What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 02 October 2019 11:14

ဝိတ်မြန်မြန်ကျအောင် ဆောင်ရန် ၊ ရှောင်ရန်များ

အစာလျှော့စားတဲ့ တစ်ချိန်တည်းမှာ လေ့ကျင့်ခန်းတွေ တိုးတိုးလုပ်တာ

သင်စားတာထက် ကယ်လိုရီတွေ ပိုလောင်ကျွမ်းတဲ့အခါ ဝိတ်ကျတာမှန်ပေမယ့် အစားကိုလည်း သိသိသာသာလျှော့၊ လေ့ကျင့်ခန်းကိုလည်း အပြင်းအထန်လုပ်တဲ့အခါ မမျှော်လင့်ထားတဲ့ ဆိုးကျိုးတွေ ရလာနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာစေတဲ့ အဆီ၊ အသားဓာတ်နဲ့ ကစီဓာတ်တွေကို အညီအမျှ သင့်တော်ရုံစားပေးသလို ဒါတွေ လောင်ကျွမ်းသွားဖို့ လေ့ကျင့်ခန်းလေး သင့်ရုံလုပ်ပေးနော်။ နောက်နှစ်ပတ်လောက်ကြာမှ နေသားကျတဲ့အခါ လေ့ကျင့်ခန်းကို ပိုတိုးလုပ်ပေါ့။


နှလုံးခုန်မြန်တဲ့ Cardio လေ့ကျင့်ခန်းတစ်ခုသာ လုပ်တာ


ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး အဆီပြင်တွေကို ဖျောက်ပေးနိုင်တဲ့ Cardio လေ့ကျင့်ခန်းတွေက ဝိတ်ချတဲ့နေရာမှာ အရေးပါတယ်ဆိုပေမယ့် ဒီလေ့ကျင့်ခန်းတစ်မျိုးတည်းကို လုပ်နေရင်လည်း ခန္ဓာကိုယ်ကျစ်လျစ်လှပဖို့ မဖြစ်နိုင်ဘူးနော်။ ဒါကြောင့် Cardio လေ့ကျင့်ခန်းအပြင် ကြွက်သားတွေ သန်မာစေတဲ့ လေ့ကျင့်ခန်းလေးတွေပါ အတူလုပ်ပါ။


လေ့ကျင့်ခန်းလုပ်ပြီး အပြင်စာထွက်စားတာ


လေ့ကျင့်ခန်းလုပ်ပြီး လောင်ကျွမ်းသွားတဲ့ ကယ်လိုရီပမာဏထက် စားလိုက်တဲ့ ကယ်လိုရီပမာဏက ပိုများနေရင်တော့ ဝိတ်ကျဖို့ ကမ်းမမြင် လမ်းမမြင်ပါပဲ။ ဖြစ်နိုင်ရင် လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ၁၅၀ ကယ်လိုရီထက် ပိုမစားမိပါစေနဲ့။


ကစီဓာတ်နဲ့ အဆီပါတဲ့အစားအစာတွေ လုံးဝ မစားတော့တာ


ဒီအစားအစာနှစ်မျိုးလုံးကို ဖြတ်လိုက်တာက လုံးဝမမှန်ကန်ပါဘူး။ သူတို့မှာ ဆိုးတာရှိသလို ကောင်းကျိုးလည်း ရှိပါတယ်။ ကျန်းမာစေတဲ့ ကောင်းကျိုးပြုအဆီတွေဖြစ်တဲ့ ထောပတ်သီး၊ သံလွင်ဆီ၊ ဆယ်လ်မွန်ငါး၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်က ရတဲ့ ကစီဓာတ်တွေ ၊ ပြီးတော့ နှံစားသီးနှံတွေကို ရွေးချယ်စားပေးရမှာပါ။

Infused Water လုပ်နည်းနဲ့ အကျိုးကျေးဇူးများ

Infused Water လုပ္နည္းနဲ႔ အက်ိဳးေက်းဇူးမ်ား


တစ်နာရီလောက် လေ့ကျင့်ခန်းလုပ်ဖို့ လိုတယ်လို့ မမှတ်ယူထားပါနဲ့


အချိန်ရလို့ တစ်နာရီပြည့်အောင် လေ့ကျင့်ခန်းလုပ်တာက မမှားပါဘူး။ ဒါပေမယ့် ၁၀ မိနစ်စာလောက်သာ လေ့ကျင့်ခန်းလုပ်ရင်လည်း နည်းနည်းသာ လောင်ကျွမ်းပါတယ်။ တကယ်လို့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်တိုတိုသာ ရရင် ပိုပြင်းထန်ထိရောက်တဲ့ လေ့ကျင့်ခန်းကို လုပ်ပါ။ လေ့ကျင့်ခန်း လုံးဝမလုပ်တာထက်စာရင် ကယ်လိုရီတွေ လောင်ကျွမ်းဖို့ အခွင့်အရေးပဲလေ။


