What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 16 February 2022 16:50

သေဆုံးမှု အများဆုံးပေးခဲ့တဲ့ Delta နှင့် ကူးစက်မှုအမြန်ဆုံး Omicron ပေါင်းစပ်ထားတဲ့ Deltacron ဗြိတိန်တွင် တွေ့ရှိ

  ကိုဗစ် ၁၉ မျိုးကွဲ Delta နှင့် Omicron ပေါင်းစပ်နေသော ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို ဗြိတိန်နိုင်ငံတွင် တွေ့ရှိသဖြင့် ခြေရာခံစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဟု ဗြိတိန်ကျန်းမာရေး ဌာန ရဲ့ ထုတ်ပြန်မှုကို ကိုးကား၍ နိုင်ငံတကာမီဒီယာများက ဖော်ပြလာကြပါတယ်။ လတ်တလောတွင် အဆိုပါ မျိုးကွဲသစ်ကို Deltacron ဟု အမည်ပေးထားပြီး၊ နောက်ဆုံးတွေ့ရှိသော မျိုးကွဲသစ်တစ်ခု လည်း ဖြစ်လာပါတယ်။ မျိုးကွဲနှစ်မျိုးလုံးကို တစ်ပြိုင်နက်ခံစားရသည့် လူနာများတွင် ပေါင်းစပ်မျိုးစိတ်အသစ်သည် ဆင့်ကဲပြောင်းလဲလာသည်ဟု ကျွမ်းကျင်သူများက အခိုင်အမာဆိုနေကြသော်လည်း ယူကေတွင် ဖြစ်ပွားသည့်ရောဂါများသည် ဗြိတိန်မြေတွင် ပေါ်ပေါက်လာခြင်း သို့မဟုတ် ပြည်ပမှ ကူးစက်လာခြင်း ဟုတ် မဟုတ် ဆိုသည်မှာ မသေချာသေးဘူးလို့ ဒေသတွင်း မီဒီယာများနှင့် ပြည်ပ မီဒီယာများက ဖော်ပြ ကြပါတယ်။ တာဝန်ရှိသူများက Deltacron မည်မျှကူးစက်နိုင်သည်၊ သို့မဟုတ် မည်မျှပြင်းထန်သော ရောဂါလက္ခ ဏာများရှိသည်ကိုမသိရသေးကြောင်း၊ သို့သော် ပိုမိုနားလည်ရန် လေ့လာမှုများ ပြုလုပ်နေသလို ဒီမျိုးကွဲနဲ့ပတ်သက်ပြီး အထူးစိုးရိမ်စရာမရှိဘူးလို့လည်း ပြောဆိုထားပါတယ်။ Delta နှင့် Omicron မျိုးကွဲဗိုင်းရပ်စ် ၂မျိုး တစ်ကြိမ်ထဲတွင် ကူးစက်ခံရပါက ယခုကဲ့သို့ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်လာနိုင်ကြောင်း ပညာရှင်သုတေသီတို့က ပြီးခဲ့သည့်လအနည်းငယ်ကတည်းက ခန့်မှန်း ထားကြပြီး ယခုအခါ ယင်းခန့်မှန်းချက်အတိုင်း အမှန်တကယ် ဖြစ်လာခဲ့ပြီလို့လည်း နိုင်ငံတကာ မီဒီယာများက ဖော်ပြကြပါတယ်။ ယခုကဲ့သို့ မျိုးကွဲဗိုင်းရပ်စ် ၂ ခုပေါင်းစပ်ပြီး မျိုးကွဲသစ်ထပ်မံပေါ်ပေါက်လာခြင်းသည် ဖြစ်တောင့်ဖြစ်ခဲ ဟုဆိုသော်လည်း ကိုရိုနာဗိုင်းရပ်စ် မတိုင်မီက ထိုသို့သော ပေါင်းစပ်မျိုးကွဲဗိုင်းရပ်မျိုး ၃ ကြိမ်ပေါ် ပေါက်ခဲ့ဖူးပြီး လူရာပေါင်းများစွာကို ကူးစက်ခဲ့ဖူးတယ်လို့လည်း ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်များအရ သိရှိရပါတယ်။ MFN ရန်ကုန်။ ၂၀၂၂ ၊ ဖေဖော်ဝါရီ ၁၅ ရက်

