What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 05 December 2018 15:14

ကျောက်ကပ် ပြဿနာမှ ကာကွယ်နိုင်အောင်

မကြာခဏ မောပန်းတတ်တာနဲ့ လေပွတတ်တာဟာ ကျောက်ကပ် ပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူထဲက ၄၁ သန်းဟာ ကျောက်ကပ်ပြဿနာနဲ့ ကြုံတွေ့နေကြရပြီး မောပန်းတာ၊ မှတ်ဉာဏ် ကျဆင်းတာနဲ့ ခြေထောက် ဖောရောင်တာလိုမျိုး လက္ခဏာတွေ ပြတတ်ပါတယ်။ အောက်ပါတို့ဟာ ကျောက်ကပ်ပြဿနာ ဖြစ်နိုင်ခြေကို ၇၅ ရာခိုင်နှုန်း အထိ လျှော့ချနိုင်တာကြောင့် ပြုလုပ်သင့်တဲ့ အကြောင်းအရာတွေပါ။

 

(၁) ကျောက်ကပ် ကျောက်တည်ခြင်း မဖြစ်အောင် အချဉ်အရသာရှိတဲ့ သစ်သီး စားပါ

ကျောက်ကပ်မှာ ကျောက်တည်တဲ့ ပြဿနာရှိရင် သေးငယ်တဲ့ အရွယ်ပမာဏ ကျောက်လေးတွေတောင် အညစ်အကြေး သန့်စင်နိုင်တဲ့ ပြွန်လမ်းကြောင်းလေးတွေကို ပိတ်ဆို့နိုင်တဲ့အတွက် ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ကျောက်ကပ်က သန့်စင်နိုင်စွမ်း လျော့နည်း သွားနိုင်ပါတယ်။ ဗီတာမင်စီများစွာ ပါဝင်တဲ့ အချဉ်အရသာရှိတဲ့ သစ်သီး ဒါမှမဟုတ် ဘယ်ရီသီး တစ်ခွက်စာကို နေ့စဉ်စားသုံးရင် ကျောက်ကပ် ကျောက်တည်နိုင်ခြေ ၅၀ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ ဆွီဒင်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။အစားအစာမှ ရရှိတဲ့ ဗီတာမင်စီဟာ ကျောက်တည်စေနိုင်တဲ့ ပုံဆောင်ခဲ သေးသေးလေးတွေကို ပျော်ဝင်နိုင်တာကြောင့်ပါလို့ ဆိုပါတယ်။

 

(၂) သွေးဖိအား ကျဆင်းအောင် နို့နဲ့ နို့ထွက်ပစ္စည်း စားပါ

သွေးတိုးရောဂါ ရှိတာဟာ ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။ သွေးတိုးရောဂါရှိတာဟာ ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တဲ့ အဓိက အချက်ပါ။ သွေးဖိအား ကျဆင်းပြီး ကျောက်ကပ် ကျန်းမာရေး ကောင်းအောင် နေ့စဉ် အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ်တစ်ခွက်နဲ့ နွားနို့ တစ်ခွက်ကို သောက်ပေးပါ။ ၉၀၀ မီလီဂရမ် ပမာဏရှိတဲ့ ကယ်လ်စီယမ်ကို ရရှိစေတာကြောင့် သွေးကြောတွေ relax ရရှိပြီး သွေးဖိအား မြင့်တက်နိုင်ခြေ ၂၅ ရာခိုင်နှုန်း လျှော့ချနိုင်ကာ သွေးတိုးရှိသူတွေကို သွေးဖိအားအမှတ် ငါးမှတ် ကျဆင်းနိုင်တယ်လို့ တီနီးဆီးလ် တက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

 

(၃) ကျောက်ကပ် ပျက်စီးမှုမရှိအောင် စပျစ်သီးအစေ့ စားပါ

နှလုံးသွေးကြောတွေကို ပိတ်ဆို့နိုင်တဲ့ အဆီတွေဟာ ကျောက်ကပ်အတွင်း သွေးကြောတွေကိုလည်း ပိတ်ဆို့နိုင်ပြီး ကျောက်ကပ် ပျက်စီးနိုင်ပါတယ်။ နေ့စဉ် Grape Seed Extract 300 mg မှီဝဲဲပါက ခြောက်ပတ်အတွင်း အဆီစုဆောင်းမှုကို ဖယ်ရှားနိုင်ပြီး ကျောက်ကပ်စွမ်းအင် ပြန်လည် ပြည့်ဝနိုင်တယ်လို့ သုတေသီတွေက ဖော်ထုတ်ထားပါတယ်။ Grape Seed Extract ဟာ ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် သင်ဟာ မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်တတ်သူ ဖြစ်ရင်လည်း ရောဂါ ပြန်လည်ဖြစ်နှုန်း လျော့သွားနိုင်တယ်လို့ အာဟာရဆိုင်ရာ ပညာရှင်က ပြောပါတယ်။

