What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 03 June 2020 11:56

COVID-19 အတည်ပြု လူနာအမှတ်စဉ် (၂၃၁) မှာ မူဆယ်မြို့မှ ကျန်းမာရေးမှူး တစ်ဦးဖြစ်နေ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (၂-၆-၂၀၂၀) ရက်နေ့ ၊

ည(၈း၀၀) နာရီ COVID-19 ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးမှု အခြေအနေကို သတင်းထုတ်ပြန် ဖော်ပြရာတွင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှ လူနာအမှတ်စဉ် (၂၃၁) မှာ မူဆယ်မြို့အဝင် နန်းတော်ဂိတ်တွင် ပြည်ပပြန်များအား ကျန်းမာရေးစစ်ဆေးပေးသော အဖွဲ့မှ ကျန်းမာရေးမှူး ဒေါ်ခင်မာစိုး(မူဆယ်မြို့နယ် မုံးပေါ်ကျေးလက်ကျန်းမာရေးဌာန) ဖြစ်ကြောင်း သိရသည့်အတွက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ များစွာစိတ်မကောင်းဖြစ်မိပါကြောင်းနှင့် အမြန်ဆုံးပြန်လည် ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

 

Covid-19 ရောဂါ ကာကွယ်ရေးအတွက် နိုင်ငံတစ်ဝန်းတွင် တာဝန်ထမ်းဆောင် နေကြသော ကျန်းမာရေးမှူးများ အပါအဝင် အခြေခံကျန်းမာရေးဝန်ထမ်းများ အားလုံး မိမိကိုယ်ကို ကူးစက်မှုမဖြစ်ရအောင် အထူးသတိချပ် ကာကွယ်ဆောင်ရွက်ကြပါရန် အလေးအနက်ထား မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

Read times
Rate this item
(0 votes)