What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 11 April 2020 20:37

သင့်ခန္ဓာမှာ ဘာတွေ ဘယ်လောက်များများ ရှိနေသလဲ တန်ဖိုး ဘယ်လောက် ရှိသလဲ

ကျွန်တော်တို့ခန္ဓာကိုယ်က ကျွန်တော်တို့ပိုင်တာလား အငှားလားဆိုတာ မမြဲသောတရားတွေနဲ့ တွေးတောလိုက်ရင်

အငှားဆိုတာ မြင်သာမှာပါ။ ဒီလိုပဲ သိပ္ပံဆိုင်ရာအချက်လက်တွေနဲ့လည်း ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ အစိတ်ပိုင်းဘယ် လောက်များများကများ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်လဲဆိုတာ တွက်ချက်တိုင်းတာလို့ရပါတယ်။ ဒီလိုတွက်ချက်လိုက်ပြီဆိုတာနဲ့ တန်ဖိုးအားဖြင့်ဘယ်လောက်တန်တယ်၊ အချက်အလက်ဘယ်လောက် မှတ်သား သိုမှီးထားနိုင်တယ်၊ ဆဲလ်အရေအတွက်ဘယ်လောက်များရှိတယ်ဆိုတာကို သိရှိနိုင်သလို အဲဒီထဲမှဘယ်ဟာတွေ သင့်အပိုင်မဟုတ်ဘူးဆိုတာ မြင်သာစေမှာဖြစ်ပါတယ်။

မစမ်းခင်သိထားဖို့လိုတာလေးတွေလည်းရှိပါတယ်။ ဒါလေးကိုအရင်လေ့လာကြည့်ရအောင်။
သင်သိပါရဲ့လား ….
၁။ Bill Gate ရဲ့အမှန်တကယ်တန်ဖိုးက ဒေါ်လာ ၁,၉၅၆ ပဲရှိတယ်ဆိုတာ။ (လက်ရှိ သူ့ရဲ့အပြင်က ပိုင်ဆိုင်မှု စုစုပေါင်းကတော့ ဒေါ်လာ ၁၀၂.၁ ဘီလီယံရှိပါတယ်)
၂။ ကနေဒါလူမျိုး ကမ္ဘာကျော်အဆိုတော် ဂျက်စတင်ဘီဘာရဲ့ ဦးနှောက်မှာရှိတဲ့ဆဲလ်အရေအတွက်က အသည်းမှာ ရှိတဲ့ ဆဲလ်အရေအတွက်ထက် ၅ ဆတောင်နည်းနေတယ်ဆိုတာ။
၃။ ကမ္ဘာကျော် တင်းနစ်အားကစားသမား ဆရီနာဝီလျံမှာ သွေးနီဥ ၂၄.၅ ထရီလီယံက သူမရဲ့ကိုယ်ခန္ဓာကိုယ် စွမ်း အားထောက်ပံ့ပေးနေတယ်ဆိုတာ။
၄။ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာ စွန့်ဦးတီထွင်သူ ဇူကာဘက်မှာ မှတ်သားသိုလှောင်ထားနိုင်တဲ့ပမာဏက 800 MB ပဲရှိတယ်ဆိုတာ။
၅။ အမေရိကန်သမ္မတဟောင်း အိုဘာမားရဲ့ခေါင်းအလေးချိန်က 1.4kg တောင်ရှိပြီး နှလုံးကတော့ 0.4kg ပဲရှိတယ်ဆိုတာ။

