What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 02 November 2019 09:48

Ideal Weight Calculator (or) Ideal Body Weight (IBW) တွက်ချက်နည်း

Ideal Weight Calculator (or) Ideal Body Weight (IBW) ဆိုတာကတော့ မိမိရဲ့ ကိုယ်အလေးချိန်က သတ်မှတ်ထားတဲ့ စံချိန်းစံညွှန်း နဲ့ ကိုက်ညီမှု ရှိ ၊ မရှိ ကို စစ်ဆေးပေးမယ့် တွက်ချက်နည်း တစ်မျိုးဖြစ်ပါတယ်။

IBW တွက်ချက်ခြင်းဖြင့် မိမိရဲ့ ကိုယ်အလေးချိန်တွေက ပုံမှန် ဟုတ် ၊ မဟုတ် ကို သိနိုင်မှာ ဖြစ်ပါတယ်။

 

ပုံမှန် ပေါင်ချိန်စက် နဲ့ ပေါင်ချိန်တာကတော့ ခန္ဓာကိုယ်အလေးချိန်ကို တိုင်းတာဖြစ်ပြီး ပေါင်အနည်းငယ်များတာ နည်းတာ နဲ့ မိမိကိုယ်ကို ဝတယ် ၊ ပိန်တယ် လို့ အလွယ်သတ်မှတ်လေ့ ရှိပါတယ်။ အမှန်တကယ်ကတော့ လူတစ်ယောက်မှာ ဘယ်လောက်အသက် ၊ ဘယ်လောက်အရပ်ဆို ပေါင်ဘယ်လောက်ရှိသင့်တယ်ဆိုတာက ရှိပြီးသာပါ။ ဒီသဘောသဘာဝ ကို ကွဲကွဲပြားပြား မသိသေးရင်တော့ မိမိကိုယ်ကို သတ်မှတ်ထားတဲ့ ကျန်းမာရေးစံနှုန်း စံညွှန်း ကိုက်ညီမှု ရှိ ၊ မရှိကို ဆုံဖြတ်ဖို့ ခက်နေအုံးမှာ ဖြစ်ပါတယ်။

 

ယခုဖော်ပြပါ IBW တွက်ချက်နည်းကတော့ တိုင်းတာရလွယ်ကူပြီး ငွေကုန်ကြေးကျသက်သာတဲ့အပြင် တိကျမှုပေးနိုင်တာကြောင့် ကမ္ဘာတစ်လွှားမှာ အသုံးများတဲ့ အတိုင်းအတာတစ်ခုဖြစ်ပါတယ်။

 

ပုံ (၁)

IBW.PNG

အထက်ဖော်ပြပါ ပုံ (၁) အတိုင်း

Age နေရာတွင် မိမိ အသက်ကို ထည့်ပါ။

Gender နေရာတွင် ကျား ၊ မ ရွေးချယ်ပေးပါ။

Height နေရာတွင် အရပ် ပေ ၊ လက်မ ထည့်ပါ။ (ဥပမာ ၅ ပေ ၊ ၃ လက်မ)

အထက်ပါအတိုင် မှန်ကန်စွာ ဖြည့်ပြီးရင်တော့ Calculate ကို နိုပ်ပြီး တွက်ချက်နိုင်ပါပြီး။

 

ပုံ(၂)

IBW1.PNG


အဖြေ ရလဒ်ကိုတော့ အထက်ပါ ပုံ(၂) အတိုင်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။

 

G. J. Hamwi Formula (1964) (or) Hamwi (1964)

Dr. GJ Hamwi {Hamwi (1964) } ဆိုသူက IBW တွက်ချက်နည်းကို 1964 ခုနှစ်တွင် ပထမဦးဆုံး ဖော်မြူလာကို ရှာဖွေတွေ့ရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူ၏ ဖော်မြူလာ တွက်ချက်မှု အဖြေရလာဒ်ကို Hamwi (1964) အကွက်တွင် ဖော်ပြသည်။

 

B. J. Devine Formula (1974) (or) Devine (1974)

The Devine {Devine (1974) } ဆိုသူသည် Hamwi (1964) ၏ ဖော်မြူလာကို အခြေခံပြီး ဒုတိယ အသစ်ကို ဖော်မြူလာတွက်ချက်နည်းကို တွက်ချက်ပြခဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူ၏ ဖော်မြူလာ တွက်ချက်မှု အဖြေရလာဒ်ကို Devine (1974) အကွက်တွင် ဖော်ပြသည်။

 

J. D. Robinson Formula (1983) (or) Robinson (1983)

Dr. Robinson {Robinson (1983) } ဆိုသူက Devine (1974) ရဲ့ ဖော်မြူလာကို အခြေခံပြီး ပြန်လည် သုံးသပ်ပြီး ဖော်မြူလာအသစ်တစ်ခုကို တွက်ချက်ပြခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူ၏ ဖော်မြူလာ တွက်ချက်မှု အဖြေရလာဒ်ကို Robinson (1983) အကွက်တွင် ဖော်ပြသည်။

 

D. R. Miller Formula (1983) (or) Miller (1983)

Dr. GJ Hamwi {Miller (1983) } ဆိုသူသည် Robinson (1983) နဲ့အပြိုင် Devine (1974) ဖော်မြူလာကို နှစ်တစ်နှစ်အတွင်း တွက်ချက်ပြခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ၏ ဖော်မြူလာ တွက်ချက်မှု အဖြေရလာဒ်ကို Miller (1983) အကွက်တွင် ဖော်ပြသည်။

 

Healthy BMI Range

Healthy BMI Range ဆိုတာကတော့ WHO မှ သတ်မှတ်ထားတဲ့ IBW ရဲ့ စံချိန်းစံညွှန်းအတိုင်း သင့် အရပ်အမြင့် အပေါ်မူတည်ပြီး ကျန်းမာရေးတဲ့ ခန္ဓာကိုယ်အလေးချိန်ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ BMI Range ဆိုတာက IBW ကိုတွက်ချက်ပြီး ထွက်ရှိလာတဲ့ အဖြေ ရလာဒ်ဖြစ်ပါတယ်။

 

များသောအားဖြင့် IBW ကို ဆေးပညာဆိုင်ရာဝန်ထမ်းများသာ အသုံးများလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ IBW တွက်ချက်ပြီး ပုံမှန်မဟုတ်သော အခြေနေတွင် BMI ကိုထပ်မံ တွက်ချက်လေ့ရှိပါတယ်။

 

>> IBW တွက်ချက်ရန် နှိပ်ပါ <<

 

BMI ပုံမှန်အောက် လျော့နည်းနေသူတွေဟာ ကိုယ်ခံအားနည်းခြင်း ၊ မကြာခဏဖျားခြင်း ၊ ရောဂါပိုးအလွယ်တကူ ဝင်ရောက်နိုင်ခြင်း ၊ အားနည်းခြင်း တို့ကို ခံစားရတတ်ပါတယ်။ BMI ပုံမှန်ထက် များနေသူတွေကတော့ အဝလွန်ခြင်း နဲ့ ဆက်စပ်ရောဂါတွေဖြစ်တဲ့ သွေးတိုးရောဂါ ၊ နှလုံးရောဂါ နဲ့ ဆီးချိုရောဂါတွေ ဖြစ်နိုင်ခြေများပြီး ဖြစ်ပြီးလူနာတွေမှာလဲ ရောဂါအခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။

 

Aung Win (Health Products Guide)

Read times Last modified on Tuesday, 05 November 2019 17:14
Rate this item
(1 Vote)