ဖျော်ရည်နဲ့ သန့်စင်တဲ့ နည်းကို မေ့လိုက်ပါ


ဝိတ်ကျပြီး ကိုယ်ခန္ဓာအချိုးအစားကျဖို့ တစ်နေ့လုံး ဘာမှမစားဘဲ သစ်သီးဖျော်ရည်နဲ့ ရေတွေကိုပဲ သောက်နေတာမျိုးဟာ တကယ်တော့ မလိုအပ်ဘူးလို့ ပညာရှင်အများစုက ဆိုပါတယ်။ ကိုယ်အလေးချိန်တော့ နှစ်ပေါင်လောက် ကျကောင်းကျနိုင်ပေမယ့် အဲဒါဟာ ရေရဲ့ အလေးချိန်သာ ဖြစ်နိုင်ပါတယ်တဲ့။ ဒီတော့ အဆီနည်းတဲ့ အသား၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ နှံစားသီးနှံနဲ့ အဆီလျှော့ထားတဲ့ နို့တွေကို အချိုးကျ ထည့်စားပေးနော်။


မှန်ကန်တဲ့ အသိစိတ်ကို ထားရှိရမှာပါ


ဝိတ်ချတဲ့အခါမှာ ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံးလုပ်နိုင်တာကို ရွေးချယ်ပါ။ ရေရှည်လုပ်နိုင်ဖို့လည်း လိုပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို သင့်တင့်မျှတအောင် စားပြီး လေ့ကျင့်ခန်း မှန်မှန်လုပ် နိုင်ရင် ဝိတ်ကျဖို့ မခက်ပါဘူး။


ကိုယ်လုပ်နိုင်တဲ့ အရာတွေကို အစီအစဉ်ချပြီး လုပ်တာက အရေးကြီးဆုံးပါ

ဝိတ်ချတော့မယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ အစီအစဉ်မချဘဲ လုပ်ရင် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဆိုလိုတာက အစီအစဉ်ထဲမှာ ဝိတ်ကျစေမယ့် အကျိုးပြုအစားအစာတွေကို တစ်ပတ်စာ ဘယ်လောက်စားမယ်၊ ဘာကိုစားမယ်ဆိုတာနဲ့ ဝိတ်တက်စေမယ့် အစားအစာတွေ မပါအောင် ဖယ်ထုတ်ကာ စာရင်းပြုစုထားသလို တစ်နေ့မှာ လေ့ကျင့်ခန်း ဘယ်နှနာရီကို ဘယ်အချိန်တွေ ရအောင်လုပ်မယ်ဆိုတာမျိုးပါ။

မှန်ကန်တဲ့ သရေစာကို ရွေးစားပါ


ဝိ်တ်ချပြီဆိုတာနဲ့ အဆာပြေသရေစာ လုံးဝမစားရဘူးလို့ မသတ်မှတ်လိုက်ပါနဲ့။ စားလို့ရပါတယ်။ မှန်ကန်တဲ့ သရေစာလေးတွေ ရွေးစားပေါ့။ အယ်လ်မွန်စေ့လို အစေ့အဆန်လေးတွေ၊ ဒိန်ချဉ် ဒိန်ခဲလို သရေစာတွေပေါ့။

 

(Zawgyi)

-----------

ဝိတ္ျမန္ျမန္က်ေအာင္ ေဆာင္ရန္ ၊ ေ႐ွာင္ရန္မ်ား

 

