What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 01 November 2018 17:42

မျက်နှာကို ရေခဲနှင့်ပွတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

မျက်နှာအသားအရည် လှပစေရန်အတွက် ပစ္စည်းအမျိုးမျိုးအသုံးပြုကာ ပြုပြင်ထိန်းသိမ်းနေကြသည့်အနက် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများအနေဖြင့် ရေခဲဖြင့် ကုသနည်းလေးကို တင်ပြပေးလိုက်ပါတယ်။

ရေခဲတုံးဖြင့် ကုသ ထိန်းသိမ်းနည်းမှာ လူတိုင်း အလွယ်တကူ လုပ်နိုင်ပြီး အချိန်နှင့် ငွေလည်း များစွာမကုန်စေတဲ့ နည်းလေးပင် ဖြစ်ပါတယ်။

(၁) အသားအရည်ကို ကြည်လင်နိုင်ခြင်း

ရေခဲတုံးဖြင့် မျက်နှာကို ပွတ်တိုက်ပေးခြင်း အားဖြင့် သွေးလည်ပတ်မူကို အထောက် အကူပြုစေမှာ ဖြစ်ပြီး မျက်နှာကို သိသိသာသာ ကြည်လင် လာစေမပါသည်။

(၂) မျက်နှာပေါ်ရှိ အစက်များကို ဖယ်ရှားနိုင်ခြင်း

မျက်နှာပေါ်မှာ ရှိတဲ့ အမည်းစက်များ၊ ဝက်ခြံများ သာမကဘဲ ရောင်ရမ်းခြင်းနှင့် မျက်နှာ နီမြန်းခြင်းကို သက်သာစေနိုင်ပါသည်။

(၃) မျက်လုံးအောက်က အရေအကြောင်းများကို ကုသပေးနိုင်ခြင်း

ညဘက်မအိပ်ခင်မှာ သခွားသီးဖြင့် ရောစပ်ကာ အသုံးပြုခြင်းဖြင့် မျက်လုံးအောက်မှ အရေး အကြောင်းများကို ဖယ်ရှားပေးနိုင်ပါသည်။

(၄) Toner အဖြင့်လည်း အသုံးပြုနိုင်ခြင်း

မိတ်ကပ်များ မလိမ်းခင် မျက်နှာပေါ်မှာရှိတဲ့ အညစ် အကြေးများကို သန့်စင်စေရန် ရေခဲတုံးကို Toner အဖြင့်လည်း သုံးနိုင်ပါသည်။

(၅) မိတ်ကပ်အစားသုံးနိုင်ခြင်း

အကယ်၍ မိတ်ကပ်လိမ်းဖို့ အချိန် မရှိဘူး ဆိုရင် ရေခဲတုံးကို အဝတ်စဖြင့် ပတ်ပြီး မျက်နှာ တစ်ခုလုံး ပွတ်တိုက်လိုက်ပါက မျက်နှာသည် ကြည်လင် လန်းဆန်းသည့် သဘာဝ မျက်နှာပုံစံကို ရရှိနိုင်ပါသည်။

(၆) ပါးရေနားရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

ပါးရေနားရေတွန့်နေပါက ပတ်သတ်ပေးပါက ရေခဲတုံးဖြင့် ပွတ်သတ်ပေးခြင်းကြောင့် ပါးရေနားရေတွန့်ခြင်းဖြင့် မျက်နှာအရေးအကြောင်းများကို ကာကွယ်ပေးနိုင်ပါသည်။
လူ့ပတ်ဝန်းကျင်တွင် အလွယ်တကူရရှိနိုင်သည့် ရေခဲတုံးသည် အသုံးပြုတတ်ပါက မျက်နှာ အသားအရည် ကောင်းမွန်စေရန်အတွက် အထောက်အကူဖြစ်ကြောင်း တင်ပြပေး လိုက်ပါသည်။

Source:myanmarnews24

Read:လက်မောင်းရှိ မှဲ့အရေအတွက်ကိုကြည့်၍ အရေပြားကင်ဆာ ဖြစ်နိုင်ခြေကိုသိနိုင်

လက်မောင်းရှိ မှဲ့အရေအတွက်ကိုကြည့်၍ အရေပြားကင်ဆာ ဖြစ်နိုင်ခြေကိုသိနိုင်

Read times
Rate this item
(1 Vote)