 

(၄) ကျောက်ကပ် ဒုက္ခမရောက်အောင် အသိဉာဏ်နဲ့ ဆေးသောက်ပါ

မကြာခဏ ကိုက်ခဲတတ်လို့ အက်စပရင် ဒါမှမဟုတ် ပါရာစီတမော ဆေးဝါးလိုမျိုး အကိုက်အခဲ ပျောက်ဆေးတွေ သောက်သုံးနေရရင် တတ်နိုင်သမျှ ပမာဏနည်းနည်းသာ သောက်သင့်ပါတယ်။ ပမာဏ နည်းတာကြောင့် ကျောက်ကပ်မှာ ဒဏ်ပိနိုင်ခြေ လျော့နည်းသွားတယ်လို့ UCLA မှ သုတေသီတွေက ဆိုပါတယ်။ သင်ဟာ အကိုက်အခဲ ပျောက်ဆေးကို ပမာဏများစွာ သောက်သုံးဖို့ လိုအပ်ရင် ဒါမှမဟုတ် အကိုက်အခဲ ပျောက်ဆေးကို လေးရက်ထက် ပိုကြာပြီး သုံးနေရရင် ဒါမှမဟုတ် ဆေးဝါးမျိုးစုံ သုံးနေရရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ အသုံးပြုသင့်တယ်လို့ နယူးယောက် အမျိုးသားကျောက်ကပ်အဖွဲ့မှ ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ အထူးကုဆရာဝန်တွေက ပြောပါတယ်။

 

(၅) ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ စားပါ

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီမှာ ပါဝင်တဲ့ ဆာလဖာဒြပ်ပေါင်းတွေဟာ ကျောက်ကပ်အတွင်း အဆိပ်အတောက်တွေကို ပြေစေပြီး အညစ်အကြေးတွေကို ဖြိုခွဲပစ်နိုင်တယ်လို့ သိရပါတယ်။ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာ တစ်သျှူးတွေ အနာကျက်စေနိုင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေလည်း အများအပြား ပါဝင်တာကြောင့် သူတို့ကို နေ့စဉ် စားသုံးရင် ကျောက်ကပ် ပျက်စီးနိုင်ခြေ နည်းသွားတယ်လို့ ဆိုပါတယ်။ ကညွတ်ဟာလည်း ကျောက်ကပ်စွမ်းအင် ပြန်ပြည့်နိုင်တဲ့ အစွမ်းထက်ပစ္စည်း ဖြစ်တာမို့ တစ်ပတ်ကို နှစ်ကြိမ် စားသုံးပေးရင် ကျောက်ကပ်အတွင်းမှ အဆိပ်အတောက်တွေ ပျက်ပြယ်စေနိုင်ပါတယ်။

 

ဒေါက်တာခင်မိုးမိုး

Read:အသက္ႀကီးျခင္းနဲ႔ ပတ္သက္ျပီး အမ်ိဳးသမီးမ်ား အေၾကာက္ဆုံး အရာ ငါးမ်ိဳး

အသက္ႀကီးျခင္းနဲ႔ ပတ္သက္ျပီး အမ်ိဳးသမီးမ်ား အေၾကာက္ဆုံး အရာ ငါးမ်ိဳး

{Zawgyi}

======

ေက်ာက္ကပ္ ျပႆနာမွ ကာကြယ္ႏုိင္ေအာင္


မၾကာခဏ ေမာပန္းတတ္တာနဲ႔ ေလပြတတ္တာဟာ ေက်ာက္ကပ္ ျပႆနာေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။ တစ္ကမ႓ာလံုးမွာ ရွိတဲ့ လူထဲက ၄၁ သန္းဟာ ေက်ာက္ကပ္ျပႆနာနဲ႔ ႀကံဳေတြ႕ေနၾကရၿပီး ေမာပန္းတာ၊ မွတ္ဉာဏ္ က်ဆင္းတာနဲ႔ ေျခေထာက္ ေဖာေရာင္တာလုိမ်ဳိး လကၡဏာေတြ ျပတတ္ပါတယ္။ ေအာက္ပါတုိ႔ဟာ ေက်ာက္ကပ္ျပႆနာ ျဖစ္ႏုိင္ေျခကုိ ၇၅ ရာခုိင္ႏႈန္း အထိ ေလွ်ာ့ခ်ႏုိင္တာေၾကာင့္ ျပဳလုပ္သင့္တဲ့ အေၾကာင္းအရာေတြပါ။