သင့်အနေနဲ့စမ်းသပ်အသုံးပြုမယ်ဆိုရင် ချက်ချင်းလက်ငင်း ဘာတွေ သိရမလဲ

• သင့်ကို ပြုလုပ်ပေးထားတဲ့ ဓာတုဓာတ်ပေါင်းတွေ၊ သ့်ကိုယ်ခန္ဓာရဲ့ တန်ဖိုး
• ခင်ဗျားမှာ အက်တမ်တွေ ဘယ်လောက်ရှိသလဲ။ အဲဒါတွေနဲ့ ဘာတွေလုပ်လို့ ရသလဲ။
• အဆီ၊ သွေး၊ အရေပြားနဲ့ ဦးနှောက်ဆဲ ဘယ်လောက်များများ သင့်မှာ ရှိသလဲ။
• သင့်အထဲမှာ ဗီဇအချက်အလက်တွေ ဘယ်လောက်များများ ရှိသလဲ။
• သင့်ကိုယ်ထဲမှာ သင်နဲ့အတူ မိုက်ခရုပ်တွေ ဘယ်လောက်များများ ရှိနေသလဲ
• သင့်ကိုယ်တွင်းမှ ကလီစာတွေရဲ့ အရွယ်အစားနဲ့ အလေးချိန်
• အလေးအပေါ့ ဘယ်လောက်များများ စွန့်ပြီးပြီလဲ။ စပမ်း သို့မဟုတ် မမျိုးဥ ဘယ်လောက်များများ ထုတ်ပြီးပြီလဲ
• မျက်တောင် ဘယ်နှကြိမ် ခတ်ပြီးပြီးလဲ။ အသက်ဘယ်နှကြိမ် ရှူပြီးပြီးလဲ။ ဘယ်နှကြိမ် သန်းဝေပြီးပြီလဲ။ ဘယ်နှကြိမ် လေလယ်ပြီးပြီလဲ။
• အဲဒါတွေအပြငိ တခြား စိတ်ဝင်စားစရာ အချက်များ သင်သိရမယ်။

စမ်းသပ်တွက်ချက်လေ့လာဖို့အတွက် စမတ်ဖုန်း၊ tablet နဲ့ desktop တို့ကနေ အသုံးပြုနိုင်ပြီး browser မှာ လည်း Chrome ၊ Firefox ၊ Safari နဲ့ Internet Explorer 10 နဲ့အထက်တို့မှာ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

စမ်းသပ်ချင်ရင်တော့ ဒီလင့်လေးကိုသွားရမှာဖြစ်ပါတယ်။
http://www.bbc.com/earth/story/the-making-of-me-and-you

 

 

zawgyi

သင့္ခႏၶာမွာ ဘာေတြ ဘယ္ေလာက္မ်ားမ်ား ရွိေနသလဲ တန္ဖိုး ဘယ္ေလာက္ ရွိသလဲ

ကြၽန္ေတာ္တို႔ခႏၶာကိုယ္က ကြၽန္ေတာ္တို႔ပိုင္တာလား အငွားလားဆိုတာ မၿမဲေသာတရားေတြနဲ႔ ေတြးေတာလိုက္ရင္ အငွားဆိုတာ ျမင္သာမွာပါ။ ဒီလိုပဲ သိပၸံဆိုင္ရာအခ်က္လက္ေတြနဲ႔လည္း ကြၽန္ေတာ္တို႔ခႏၶာကိုယ္ရဲ႕ အစိတ္ပိုင္းဘယ္ ေလာက္မ်ားမ်ားကမ်ား ကြၽန္ေတာ္တို႔ရဲ႕ကိုယ္ပိုင္လဲဆိုတာ တြက္ခ်က္တိုင္းတာလို႔ရပါတယ္။ ဒီလိုတြက္ခ်က္လိုက္ၿပီဆိုတာနဲ႔ တန္ဖိုးအားျဖင့္ဘယ္ေလာက္တန္တယ္၊ အခ်က္အလက္ဘယ္ေလာက္ မွတ္သား သိုမွီးထားႏိုင္တယ္၊ ဆဲလ္အေရအတြက္ဘယ္ေလာက္မ်ားရွိတယ္ဆိုတာကို သိရွိႏိုင္သလို အဲဒီထဲမွဘယ္ဟာေတြ သင့္အပိုင္မဟုတ္ဘူးဆိုတာ ျမင္သာေစမွာျဖစ္ပါတယ္။