အစာေလွ်ာ့စားတဲ့ တစ္ခ်ိန္တည္းမွာ ေလ့က်င့္ခန္းေတြ တိုးတိုးလုပ္တာ 

သင္စားတာထက္ ကယ္လိုရီေတြ ပိုေလာင္ကြၽမ္းတဲ့အခါ ဝိတ္က်တာမွန္ေပမယ့္ အစားကိုလည္း သိသိသာသာေလွ်ာ့၊ ေလ့က်င့္ခန္းကိုလည္း အျပင္းအထန္လုပ္တဲ့အခါ မေမွ်ာ္လင့္ထားတဲ့ ဆိုးက်ိဳးေတြ ရလာႏိုင္ပါတယ္။ ဒါေၾကာင့္ က်န္းမာေစတဲ့ အဆီ၊ အသားဓာတ္နဲ႔ ကစီဓာတ္ေတြကို အညီအမွ် သင့္ေတာ္ရံုစားေပးသလို ဒါေတြ ေလာင္ကြၽမ္းသြားဖို႔ ေလ့က်င့္ခန္းေလး သင့္ရံုလုပ္ေပးေနာ္။ ေနာက္ႏွစ္ပတ္ေလာက္ၾကာမွ ေနသားက်တဲ့အခါ ေလ့က်င့္ခန္းကို ပိုတိုးလုပ္ေပါ့။


ႏွလံုးခုန္ျမန္တဲ့ Cardio ေလ့က်င့္ခန္းတစ္ခုသာ လုပ္တာ


ကယ္လိုရီေတြကို ေလာင္ကြၽမ္းေစၿပီး အဆီျပင္ေတြကို ေဖ်ာက္ေပးႏိုင္တဲ့ Cardio ေလ့က်င့္ခန္းေတြက ဝိတ္ခ်တဲ့ေနရာမွာ အေရးပါတယ္ဆိုေပမယ့္ ဒီေလ့က်င့္ခန္းတစ္မ်ိဳးတည္းကို လုပ္ေနရင္လည္း ခႏၶာကိုယ္က်စ္လ်စ္လွပဖို႔ မျဖစ္ႏိုင္ဘူးေနာ္။ ဒါေၾကာင့္ Cardio ေလ့က်င့္ခန္းအျပင္ ႂကြက္သားေတြ သန္မာေစတဲ့ ေလ့က်င့္ခန္းေလးေတြပါ အတူလုပ္ပါ။


ေလ့က်င့္ခန္းလုပ္ၿပီး အျပင္စာထြက္စားတာ


ေလ့က်င့္ခန္းလုပ္ၿပီး ေလာင္ကြၽမ္းသြားတဲ့ ကယ္လိုရီပမာဏထက္ စားလိုက္တဲ့ ကယ္လိုရီပမာဏက ပိုမ်ားေနရင္ေတာ့ ဝိတ္က်ဖို႔ ကမ္းမျမင္ လမ္းမျမင္ပါပဲ။ ျဖစ္ႏိုင္ရင္ ေလ့က်င့္ခန္းလုပ္ၿပီးခ်ိန္မွာ ၁၅၀ ကယ္လိုရီထက္ ပိုမစားမိပါေစနဲ႔။


ကစီဓာတ္နဲ႔ အဆီပါတဲ့အစားအစာေတြ လံုးဝ မစားေတာ့တာ


ဒီအစားအစာႏွစ္မ်ိဳးလံုးကို ျဖတ္လိုက္တာက လံုးဝမမွန္ကန္ပါဘူး။ သူတို႔မွာ ဆိုးတာ႐ွိသလို ေကာင္းက်ိဳးလည္း ႐ွိပါတယ္။ က်န္းမာေစတဲ့ ေကာင္းက်ိဳးျပဳအဆီေတြျဖစ္တဲ့ ေထာပတ္သီး၊ သံလြင္ဆီ၊ ဆယ္လ္မြန္ငါး၊ သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္က ရတဲ့ ကစီဓာတ္ေတြ ၊ ၿပီးေတာ့ ႏွံစားသီးႏွံေတြကို ေရြးခ်ယ္စားေပးရမွာပါ။

 

Infused Water လုပ္နည္းနဲ႔ အက်ိဳးေက်းဇူးမ်ား ဖတ္ရႈရန္ ႏွိပ္ပါ

Infused Water လုပ္နည္းနဲ႔ အက်ိဳးေက်းဇူးမ်ား


တစ္နာရီေလာက္ ေလ့က်င့္ခန္းလုပ္ဖို႔ လိုတယ္လို႔ မမွတ္ယူထားပါနဲ႔


အခ်ိန္ရလို႔ တစ္နာရီျပည့္ေအာင္ ေလ့က်င့္ခန္းလုပ္တာက မမွားပါဘူး။ ဒါေပမယ့္ ၁၀ မိနစ္စာေလာက္သာ ေလ့က်င့္ခန္းလုပ္ရင္လည္း နည္းနည္းသာ ေလာင္ကြၽမ္းပါတယ္။ တကယ္လို႔ ေလ့က်င့္ခန္းလုပ္ဖို႔ အခ်ိန္တိုတိုသာ ရရင္ ပိုျပင္းထန္ထိေရာက္တဲ့ ေလ့က်င့္ခန္းကို လုပ္ပါ။ ေလ့က်င့္ခန္း လံုးဝမလုပ္တာထက္စာရင္ ကယ္လိုရီေတြ ေလာင္ကြၽမ္းဖို႔ အခြင့္အေရးပဲေလ။