 

(၁) ေက်ာက္ကပ္ ေက်ာက္တည္ျခင္း မျဖစ္ေအာင္ အခ်ဥ္အရသာရွိတဲ့ သစ္သီး စားပါ

ေက်ာက္ကပ္မွာ ေက်ာက္တည္တဲ့ ျပႆနာရွိရင္ ေသးငယ္တဲ့ အရြယ္ပမာဏ ေက်ာက္ေလးေတြေတာင္ အညစ္အေၾကး သန္႔စင္ႏုိင္တဲ့ ႁပြန္လမ္းေၾကာင္းေလးေတြကုိ ပိတ္ဆုိ႔ႏုိင္တဲ့အတြက္ ခႏၶာကုိယ္မွ အဆိပ္အေတာက္ေတြကုိ ေက်ာက္ကပ္က သန္႔စင္ႏုိင္စြမ္း ေလ်ာ့နည္း သြားႏုိင္ပါတယ္။ ဗီတာမင္စီမ်ားစြာ ပါဝင္တဲ့ အခ်ဥ္အရသာရွိတဲ့ သစ္သီး ဒါမွမဟုတ္ ဘယ္ရီသီး တစ္ခြက္စာကုိ ေန႔စဥ္စားသံုးရင္ ေက်ာက္ကပ္ ေက်ာက္တည္ႏုိင္ေျခ ၅၀ ရာခုိင္ႏႈန္းအထိ ေလ်ာ့က်ႏုိင္တယ္လုိ႔ ဆီြဒင္မွ သုေတသီေတြက ေတြ႕ရွိခဲ့ပါတယ္။အစားအစာမွ ရရွိတဲ့ ဗီတာမင္စီဟာ ေက်ာက္တည္ေစႏုိင္တဲ့ ပံုေဆာင္ခဲ ေသးေသးေလးေတြကုိ ေပ်ာ္ဝင္ႏုိင္တာေၾကာင့္ပါလုိ႔ ဆုိပါတယ္။

 

(၂) ေသြးဖိအား က်ဆင္းေအာင္ ႏုိ႔နဲ႔ ႏုိ႔ထြက္ပစၥည္း စားပါ

ေသြးတုိးေရာဂါ ရွိတာဟာ ေက်ာက္ကပ္ကုိ ပ်က္စီးေစႏုိင္ပါတယ္။ ေသြးတုိးေရာဂါရွိတာဟာ ေက်ာက္ကပ္ေရာဂါ ျဖစ္ေစႏုိင္တဲ့ အဓိက အခ်က္ပါ။ ေသြးဖိအား က်ဆင္းၿပီး ေက်ာက္ကပ္ က်န္းမာေရး ေကာင္းေအာင္ ေန႔စဥ္ အဆီပါဝင္မႈနည္းတဲ့ ဒိန္ခ်ဥ္တစ္ခြက္နဲ႔ ႏြားႏုိ႔ တစ္ခြက္ကုိ ေသာက္ေပးပါ။ ၉၀၀ မီလီဂရမ္ ပမာဏရွိတဲ့ ကယ္လ္စီယမ္ကုိ ရရွိေစတာေၾကာင့္ ေသြးေၾကာေတြ relax ရရွိၿပီး ေသြးဖိအား ျမင့္တက္ႏုိင္ေျခ ၂၅ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ႏုိင္ကာ ေသြးတုိးရွိသူေတြကုိ ေသြးဖိအားအမွတ္ ငါးမွတ္ က်ဆင္းႏုိင္တယ္လုိ႔ တီနီးဆီးလ္ တကၠသုိလ္မွ သုေတသီေတြက ေတြ႕ရွိခဲ့ပါတယ္။

 

