What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 05 October 2018 13:44

အဆီက်ိတ္မ်ား

အဆီက်ိတ္ဆိုတာက Lipoma ေရာဂါကို ေခၚတာပါ။ အဆီက်ိတ္ေရာဂါက အမ်ားစုကမစိုးရိမ္ရပါဘူး။
ကင္ဆာမဟုတ္ပါဘူး ဒါေပမယ့္ အနည္းစုေသာသူေတြမွာေတာ့ ကင္ဆာ အျဖစ္ေျပာင္းတတ္ၾကပါတယ္။ အဆီက်ိတ္ေလးေတြက ေယာက်ာ္းမိန္းမအသက္အ႐ြယ္မေ႐ြးျဖစ္တတ္ပါတယ္။ အဆီက်ိတ္ျဖစ္တဲ့အခါ တစ္ခ်ိဳ႕က တစ္ေနရာတည္းမွာပဲ တစ္လုံးတည္းျဖစ္တယ္ တစ္ခ်ိဳ႕က်ေတာ့ ေနရာေတြအမ်ားႀကီးၿပိဳင္တူျဖစ္တယ္။အဆီက်ိတ္ Lipoma ေတြမွာ ဘာေၾကာင့္ျဖစ္တယ္လို႔ သတ္သတ္မွတ္မွတ္မရွိပါဘူး။ ကိုယ္အေလးခ်ိန္မ်ားတဲ့သူမို႔ျဖစ္တာလည္းမရွိပါဘူး အဆီအဆိမ့္အစားမ်ားတာနဲ႔လည္း မဆိုင္ပါဘူး မ်ိဳး႐ိုးလိုက္ၿပီးျဖစ္တာလည္း မဟုတ္ပါဘူး ျဖစ္ခ်င္တဲ့ သူတိုင္းမွာျဖစ္တာမ်ိဳးပါ။
အဆီက်ိတ္ေတြ ျဖစ္ႏိုင္တဲ့ ေနရာ အမ်ားစုကေတာ့ လည္ဂုတ္၊ လက္ေမာင္း၊ လက္ဖ်ံ၊ ေပါင္၊ ေျခသလုံး၊ ဝမ္းဗိုက္လိုေနရာေတြမွာပါ အေရျပားေအာက္မွာရွိတဲ့ Subcutaneous fat လို႔ေခၚတဲ့ အလႊာကေန စၿပီး အဆီက်ိတ္ေတြျဖစ္လာတာပါ။ အဆီက်ိတ္ေတြက စျဖစ္ကာစအ႐ြယ္ကေန သိပ္ၿပီးႀကီးမလာတတ္ဘူး။ ႏွစ္နဲ႔ ခ်ီၿပီးၾကာမွ နည္းနည္းႀကီးလာတတ္တယ္။ ဒါေၾကာင့္ အၿမဲတမ္းခြဲစိတ္ဖို႔မလိုပါဘူး။ အဆီက်ိတ္ေတြက အထဲမွာ အဆီေတြ ျဖစ္တာေၾကာင့္ ကိုင္ၾကည့္ရင္ ေပ်ာ့စိစိနဲ႔ ခံစားရပါလိမ့္မယ္။ အလုံးကို အေပၚကဖိၾကည့္ၿပီးလက္လႊတ္တဲ့ အခါလည္း အဆီေတြျဖစ္ေနတာေၾကာင့္ ျဖည္းျဖည္းခ်င္းျပန္ျပည့္လာတာကို ေတြ႕ရမွာပါ။
အလုံးအက်ိတ္ေတြ မနာရင္ ကင္ဆာကို စိုးရိမ္ရတယ္ဆိုေပမယ့္ အဆီက်ိတ္ကကင္ဆာမဟုတ္ပါဘူး။ အဆီက်ိတ္ေတြက လႈပ္ရွားလို႔လြယ္ပါတယ္။ အေပၚေအာက္ ေဘးေတြ လႈပ္ရွားၾကည့္ပါ ေကာင္းေကာင္းလႈပ္လို႔ရပါတယ္။ အဆီက်ိတ္အေပၚကအေရျပားကိုလည္း အေပၚကို ဆြဲၾကည့္လို႔ရပါတယ္။ ဘာေၾကာင့္လဲဆိုရင္ အဆီက်ိတ္ေတြက အေပၚေအာက္ေဘးမွာရွိတဲ့ အေရျပားေတြ ႂကြက္သားေတြကို တြယ္ကပ္မေနတာေၾကာင့္ပါ။
တခ်ိဳ႕ေတြက်ေတာ့ အဆီက်ိတ္ကို စိုးရိမ္စိတ္မ်ားၿပီး မၾကာခဏဆိုသလို လက္နဲ႔စမ္းၾကည့္ေနတတ္ၾကတယ္။ လက္မသန႔္တာေၾကာင့္ျဖစ္ေစ လက္သည္းနဲ႔ျခစ္မိသြားတာေၾကာင့္ျဖစ္ေစ၊ လက္နဲ႕ ခဏခဏကိုင္တြယ္မိတာေတြေၾကာင့္ျဖစ္ေစ တခါတရံမွာေတာ့ အဆီက်ိတ္ေတြထဲ ပိုးဝင္ၿပီး ေယာင္လာတတ္ပါတယ္။ ပိုးဝင္တဲ့အခါ အဆီက်ိတ္ေတြမွာ နီလာမယ္ ပိုႀကီးလာမယ္ ပိုတင္းလာမယ္ တဆစ္ဆစ္နဲ႔ နာလာတတ္တယ္။ ပိုဆိုးလာရင္ ဖ်ားတာေတြ အက်ိတ္ထြက္တာေတြပါ ျဖစ္လာတတ္ပါတယ္။ ဒီလိုအခါဆိုရင္ေတာ့ ပိုးသတ္ေဆးေသာက္တာေတြလိုလာတတ္ပါတယ္။ ပိုဆိုးရင္ အထဲမွာျပည္တည္ေနတာေၾကာင့္ ခြဲဖို႔ ျပည္ထုတ္ဖို႔လည္းလိုလာတတ္တယ္။
ပုံမွန္အားျဖင့္ေတာ့ အဆီက်ိတ္ေတြက ေဆးေသာက္ဖို႔လည္းမလိုတတ္ဘူး။ အေလာတႀကီးခြဲဖို႔လည္းမလိုတတ္ဘူး အလွအပေၾကာင့္ျဖစ္ေစ အလုပ္အကိုင္ေၾကာင့္ျဖစ္ေစ ခြဲစိတ္ဖို႔လိုလာရင္ေတာ့ ခြဲၿပီးတဲ့ အခါ အသားစပို႔စစ္ဖို႔ေတာ့ လိုပါတယ္။ဒါေပမယ့္ ျဖစ္စကေန ျဖစ္ေစ အခ်ိန္တစ္ခုအတြင္းျဖစ္ေစ အဆီက်ိတ္ေတြ အလ်င္အျမန္ ႀကီးလာတယ္ ေကာင္းမြန္စြာလႈပ္ရွားမရဘူး တစ္ခါခြဲၿပီး ျပန္ျပန္ျဖစ္ေနတယ္ ဆိုရင္ေတာ့ အခ်ိန္ေစာစီးစြာ ဆရာဝန္ေတြ ျပၿပီး ကုသဖို႔လိုအပ္ပါတယ္။
Source:ondr.co(Dr. CST)
 
