What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 27 November 2021 17:29

ကိုဗစ်မျိုးကွဲသစ် Omicron ကြောင့် အမေရိကန်၊ ကနေဒါနဲ့ EU ခရီးသွား ကန့်သတ်ချက်တွေထုတ်ပြန်

ကိုဗစ်မျိုးကွဲသစ်ကြောင့် အမေရိကန်၊ ကနေဒါနဲ့ EU ခရီးသွား ကန့်သတ်ချက်တွေထုတ်ပြန်ထားပါတယ်။

တောင်အာဖရိကနိုင်ငံမှာ ကူးစက်မြန် ကိုဗစ်ရောဂါပိုးသစ်ဖြစ်တဲ့ Omicron အိုမီခရန် တွေ့ရှိရပြီးတဲ့နောက်၊ အမေရိကန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂ (EU) တို့က အာဖရိကတိုက် နိုင်ငံတွေနဲ့ အသွားအလာတွေကို ကန့်သတ်လိုက်ကြောင်း သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

ခရီးသွားတွေ ကန့်သတ်လိုက်တဲ့ နိုင်ငံတွေကတော့
တောင်အာဖရိက၊
ဘော်စဝါနာ၊
ဇင်ဘာဘွေ၊
နမီးဘီးယား၊
လီဆူတို၊
အက်စဝါတီနီ၊
မိုဇမ်ဘစ် နဲ့
မာလာဝီ နိုင်ငံတွေဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသားတွေနဲ့ အမြဲတမ်းနေထိုင်ခွင့် ရှိသူတွေကလွဲလို့ ကျန်တဲ့ ခရီးသွားတွေ အမေရိကန်ကို ဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ တနင်္လာနေ့မှာ စတင်အသက်ဝင်မယ့် ကန့်သတ်ချက်ကို သောကြာနေ့က ကြေညာရာမှာ အမေရိကန်သမ္မတ Joe Biden က ကာကွယ်ဆေး ၂ ကြိမ်အပြည့် ထိုးပြီးသူတွေ အားဖြည့်ဆေး နောက်တလုံး ထပ်ထိုးကြဖို့နဲ့ အပြည့်မထိုးရသေးတဲ့ သူတွေလည်း အချိန်မဆိုင်းပဲ ချက်ခြင်း ဆေးထိုးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

သောကြာနေ့မှာပဲ ကနေဒါနိုင်ငံကလည်း တောင်အာဖရိက အပါအဝင် အာဖရိကတိုက်က နိုင်ငံ ၇ နိုင်ငံက ခရီးသွားတွေကို ပြည်ဝင်ခွင့် ကန့်သတ်လိုက်ကြောင်း ကျန်းမာရေး ဝန်ကြီးက သောကြာနေ့မှာပဲ ကြေညာခဲ့ပါတယ်။

ဗြိတိန်နိုင်ငံကတော့ အာဖရိက ၆ နိုင်ငံကလာတဲ့ ခရီးသွားတွေကို သီးသန့်ထားစောင့်ကြည့်ဖို့နဲ့ လေကြောင်းခရီးစဉ်တွေကို ကန့်သတ်ဖို့ အမိန့်ထုတ်ခဲ့တာပါ။ ဥရောပသမဂ္ဂကလည်း အာဖရိကနိုင်ငံတွေက ခရီးသွားတွေကို ကန့်သတ်ဖို့ အဖွဲ့ဝင် ၂၇ နိုင်ငံက သဘောတူခဲ့ကြကြောင်း EU အလှည့်ကျ ဥက္ကဋ္ဌ ဆလိုဗေးနီးယားက ကြေငြာပါတယ်။

 

VOA

Read times
Rate this item
(0 votes)