ကိုယ်ကာယလှုပ်ရှားမှုလေ့ကျင့်ခန်းများလုပ်ကာ အစားသောက်ကိုဆင်ချင်တိုင်းတာစား
ပြီးတော့ ဝိတ်ဘဲချချ အဆီဘဲချချ fitness bodybuilding ဘဲလုပ်လုပ် မိမိတို့ကစားတာ တိုးတက်မှုကို ကိုယ်အလေးချိန်တိုင်းခြင်း ကိုယ်ခန္ဓာ အချိုးစားတိုင်းခြင်းတွေ အပြင်မှာ body fat percentage အဆီအချိုးစားတိုင်းခြင်းဟာ အရေးပါတဲ့ တိုးတက်မှုတွေ နဲ့ ကိုယ်အလေးချိန် အရပ် ခါးတင်လက်ပေါင် အရွယ်စားတွေ ကို တွက်ချက်ပေးတဲ့ Calculator ဖြစ်ပါတယ်။
Body fat ဟာ ကိုယ်ခန္ဓာ အတွက်မရှိမဖြစ်တဲ့ အရာတခုပါ။ အမျိုးသားတယောက်မှာ အနည်းဆုံး5% အမျိုးသမီးတယောက်မှာဆို 11% လောက်ထိအနည်းဆုံးလိုပါတယ်။ ဒီလောက်မရရင်တောင်မှ သာမန် အဆီနဲပြီး ကျန်းမာ ကြည့်ကောင်း ဖြစ်တဲ့ လူတယောက် ဖြစ်ဖို့ အမျိုးသားက 20% အမျိုးသမီးက26% လောက်တော့ ဖြစ်သင့်ပါတယ်။ အမျိုးသားတယောက်က 26% အမျိုးသမီးတယောက်က 32% ကျော်သွားရင်တော့ ဝ တယ်လို့ ပြောလို့ရပါတယ်။
ဒီ ရာခိုင်နှုန်း သက်မှတ်ချက်တွေ ဟာ အသက်ရွယ်လိုက် ကွာခြားမှု ရှိပါတယ်။ Body fat Calculator ကို တိုင်းတဲ့နည်းတွေ အမျိုးမျိုးကိုရှိပါတယ်။
ပုံ (၁)
အထက်ဖော်ပြပါ ပုံ (၁) အတိုင်း
Gender နေရာတွင် ကျား ၊ မ ရွေးချယ်ပေးပါ။
Age နေရာတွင် မိမိ အသက်ကို ထည့်ပါ။
Height နေရာတွင် အရပ်အမြင့်ကို စင်တီမီတာဖြင့် ထည့်ပါ။
Neck နေရာတွင် လည်ပင်အတိုင်းကို စင်တီမီတာအတိုင်းဖြင့် ထည့်ပါ။
Waist နေရာတွင် ခါးပတ်လည်အတိုင်းကို စင်တီမီတာအတိုင်းဖြင့် ထည့်ပါ။
Hip နေရာတွင် တင်ပတ်လည်အတိုင်းကို စင်တီမီတာအတိုင်းဖြင့် ထည့်ပါ။
အထက်ပါအတိုင် မှန်ကန်စွာ ဖြည့်ပြီးရင်တော့ Calculate ကို နိုပ်ပြီး တွက်ချက်နိုင်ပါပြီး။
>>> Body Fat Calculator တွက်ချက်ရန် နှိပ်ပါ။<<<
ပုံ(၂)
အဖြေ ရလဒ်ကိုတော့ အထက်ပါ ပုံ(၂) အတိုင်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဖြေရလာဒ်ကို ပိန်လှသောအဆင့် ၊ အားကစားသမားအဆင့် ၊ ကျန်းမာရေးလိုက်စားသူများအဆင့် ၊ ပုံမှန် ၊ အ၀လွန်အဆင့် ဆိုပြီး ၅ မျိုးခွဲပြီး ဖော်ပြထားပါတယ်။