{Unicode}
======

အဆီကျိတ်များ

အဆီကျိတ်ဆိုတာက Lipoma ရောဂါကို ခေါ်တာပါ။ အဆီကျိတ်ရောဂါက အများစုကမစိုးရိမ်ရပါဘူး။ ကင်ဆာမဟုတ်ပါဘူး ဒါပေမယ့် အနည်းစုသောသူတွေမှာတော့ ကင်ဆာ အဖြစ်ပြောင်းတတ်ကြပါတယ်။ အဆီကျိတ်လေးတွေက ယောကျာ်းမိန်းမအသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ အဆီကျိတ်ဖြစ်တဲ့အခါ တစ်ချို့က တစ်နေရာတည်းမှာပဲ တစ်လုံးတည်းဖြစ်တယ် တစ်ချို့ကျတော့ နေရာတွေအများကြီးပြိုင်တူဖြစ်တယ်။အဆီကျိတ် Lipoma တွေမှာ ဘာကြောင့်ဖြစ်တယ်လို့ သတ်သတ်မှတ်မှတ်မရှိပါဘူး။ ကိုယ်အလေးချိန်များတဲ့သူမို့ဖြစ်တာလည်းမရှိပါဘူး အဆီအဆိမ့်အစားများတာနဲ့လည်း မဆိုင်ပါဘူး မျိုးရိုးလိုက်ပြီးဖြစ်တာလည်း မဟုတ်ပါဘူး ဖြစ်ချင်တဲ့ သူတိုင်းမှာဖြစ်တာမျိုးပါ။


