What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 April 2020 20:03

(၂၉-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၊ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ (၂၉-၄-၂၀၂၀) ရက်နေ့၊ ညနေ၌

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ (ပထမသုတ်) အဖြစ် စစ်ဆေးပြီးစီးခဲ့သော အသွားအလာကန့်သတ်ခံရသူ နှင့် စောင့်ကြည့်လူနာ (၈၉) ဦး၏ ဓာတ်ခွဲနမူနာများနှင့် ဆေးသုတေသနဦးစီးဌာန (DMR)မှ စစ်ဆေးပြီးစီးခဲ့သော စောင့်ကြည့်လူနာ (၂၁) ဦး၏ ဓာတ်ခွဲနမူနာများ၊ စုစုပေါင်း (၁၁၀)ခုတို့တွင် -

 

• COVID-19 ရောဂါပိုး မတွေ့ရှိပါ။(ဓာတ်ခွဲအတည်ပြု လူနာသစ် မရှိပါ။)

 

၂။ သို့ဖြစ်ပါ၍ (၂၉-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ (၁၅၀) ဦးရှိပြီဖြစ်ပါသည်။

 

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) အနေဖြင့် ထိုသို့ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားရှိသူများ၏ ဓာတ်ခွဲနမူနာများအပြင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများအားလည်း ရယူကာ ရောဂါပိုးကင်းစင်လာမှု အခြေအနေအား ပုံမှန်စစ်ဆေးလျက်ရှိပါသည်။

 

၄။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် ရောဂါပိုးကင်းစင်သူ (၁၆) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြု၍ အသွားအလာ ဆက်လက်ကန့်သတ်ထားရှိလျက်ပါသည်။ ထို့အပြင် ဓာတ်ခွဲနမူနာများ၌ (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၁၁) ဦး (Case - 001၊ 002၊ 008၊ 032၊ 033၊ 038၊ 041၊ 047၊ 050၊ 054 နှင့် 058) ကိုလည်း ထပ်မံစစ်ဆေးတွေ့ရှိရပါသည်။

 

၅။ ဓာတ်ခွဲအတည် ပြုလူနာများအနက် သေဆုံးသူ (၆)ဦးရှိပြီ ဖြစ်ပါသည်။

 

၆။ (၂၈-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၉-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၇၉)ဦး ရှိပါသည်။

 

No photo description available.

Read times
Rate this item
(0 votes)