What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 22 August 2019 17:38

BMI Calculator (Body Mass Index) တွက်ချက်နည်း

BMI Calculator ဆိုတာကတော့ မိမိက ဝလား ၊ ပိန်းလာ ဆိုတာကို စစ်ဆေးပေးမယ့် တွက်ချက်နည်း တစ်မျိုးဖြစ်ပါတယ်။

BMI ကို တွက်ချက်ခြင်းဖြင့် မိမိရဲ့ ကိုယ်အလေးချိန်တွေက ပုံမှန် ဟုတ် ၊ မဟုတ် ကို သိနိုင်မှာ ဖြစ်ပါတယ်။

 

ပုံမှန် ပေါင်ချိန်စက် နဲ့ ပေါင်ချိန်တာကတော့ ခန္ဓာကိုယ်အလေးချိန်ကို တိုင်းတာဖြစ်ပြီး ပေါင်အနည်းငယ်များတာ နည်းတာ နဲ့ မိမိကိုယ်ကို ဝတယ် ၊ ပိန်တယ် လို့ အလွယ်သတ်မှတ်လေ့ ရှိပါတယ်။ အမှန်တကယ်ကတော့ လူတစ်ယောက်မှာ ဘယ်လောက်အသက် ၊ ဘယ်လောက်အရပ်ဆို ပေါင်ဘယ်လောက်ရှိသင့်တယ်ဆိုတာက ရှိပြီးသာပါ။ ဒီသဘောသဘာဝ ကို ကွဲကွဲပြားပြား မသိသေးရင်တော့ မိမိကိုယ်ကို ဝသလား ပိန်းသလားဆိုတာ ဆုံဖြတ်ဖို့ ခက်နေအုံးမှာ ဖြစ်ပါတယ်။

 

ယခုဖော်ပြပါ BMI တွက်ချက်နည်းကတော့ တိုင်းတာရလွယ်ကူပြီး ငွေကုန်ကြေးကျသက်သာတဲ့အပြင် တိကျမှုပေးနိုင်တာကြောင့် ကမ္ဘာတစ်လွှားမှာ အသုံးများတဲ့ အတိုင်းအတာတစ်ခုဖြစ်ပါတယ်။

 

ပုံ (၁)

 

အထက်ဖော်ပြပါ ပုံ (၁) အတိုင်း

Age နေရာတွင် မိမိ အသက်ကို ထည့်ပါ။

Gender နေရာတွင် ကျား ၊ မ ရွေးချယ်ပေးပါ။

Height နေရာတွင် အရပ် ပေ ၊ လက်မ ထည့်ပါ။ (ဥပမာ ၅ ပေ ၊ ၃ လက်မ)

Weight နေရာတွင် မိမိရဲ့ ပေါင် အလေးချိန်ကို ထည့်ပါ ။ 

အထက်ပါအတိုင် မှန်ကန်စွာ ဖြည့်ပြီးရင်တော့ Calculate ကို နိုပ်ပြီး တွက်ချက်နိုင်ပါပြီး။

 

ပုံ(၂)

အဖြေ ရလဒ်ကိုတော့ အထက်ပါ ပုံ(၂) အတိုင်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။

 

အဆိုပါ BMI အဖြေရလဒ်ကို WHO ကသတ်မှတ်ထားတဲ့စံနှုန်းအရဆိုရင် 18.5 အောက် ဆို ပိန်တယ်လို့ သတ်မှတ်ပြီး 18.5 မှ 24.9 ဆိုရင် ပုံမှန် ၊ 25 မှ 29.9 ဆို (ဝ) ၊ 30 မှ 34.5 အ၀လွန် (အဆင့် 1) ၊ 35 မှ 39.9 အ၀လွန် (အဆင့် 2) ၊ 40 အထက်ဆိုရင်တော့ အ၀လွန် (အဆင့် 3) သို့မဟုတ် အလွန်အမင်းအ၀လွန် တယ်လို့ သတ်မှတ်ပါတယ်။

 

>> BMI တွက်ချက်ရန် နှိပ်ပါ <<

 

BMI ပုံမှန်အောက် လျော့နည်းနေသူတွေဟာ ကိုယ်ခံအားနည်းခြင်း ၊ မကြာခဏဖျားခြင်း ၊ ရောဂါပိုးအလွယ်တကူ ဝင်ရောက်နိုင်ခြင်း ၊ အားနည်းခြင်း တို့ကို ခံစားရတတ်ပါတယ်။ BMI ပုံမှန်ထက် များနေသူတွေကတော့ အဝလွန်ခြင်း နဲ့ ဆက်စပ်ရောဂါတွေဖြစ်တဲ့ သွေးတိုးရောဂါ ၊ နှလုံးရောဂါ နဲ့ ဆီးချိုရောဂါတွေ ဖြစ်နိုင်ခြေများပြီး ဖြစ်ပြီးလူနာတွေမှာလဲ ရောဂါအခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။

 

Aung Win (Health Products Guide)

Read times Last modified on Tuesday, 05 November 2019 17:15
Rate this item
(2 votes)