(၃) ေက်ာက္ကပ္ ပ်က္စီးမႈမရွိေအာင္ စပ်စ္သီးအေစ့ စားပါ

ႏွလံုးေသြးေၾကာေတြကုိ ပိတ္ဆုိ႔ႏုိင္တဲ့ အဆီေတြဟာ ေက်ာက္ကပ္အတြင္း ေသြးေၾကာေတြကုိလည္း ပိတ္ဆုိ႔ႏုိင္ၿပီး ေက်ာက္ကပ္ ပ်က္စီးႏုိင္ပါတယ္။ ေန႔စဥ္ Grape Seed Extract 300 mg မွီဝဲဲဲပါက ေျခာက္ပတ္အတြင္း အဆီစုေဆာင္းမႈကုိ ဖယ္ရွားႏုိင္ၿပီး ေက်ာက္ကပ္စြမ္းအင္ ျပန္လည္ ျပည့္ဝႏုိင္တယ္လုိ႔ သုေတသီေတြက ေဖာ္ထုတ္ထားပါတယ္။ Grape Seed Extract ဟာ ဘက္တီးရီးယားေတြကုိလည္း ေသေစႏုိင္တဲ့ ဂုဏ္သတၱိ ရွိတာေၾကာင့္ သင္ဟာ မၾကာခဏ ဆီးလမ္းေၾကာင္း ပုိးဝင္တတ္သူ ျဖစ္ရင္လည္း ေရာဂါ ျပန္လည္ျဖစ္ႏႈန္း ေလ်ာ့သြားႏုိင္တယ္လုိ႔ အာဟာရဆုိင္ရာ ပညာရွင္က ေျပာပါတယ္။

 

(၄) ေက်ာက္ကပ္ ဒုကၡမေရာက္ေအာင္ အသိဉာဏ္နဲ႔ ေဆးေသာက္ပါ

မၾကာခဏ ကုိက္ခဲတတ္လုိ႔ အက္စပရင္ ဒါမွမဟုတ္ ပါရာစီတေမာ ေဆးဝါးလုိမ်ဳိး အကုိက္အခဲ ေပ်ာက္ေဆးေတြ ေသာက္သံုးေနရရင္ တတ္ႏုိင္သမွ် ပမာဏနည္းနည္းသာ ေသာက္သင့္ပါတယ္။ ပမာဏ နည္းတာေၾကာင့္ ေက်ာက္ကပ္မွာ ဒဏ္ပိႏုိင္ေျခ ေလ်ာ့နည္းသြားတယ္လုိ႔ UCLA မွ သုေတသီေတြက ဆုိပါတယ္။ သင္ဟာ အကုိက္အခဲ ေပ်ာက္ေဆးကုိ ပမာဏမ်ားစြာ ေသာက္သံုးဖုိ႔ လုိအပ္ရင္ ဒါမွမဟုတ္ အကုိက္အခဲ ေပ်ာက္ေဆးကုိ ေလးရက္ထက္ ပုိၾကာၿပီး သံုးေနရရင္ ဒါမွမဟုတ္ ေဆးဝါးမ်ဳိးစံု သံုးေနရရင္ ဆရာဝန္နဲ႔ တုိင္ပင္ၿပီးမွသာ အသံုးျပဳသင့္တယ္လို႔ နယူးေယာက္ အမ်ဳိးသားေက်ာက္ကပ္အဖြဲ႕မွ ဆီးနဲ႔ေက်ာက္ကပ္ဆုိင္ရာ အထူးကုဆရာဝန္ေတြက ေျပာပါတယ္။

 

(၅) ၾကက္သြန္ျဖဴနဲ႔ ၾကက္သြန္နီ စားပါ

ၾကက္သြန္ျဖဴနဲ႔ ၾကက္သြန္နီမွာ ပါဝင္တဲ့ ဆာလဖာျဒပ္ေပါင္းေတြဟာ ေက်ာက္ကပ္အတြင္း အဆိပ္အေတာက္ေတြကုိ ေျပေစၿပီး အညစ္အေၾကးေတြကုိ ၿဖိဳခြဲပစ္ႏုိင္တယ္လုိ႔ သိရပါတယ္။ၾကက္သြန္နီနဲ႔ ၾကက္သြန္ျဖဴမွာ တစ္သွ်ဴးေတြ အနာက်က္ေစႏုိင္တဲ့ ဓာတ္တုိး ဆန္႔က်င္ပစၥည္းေတြလည္း အမ်ားအျပား ပါဝင္တာေၾကာင့္ သူတုိ႔ကုိ ေန႔စဥ္ စားသံုးရင္ ေက်ာက္ကပ္ ပ်က္စီးႏုိင္ေျခ နည္းသြားတယ္လုိ႔ ဆုိပါတယ္။ ကၫြတ္ဟာလည္း ေက်ာက္ကပ္စြမ္းအင္ ျပန္ျပည့္ႏုိင္တဲ့ အစြမ္းထက္ပစၥည္း ျဖစ္တာမို႔ တစ္ပတ္ကုိ ႏွစ္ႀကိမ္ စားသံုးေပးရင္ ေက်ာက္ကပ္အတြင္းမွ အဆိပ္အေတာက္ေတြ ပ်က္ျပယ္ေစႏုိင္ပါတယ္။

 

ေဒါက္တာခင္မိုးမိုး

Read times Last modified on Thursday, 02 January 2020 17:41
Rate this item
(1 Vote)