အဆီကျိတ်တွေ ဖြစ်နိုင်တဲ့ နေရာ အများစုကတော့ လည်ဂုတ်၊ လက်မောင်း၊ လက်ဖျံ၊ ပေါင်၊ ခြေသလုံး၊ ဝမ်းဗိုက်လိုနေရာတွေမှာပါ အရေပြားအောက်မှာရှိတဲ့ Subcutaneous fat လို့ခေါ်တဲ့ အလွှာကနေ စပြီး အဆီကျိတ်တွေဖြစ်လာတာပါ။ အဆီကျိတ်တွေက စဖြစ်ကာစအရွယ်ကနေ သိပ်ပြီးကြီးမလာတတ်ဘူး။ နှစ်နဲ့ ချီပြီးကြာမှ နည်းနည်းကြီးလာတတ်တယ်။ ဒါကြောင့် အမြဲတမ်းခွဲစိတ်ဖို့မလိုပါဘူး။ အဆီကျိတ်တွေက အထဲမှာ အဆီတွေ ဖြစ်တာကြောင့် ကိုင်ကြည့်ရင် ပျော့စိစိနဲ့ ခံစားရပါလိမ့်မယ်။ အလုံးကို အပေါ်ကဖိကြည့်ပြီးလက်လွှတ်တဲ့ အခါလည်း အဆီတွေဖြစ်နေတာကြောင့် ဖြည်းဖြည်းချင်းပြန်ပြည့်လာတာကို တွေ့ရမှာပါ။

 

အလုံးအကျိတ်တွေ မနာရင် ကင်ဆာကို စိုးရိမ်ရတယ်ဆိုပေမယ့် အဆီကျိတ်ကကင်ဆာမဟုတ်ပါဘူး။ အဆီကျိတ်တွေက လှုပ်ရှားလို့လွယ်ပါတယ်။ အပေါ်အောက် ဘေးတွေ လှုပ်ရှားကြည့်ပါ ကောင်းကောင်းလှုပ်လို့ရပါတယ်။ အဆီကျိတ်အပေါ်ကအရေပြားကိုလည်း အပေါ်ကို ဆွဲကြည့်လို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် အဆီကျိတ်တွေက အပေါ်အောက်ဘေးမှာရှိတဲ့ အရေပြားတွေ ကြွက်သားတွေကို တွယ်ကပ်မနေတာကြောင့်ပါ။

 

တချို့တွေကျတော့ အဆီကျိတ်ကို စိုးရိမ်စိတ်များပြီး မကြာခဏဆိုသလို လက်နဲ့စမ်းကြည့်နေတတ်ကြတယ်။ လက်မသန့်တာကြောင့်ဖြစ်စေ လက်သည်းနဲ့ခြစ်မိသွားတာကြောင့်ဖြစ်စေ၊ လက်နဲ့ ခဏခဏကိုင်တွယ်မိတာတွေကြောင့်ဖြစ်စေ တခါတရံမှာတော့ အဆီကျိတ်တွေထဲ ပိုးဝင်ပြီး ယောင်လာတတ်ပါတယ်။ ပိုးဝင်တဲ့အခါ အဆီကျိတ်တွေမှာ နီလာမယ် ပိုကြီးလာမယ် ပိုတင်းလာမယ် တဆစ်ဆစ်နဲ့ နာလာတတ်တယ်။

 

ပိုဆိုးလာရင် ဖျားတာတွေ အကျိတ်ထွက်တာတွေပါ ဖြစ်လာတတ်ပါတယ်။ ဒီလိုအခါဆိုရင်တော့ ပိုးသတ်ဆေးသောက်တာတွေလိုလာတတ်ပါတယ်။ ပိုဆိုးရင် အထဲမှာပြည်တည်နေတာကြောင့် ခွဲဖို့ ပြည်ထုတ်ဖို့လည်းလိုလာတတ်တယ်။ ပုံမှန်အားဖြင့်တော့ အဆီကျိတ်တွေက ဆေးသောက်ဖို့လည်းမလိုတတ်ဘူး။ အလောတကြီးခွဲဖို့လည်းမလိုတတ်ဘူး အလှအပကြောင့်ဖြစ်စေ အလုပ်အကိုင်ကြောင့်ဖြစ်စေ ခွဲစိတ်ဖို့လိုလာရင်တော့ ခွဲပြီးတဲ့ အခါ အသားစပို့စစ်ဖို့တော့ လိုပါတယ်။ဒါပေမယ့် ဖြစ်စကနေ ဖြစ်စေ အချိန်တစ်ခုအတွင်းဖြစ်စေ အဆီကျိတ်တွေ အလျင်အမြန် ကြီးလာတယ် ကောင်းမွန်စွာလှုပ်ရှားမရဘူး တစ်ခါခွဲပြီး ပြန်ပြန်ဖြစ်နေတယ် ဆိုရင်တော့ အချိန်စောစီးစွာ ဆရာဝန်တွေ ပြပြီး ကုသဖို့လိုအပ်ပါတယ်။

Read times Last modified on Friday, 27 December 2019 18:17
Rate this item
(1 Vote)