မစမ္းခင္သိထားဖို႔လိုတာေလးေတြလည္းရွိပါတယ္။ ဒါေလးကိုအရင္ေလ့လာၾကည့္ရေအာင္။
သင္သိပါရဲ႕လား ….
၁။ Bill Gate ရဲ႕အမွန္တကယ္တန္ဖိုးက ေဒၚလာ ၁,၉၅၆ ပဲရွိတယ္ဆိုတာ။ (လက္ရွိ သူ႔ရဲ႕အျပင္က ပိုင္ဆိုင္မႈ စုစုေပါင္းကေတာ့ ေဒၚလာ ၁၀၂.၁ ဘီလီယံရွိပါတယ္)
၂။ ကေနဒါလူမ်ိဳး ကမာၻေက်ာ္အဆိုေတာ္ ဂ်က္စတင္ဘီဘာရဲ႕ ဦးေႏွာက္မွာရွိတဲ့ဆဲလ္အေရအတြက္က အသည္းမွာ ရွိတဲ့ ဆဲလ္အေရအတြက္ထက္ ၅ ဆေတာင္နည္းေနတယ္ဆိုတာ။
၃။ ကမာၻေက်ာ္ တင္းနစ္အားကစားသမား ဆရီနာဝီလ်ံမွာ ေသြးနီဥ ၂၄.၅ ထရီလီယံက သူမရဲ႕ကိုယ္ခႏၶာကိုယ္ စြမ္း အားေထာက္ပံ့ေပးေနတယ္ဆိုတာ။
၄။ အင္တာနက္နဲ႔ ဆိုရွယ္မီဒီယာ စြန႔္ဦးတီထြင္သူ ဇူကာဘက္မွာ မွတ္သားသိုေလွာင္ထားႏိုင္တဲ့ပမာဏက 800 MB ပဲရွိတယ္ဆိုတာ။
၅။ အေမရိကန္သမၼတေဟာင္း အိုဘာမားရဲ႕ေခါင္းအေလးခ်ိန္က 1.4kg ေတာင္ရွိၿပီး ႏွလုံးကေတာ့ 0.4kg ပဲရွိတယ္ဆိုတာ။

သင့္အေနနဲ႔စမ္းသပ္အသုံးျပဳမယ္ဆိုရင္ ခ်က္ခ်င္းလက္ငင္း ဘာေတြ သိရမလဲ

• သင့္ကို ျပဳလုပ္ေပးထားတဲ့ ဓာတုဓာတ္ေပါင္းေတြ၊ သ့္ကိုယ္ခႏၶာရဲ႕ တန္ဖိုး
• ခင္ဗ်ားမွာ အက္တမ္ေတြ ဘယ္ေလာက္ရွိသလဲ။ အဲဒါေတြနဲ႔ ဘာေတြလုပ္လို႔ ရသလဲ။
• အဆီ၊ ေသြး၊ အေရျပားနဲ႔ ဦးေႏွာက္ဆဲ ဘယ္ေလာက္မ်ားမ်ား သင့္မွာ ရွိသလဲ။
• သင့္အထဲမွာ ဗီဇအခ်က္အလက္ေတြ ဘယ္ေလာက္မ်ားမ်ား ရွိသလဲ။
• သင့္ကိုယ္ထဲမွာ သင္နဲ႔အတူ မိုက္ခ႐ုပ္ေတြ ဘယ္ေလာက္မ်ားမ်ား ရွိေနသလဲ
• သင့္ကိုယ္တြင္းမွ ကလီစာေတြရဲ႕ အ႐ြယ္အစားနဲ႔ အေလးခ်ိန္
• အေလးအေပါ့ ဘယ္ေလာက္မ်ားမ်ား စြန႔္ၿပီးၿပီလဲ။ စပမ္း သို႔မဟုတ္ မမ်ိဳးဥ ဘယ္ေလာက္မ်ားမ်ား ထုတ္ၿပီးၿပီလဲ
• မ်က္ေတာင္ ဘယ္ႏွႀကိမ္ ခတ္ၿပီးၿပီးလဲ။ အသက္ဘယ္ႏွႀကိမ္ ရႉၿပီးၿပီးလဲ။ ဘယ္ႏွႀကိမ္ သန္းေဝၿပီးၿပီလဲ။ ဘယ္ႏွႀကိမ္ ေလလယ္ၿပီးၿပီလဲ။
• အဲဒါေတြအျပငိ တျခား စိတ္ဝင္စားစရာ အခ်က္မ်ား သင္သိရမယ္။

စမ္းသပ္တြက္ခ်က္ေလ့လာဖို႔အတြက္ စမတ္ဖုန္း၊ tablet နဲ႔ desktop တို႔ကေန အသုံးျပဳႏိုင္ၿပီး browser မွာ လည္း Chrome ၊ Firefox ၊ Safari နဲ႔ Internet Explorer 10 နဲ႔အထက္တို႔မွာ အသုံးျပဳႏိုင္ေစမွာျဖစ္ပါတယ္။

စမ္းသပ္ခ်င္ရင္ေတာ့ ဒီလင့္ေလးကိုသြားရမွာျဖစ္ပါတယ္။
http://www.bbc.com/earth/story/the-making-of-me-and-you

 

Additional Info

  • Sidebar Banner: 2615-the-making-of-me-and-you
Read times Last modified on Thursday, 16 June 2022 11:30
Rate this item
(1 Vote)