိုလည်း ကြေညာချက်တွေ ထုတ်ပြီး သားပါ။ စစ်ပေးရမယ် ဆိုတဲ့ ညွှန်ကြားချက်တွေလည်း ရှိပါတယ်၊ Rapid Test kit အလုံအလောက် ရှိရင် မြန်မြန် စစ်ပေးလို့ရတယ်၊ Test Kit စစ်ဆေးဖို့ အတွက် Medical Skill Person တွေ တိုးပြီး သင်တန်း ပို့ချပေးဖို့ လုပ်ပေးရပါမယ်။
နယ်စပ်ဂိတ်တွေမှာလည်း ကားအစီးရေ စက်တင်ဘာလမှာ ခြောက်ရာကျော် သွားနိုင်ခဲ့တယ် ၊ မန္တလေးတိုင်းကို ဖြတ်သွားတဲ့ ကုန်စည် စီးဆင်းမှု မရပ်တန့်ပါဘူး။
မန္တလေးတိုင်းဒေသကြီး အတွင်း မြို့ဝင်၊ မြို့ထွက် နေရာ (၁၀) ခုမှာ စစ်ဆေး ဆောင်ရွက်မယ့် အစီအမံနဲ့ လိုအပ်ပါက ဂိတ်များ တိုးချဲ့ ထားရှိနိုင်မည့် အခြေအနေတွေ၊ တိုင်းဒေသကြီး အတွင်း Quararitine Center များ ထားရှိ ဆောင်ရွက်နေမှုနဲ့ လိုအပ်ချက်များ၊ ကုန်စည် စီးဆင်းမှု မှန်ကန်စေရေး အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ဆောင်ရွက်နေမှုတွေ၊ တိုင်းဒေသကြီး အတွင်းမှာ ပိုးတွေ့ လူနာ အခြေအနေနဲ့ Quarantine ထားရှိမှုများ၊ ကိုဗစ် ကာကွယ်ရေး လုပ်ငန်းများ အတွက် ကျန်းမာရေး ဝန်ထမ်းအင်အား အခြေအနေ ၊ Swab နမူနာများ ပိုမို မြန်ဆန်စွာ ရယူနိုင်ဖို့ အတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို တက်ရောက်လာကြတဲ့ မန္တလေး တိုင်းဒေသကြီး Coronavirus Disease 2019 (Covid-I9) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူတွေက ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြပါတယ်။
မန္တလေးက အကုန် အဆင်သင့် ပြင်ထားပါတယ်။
အရေးအကြီးဆုံးက ပြည်သူတွေ စည်းကမ်းတွေ လိုက်နာဖို့ အရေးကြီးတယ်၊ မလိုက်နာဘူး ဆိုရင်တော့ ကိုဗစ် ထိန်းချုပ်ရတာ နည်းနည်း ကြာပါမယ်။
ပြည်သူတွေ အပြင်ထွက်တိုင်း မက်စ်တပ်ပါ၊ လက်ဆေးကြပါ။

Read times
Rate this item
(0 votes)