What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 24 August 2019 14:07

Calorie Calculator တွက်ချက်နည်း

Calorie Calculator ဆိုတာကတော့ ဝိတ်ချချင်တဲ့သူ ၊ ဝိတ်မတတ်ဖို့အတွက် ကြိုးစားနေတဲ့သူ အတွက် အကောင်းဆုံး တွက်ချက်ပေးမယ့် နည်းလမ်းတစ်မျိုးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကျန်းမာရေးအရ ကိုယ်တစ်နေ့တာ လိုအပ်တဲ့ ပမာဏလောက်ပဲ စားသုံးမယ်ဆိုတဲ့ သူတွေအတွက်ပါ ကယ်လိုရီ အကြောင်းကို ကောင်းစွာ သိထားဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

 

Calories (ကယ်လိုရီ) ဆိုတာကတော့ အခုခေတ်မှာဆိုရင် မကြာခဏကြားကြားနေတဲ့ စကားလည်းဖြစ်ပါတယ်။ ကယ်လိုရီ ဆိုတာက အစားအသောက်ကရတဲ့ စွမ်းအင်တစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ စွမ်းအင်တွေကို သုံးပြီး ပိုတဲ့ စွမ်းအင်တွေကို အဆီအဖြစ် စုဆောင်းပါတယ်။

 

" ဥပမာ သာမန်လူတစ်ယောက်မှာ နေ့စဉ် ကယ်လိုရီ ၂၀၀၀ လောက်လိုအပ်ပါတယ်။ တနေ့တာ စားသုံးလိုက် အစားသောက်ထဲမှာ ကယ်လိုရီ ၂၃၀၀ လောက်ဖြစ်မယ်ဆိုရင် ၂၀၀၀ ထက် ပိုနေတဲ့ ကယ်လိုရီ ၃၀၀ ကို အသုံးမချဘူးဆိုရင် ခန္ဓာကိုယ်က အဆီပိုတွေအဖြစ် သိမ်းဆည်းပါတယ်။ အဆီ ၁ ပေါင်မှာ ကယ်လိုရီ ၃၅၀၀ ပါဝင်ပါတယ်။ တနေ့ကို ကယ်လိုရီ ၃၀၀ ပိုနေမယ်ဆိုရင် ၁၂ ရက် မြောက်တဲ့ နေ့မှာ ပေါင် ၁ ပေါင် တိုးလားမှာလည်း ဖြစ်ပါတယ်။ "

 

ဒီလို သိမ်ဆည်းခြင်း လုပ်ထားတာ များလာတဲ့ အချိန်မှာက လူက ၀ိတ်တက်လာတာစေမှာ ဖြစ်ပါတယ်။ ကိုယ်စားလိုက်တဲ့ ကယ်လိုရီပမာဏက ကိုယ်သုံးလိုက်တဲ့ ကယ်လိုရီပမာဏနဲ့ တူနေရင် ခန္ဓာကိုယ် ဟန်ချက်ညီအောင် ထိန်းသိမ်းတာနဲ့ အတူတူပါပဲ။

 

တစ်နေ့ တာ စားလိုက်တဲ့ ကယ်လိုရီ နဲ့ တူညီတဲ့ ကယ်လိုရီ ပမာဏ ကို လောင်ကျွမ်းနိုင်ရင် အဲ့လူက ၀ိတ်လည်း မတက် ၀ိတ်လည်း မကျ ဖြစ်နေမှာပါ။

 

ဒီနေရာမှာ တစ်ခုသိထားရမှာတော့ ကယ်လိုရီ မှာ Bad Calories နဲ့ Good Calories နှစ်မျိုးရှိပါတယ်။ ကယ်လိုရီ ၁၀၀ ပါဝင်တဲ့ အချို ၊ အဆီအဆိမ့်ပါတဲ့ မုန့် ၊ fat များတဲ့ ကိတ် တွေကို စားသုံးတာ နဲ့ ကယ်လိုရီ ၁၀၀ ပါပြီး ကျန်းမာရေး နဲ့ ညီညွှတ်တဲ့ အသီးအနှံ ၊ အသား ၊ ငါး တွေကို စားသုံးတာခြင်းလည်း မတူပါဘူး။ အချို ၊ အဆီအဆိမ့်ပါတဲ့ မုန့် ၊ fat များတဲ့ ကိတ် တွေမှာဆိုရင် အဆီပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်အတွက် အများကြီး ထိခိုက်စေပါတယ်။