Thursday, 04 February 2021 11:10

ခေါင်းကိုက်ခြင်းအကြောင်း သိကောင်းစရာ

ခေါင်းကိုက်ခြင်းအကြောင်း သိကောင်းစရာ ခေါင်းကိုက်ခြင်းမှာ ဦးနှောက်ကို ဝန်းရံထားသော ကြွက်သား နှင့် အမြှေးပါး ရောင်ရမ်းလာသည့်အခါမျိုး ဖြစ်ပြီး ဦးနှောက်ရဲ့အမြှေးပါး နှင့် အရိုးရဲ့အမြှေးပါး တစ်ခုခု ချို့ယွင်းမှုဖြစ်ခြင်းတို့ကြောင့် ဖြစ်စေပါတယ်။

Saturday, 30 January 2021 15:57

ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးကျောက် (Renal Calculi) ဆိုတာ မာကျောတဲ့ အရာဝတ္ထုတစ်မျိုးဖြစ်ပြီး ဆီးလမ်းကြောင်း တစ်လျှောက် ဘယ်နေရာမှာမဆို ဖြစ်ပွားနိုင်ကာ နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဆီးလမ်းကြောင်း ပိတ်ခြင်းနှင့် ရောဂါပိုးဝင်ခြင်း စတာတွေ ဖြစ်ပွားစေပါတယ်။

Thursday, 28 January 2021 19:10

နှလုံးသွေးကြောကျဉ်းရောဂါအတွက် ရောဂါရှာဖွေခြင်းနှင့်ကုသခြင်းနည်းလမ်းများ

ကျွန်မတို့ခန္ဓာကိုယ်မှာအရေးကြီးဆုံးအပိုင်းတစ်ခုဖြစ်တဲ့နှလုံးဟာ တကိုယ်လုံးရဲ့ အခြားအင်္ဂါ်များအတွက် သန့်စင်တဲ့သွေးများကိုပို့ပေးနိုင်ဖို့ နေ့ညမပြတ်အလုပ်လုပ်နေရပါတယ်။

Wednesday, 27 January 2021 20:24

ဂေါက်ရောဂါ (Gout) အကြောင်းသိကောင်းစရာ

ဂေါက်ရောဂါလို့ပြောလိုက်ရင်လူတော်တော်များက တစ်လွဲတွေးတတ်ကြပါတယ်။

Wednesday, 27 January 2021 17:06

သွေးကြောကျဉ်းခြင်းဟာ လေဖြတ်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတစ်ခု

လေဖြတ်ခြင်း နဲ့ တကျော့ပြန်လေဖြတ်ခြင်းကို လွှမ်းမိုးနေတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဖြစ်နိုင်ခြေအကြောင်းခြင်းရာတွေ သင့်မှာရှိလေ၊ သင်ဟာ လေဖြတ်နိုင်ခြေ အခွင့်အရေးများလေ ဖြစ်ပါတယ်။

Tuesday, 26 January 2021 13:54

ဆီးချိုခြေထောက်နာရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ

ဆီးချိုဝေဒနာရှင်တွေဟာ မတူညီတဲ့ ခြေဖဝါးပြဿနာမျိုးစုံကို ရင်ဆိုင်ကြရပါတယ်။ ပုံမှန်ပြဿနာတွေကတောင် ပိုဆိုးလာနိုင်ပြီး ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ခြေဖဝါးပြဿနာတွေဟာ အာရုံကြောပျက်စီးခြင်း (neuropathy) ဖြစ်ရင် အဖြစ်များပါတယ်။

Monday, 25 January 2021 17:29

ဆီးချိုကြောင့်ဖြစ်သော အာရုံကြောရောဂါ (၄) မျိုး

အာရုံကြောရောဂါဖြစ်ခြင်းသို့ အာရုံကြောထိခိုက်ခြင်းဟာဆီးချိုရဲ့ ဆိုးရွားပြီးပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာ ဖြစ်ပါတယ်။