ေဖ်ာ္ရည္နဲ႔ သန္႔စင္တဲ့ နည္းကို ေမ့လိုက္ပါ


ဝိတ္က်ၿပီး ကိုယ္ခႏၶာအခ်ိဳးအစားက်ဖို႔ တစ္ေန႔လံုး ဘာမွမစားဘဲ သစ္သီးေဖ်ာ္ရည္နဲ႔ ေရေတြကိုပဲ ေသာက္ေနတာမ်ိဳးဟာ တကယ္ေတာ့ မလိုအပ္ဘူးလို႔ ပညာ႐ွင္အမ်ားစုက ဆိုပါတယ္။ ကိုယ္အေလးခ်ိန္ေတာ့ ႏွစ္ေပါင္ေလာက္ က်ေကာင္းက်ႏိုင္ေပမယ့္ အဲဒါဟာ ေရရဲ႕ အေလးခ်ိန္သာ ျဖစ္ႏိုင္ပါတယ္တဲ့။ ဒီေတာ့ အဆီနည္းတဲ့ အသား၊ သစ္သီး၊ ဟင္းသီးဟင္းရြက္၊ ႏွံစားသီးႏွံနဲ႔ အဆီေလွ်ာ့ထားတဲ့ ႏို႔ေတြကို အခ်ိဳးက် ထည့္စားေပးေနာ္။


မွန္ကန္တဲ့ အသိစိတ္ကို ထားရွိရမွာပါ


ဝိတ္ခ်တဲ့အခါမွာ ကိုယ္လုပ္ႏိုင္သေလာက္ အေကာင္းဆံုးလုပ္ႏိုင္တာကို ေရြးခ်ယ္ပါ။ ေရ႐ွည္လုပ္ႏိုင္ဖို႔လည္း လိုပါတယ္။ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအစာကို သင့္တင့္မွ်တေအာင္ စားၿပီး ေလ့က်င့္ခန္း မွန္မွန္လုပ္ ႏိုင္ရင္ ဝိတ္က်ဖို႔ မခက္ပါဘူး။


ကိုယ္လုပ္ႏိုင္တဲ့ အရာေတြကို အစီအစဥ္ခ်ၿပီး လုပ္တာက အေရးႀကီးဆံုးပါ


ဝိတ္ခ်ေတာ့မယ္လို႔ ဆံုးျဖတ္ၿပီးတာနဲ႔ အစီအစဥ္မခ်ဘဲ လုပ္ရင္ အလုပ္ျဖစ္မွာမဟုတ္ပါဘူး။ ဆိုလိုတာက အစီအစဥ္ထဲမွာ ဝိတ္က်ေစမယ့္ အက်ိဳးျပဳအစားအစာေတြကို တစ္ပတ္စာ ဘယ္ေလာက္စားမယ္၊ ဘာကိုစားမယ္ဆိုတာနဲ႔ ဝိတ္တက္ေစမယ့္ အစားအစာေတြ မပါေအာင္ ဖယ္ထုတ္ကာ စာရင္းျပဳစုထားသလို တစ္ေန႔မွာ ေလ့က်င့္ခန္း ဘယ္ႏွနာရီကို ဘယ္အခ်ိန္ေတြ ရေအာင္လုပ္မယ္ဆိုတာမ်ိဳးပါ။


မွန္ကန္တဲ့ သေရစာကို ေရြးစားပါ


ဝိ္တ္ခ်ၿပီဆိုတာနဲ႔ အဆာေျပသေရစာ လံုးဝမစားရဘူးလို႔ မသတ္မွတ္လိုက္ပါနဲ႔။ စားလို႔ရပါတယ္။ မွန္ကန္တဲ့ သေရစာေလးေတြ ေရြးစားေပါ့။ အယ္လ္မြန္ေစ့လို အေစ့အဆန္ေလးေတြ၊ ဒိန္ခ်ဥ္ ဒိန္ခဲလို သေရစာေတြေပါ့။

Read times Last modified on Friday, 07 February 2020 14:54
Rate this item
(2 votes)