 

ပုံ(၁)

 

အထက်ဖော်ပြပါ ပုံ(၁) အတိုင်း

 

Age နေရာတွင် မိမိ အသက်ကို ထည့်ပါ။

Gender နေရာတွင် ကျား ၊ မ ရွေးချယ်ပေးပါ။

Height နေရာတွင် အရပ် ပေ (Feet) ၊ လက်မ (inches) ထည့်ပါ။ (ဥပမာ ၅ ပေ ၊ ၃ လက်မ)

Weight နေရာတွင် မိမိရဲ့ ပေါင် အလေးချိန်ကို ထည့်ပါ ။

 

Activity တွင် ရွေးချယ်စရာ ၇ ခုရှိပါတယ်။

 

1 . မိမိအနေဖြင့် ကယ်လိုရီ ဘယ်လောက်လိုအပ်လဲ တွက်ချက်ခြင်းရင်တော့ Basal Metabolic Rate (BMR) ရွေးပေးပါ။ BMR အသေးစိတ်ရှိလိုပါက နှိပ်ပါ >> Basal Metabolic Rate (BMR) <<

2. တစ်ခါတလေ လေ့ကျင့်ခန်း လုပ်တယ် ဒါမှမဟုတ် လုံးဝမလုပ်ဖြစ်ဘူးဆိုရင် Sedentary: little or no exercise ရွေးပေးပါ။

3. တစ်ပတ်ကို လေ့ကျင့်ခန်း ၁ ကြိမ်ကနေ ၃ ကြိမ်အထိ လုပ်တယ်ဆိုရင် Light : exericse 1 -3 times / week ကို ရွေးပေးပါ။

 

4. အလယ်အလက် ၊ တစ်ပတ်ကို လေ့ကျင့်ခန်း ၄ ကြိမ် ၅ ကြိမ် လုပ်ဖြစ်တယ်ဆိုရင်တော့ Moderate : exercise 4-5 times / week ရွေးပေးပါ။

5. ပုံမှန် ၊ လေ့ကျင့်ခန်း တစ်ပတ်ကို ၃ ကြိမ် ၄ကြိမ် လုပ်ဖြစ်တယ်ဆိုရင်တော့ Active : daily exercise or intense exercise 3 - 4times / weeks ကို ရွေးပေးပါ ။

6 . ပုံမှန်ကျော်လွန်ပြီး ၊ တစ်ပတ်ကို လေ့ကျင့်ခန် ၆ ကြိမ် မှ ၇ ကြိမ် လုပ်ဖြစ်တယ်ဆိုရင်တော့ Very Active : intense exercise 6 - 7 times / weeks ကို ရွေးပေးပါ။

7. အလွန်အကျွံ ၊ လေ့ကျင့်ခန်းကို နေ့တိုင် အလွန်အကျွံ ပြုလုပ်တယ် ဒါမှဟုတ် သက်ဆိုင်တဲ့ လေ့ကျင့်ခန်းပြုလုပ်တယ်ဆိုရင်တော့ Extra Active : very intense exercise daily , or physical job ကို ရွေးပေးပါ။

 

အထက်ပါအတိုင် မှန်ကန်စွာ ဖြည့်ပြီးရင်တော့ Calculate ကို နိုပ်ပြီး တွက်ချက်နိုင်ပါပြီး။

 

>>> Calorie Calculator တွက်ချက်ရန် နှိပ်ပါ <<< 

 

ပုံ(၂)

BMR ကို တွက်ချက်တဲ့အခါ ပုံ(၂) အတိုင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ပုံ(၃)


ကယ်လိုရီ တွက်ချက်ပြီးနောက် တနေ့တာ လိုအပ်တဲ့ ကယ်လိုရီများကို ပုံ(၃) အတိုင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။

 

ပုံ(၄)


ရသတ္တပတ် လိုအပ်တဲ့ ကယ်လိုရီ ပမာဏတွေကို ပုံ(၄) ပါ ဇယားအတိုင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ( မှတ်ချက် - ကယ်လိုရီ ဇယားကို ကယ်လိုရီ လိုအပ်ချက်ရှိသူများကိုသာ ပြသွားမှာ ဖြစ်လို့ မလိုအပ်သူများ ဖော်ပြမှာ မဟုတ်ပါဘူး။)

 

Written By Aung Win (Health Products Guide)

Read times Last modified on Tuesday, 05 November 2019 17:14
Rate this item
(1 Vote)