What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 26 February 2020 13:21

လိင်အင်္ဂါကို ခွင့်ပြုချက်မရှိဘဲ ဖယ်ရှားလိုက်တဲ့ ဆရာဝန်နှစ်ဦး လိုင်စင်ဆိုင်းငံ့ခံရ

လန်ဒန်မြို့တွင် လိင်အင်္ဂါကို ခွင့်ပြုချက်မရှိဘဲ ဖယ်ရှားလိုက်တဲ့ ဆရာဝန်နှစ်ဦးလိုင်စင် ဆိုင်းငံ့ ခံခဲ့ရပါတယ်။

Dr. Marco Capece နဲ့ Dr. Duilo Garaffa နှစ်ဦးက လိင်းပြောင်းမှုခွဲစိတ်ကုသ နေတဲ့လူနာတစ်ဦးကို ခွဲစိတ်ကုထုံးနည်း မဟုတ်တဲ့ နည်းလမ်းဖြင့် လိင်အင်္ဂါကို ဖယ်ခြားခဲ့ကြောင်းတွေ့ရှိရပါတယ်။

 

လန်ဒန်မြို့တွင် လူတစ်ဦးက ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် လိင်းပြောင်းခွဲစိတ်ကုသမှုခံပြီး တစ်ပတ်အကြာမှာ သူ၏လိင်အင်္ဂါကို ခွင့်ပြုချက်မရှိဘဲ ဖယ်ထုတ်လိုက်တာကို သိရှိရကြောင်း Metro UK မှ အင်္ဂါနေ့ တွင်ဖော်ပြခဲ့ပါတယ်။

 

အမည်မဖော်လိုတဲ့ ခွဲစိတ်ကုသခံသူက ခွဲစိတ်မှုတွင် ကျား၊မ ပါဝင်တဲ့ လုပ်ငန်းစဉ်နှစ်ခုကို ဖော်ပြခဲ့ပါတယ်။ သူက လိင်တံပေး ခွဲစိတ်ကုသမှုကို Highgate ပုဂ္ဂိုလ်ကပိုင် ဆေးရုံတွင် ခွဲစိတ်ကုသမှုကို ခံယူခဲ့ပါတယ်။

 

Hospital (ဆေးရုံသုံး ပစ္စည်းများ ရောင်းချသော ဆိုင်ပေါင်း ၉၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Hospital

 

Dr. Marco Capece က ခွဲစိတ်ကုသခံသူ၏ ခွင့်ပြုချက်ပေးခဲ့သောကြောင့် လုပ်ထုံးလုပ်နည်းအတိုင်း ခွဲစိတ်မှုမပြုလုပ်ခင် ခွဲစိတ်မှုခံယူရန်အတွက် လက်မှတ်ခဲ့ကြောင်းကို တရားရုံးတွင် တင်ပြခဲ့ပါတယ်။

 

ခွဲစိတ်ခံသူက ဆရာဝန်နှစ်ဦးက ခွဲစိတ်ကုသမှုအတွက် လက်မှတ်ထိုးတဲ့ စာရွက်စာတန်းကို အတုပြုလုပ်ထားကြောင်း စွဲချက်တင်ခဲ့ပြီး စစ်ဆေးမှုအရ ဆရာဝန်နှစ်ဦးက ခွဲစိတ်ကုသမှုလက်မှတ်ထိုးထားတဲ့ စာရွက်ကို အတုပြုလုပ်ထားကြောင်း ထင်ရှားတဲ့အတွက် Dr. Marco Capece ရဲ့ ဆရာဝန်လိုင်စင်ကို တစ်နှစ် ၊ Dr. Duilo Garaffa ရဲ့ ဆရာဝန်လိုင်စင် ကို ၅ လဆိုင်းငံ့ ခံလိုက်ရပါတယ်။

Written By Health Products Directory

 

(Zawgyi)

=====

လိင္အဂၤါကို ခြင့္ျပဳခ်က္မရွိဘဲ ဖယ္ရွားလိုက္တဲ့ ဆရာ၀န္ႏွစ္ဦး လိုင္စင္ဆိုင္းငံ့ခံရ

 

လန္ဒန္ၿမိဳ႔တြင္ လိင္အဂၤါကို ခြင့္ျပဳခ်က္မရွိဘဲ ဖယ္ရွားလိုက္တဲ့ ဆရာ၀န္ႏွစ္ဦးလိုင္စင္ ဆိုင္းငံ့ ခံခဲ့ရပါတယ္။ Dr. Marco Capece နဲ႔ Dr. Duilo Garaffa ႏွစ္ဦးက လိင္းေျပာင္းမႈခြဲစိတ္ကုသ ေနတဲ့လူနာတစ္ဦးကို ခဲြစိတ္ကုထံုးနည္း မဟုတ္တဲ့ နည္းလမ္းျဖင့္ လိင္အဂၤါကို ဖယ္ျခားခဲ့ေၾကာင္းေတြ႔ရွိရပါတယ္။

 

လန္ဒန္ၿမိဳ႔တြင္ လူတစ္ဦးက ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလတြင္ လိင္းေျပာင္းခဲြစိတ္ကုသမႈခံၿပီး တစ္ပတ္အၾကာမွာ သူ၏လိင္အဂၤါကို ခြင့္ျပဳခ်က္မရွိဘဲ ဖယ္ထုတ္လိုက္တာကို သိရွိရေၾကာင္း Metro UK မွ အဂၤါေန႔ တြင္ေဖာ္ျပခဲ့ပါတယ္။

 

အမည္မေဖာ္လိုတဲ့ ခြဲစိတ္ကုသခံသူက ခဲြစိတ္မႈတြင္ က်ား၊မ ပါ၀င္တဲ့ လုပ္ငန္းစဥ္ႏွစ္ခုကို ေဖာ္ျပခဲ့ပါတယ္။ သူက လိင္တံေပး ခဲြစိတ္ကုသမႈကို Highgate ပုဂၢဳိလ္ကပိုင္ ေဆးရံုတြင္ ခြဲစိတ္ကုသမႈကို ခံယူခဲ့ပါတယ္။

 

Hospital (ေဆးရံုသံုး ပစၥည္းမ်ား ေရာင္းခ်ေသာ ဆိုင္ေပါင္း ၉၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Hospital

 

Dr. Marco Capece က ခဲြစိတ္ကုသခံသူ၏ ခြင့္ျပဳခ်က္ေပးခဲ့ေသာေၾကာင့္ လုပ္ထံုးလုပ္နည္းအတိုင္း ခြဲစိတ္မႈမျပဳလုပ္ခင္ ခဲြစိတ္မႈခံယူရန္အတြက္ လက္မွတ္ခဲ့ေၾကာင္းကို တရားရံုးတြင္ တင္ျပခဲ့ပါတယ္။

 

ခဲြစိတ္ခံသူက ဆရာ၀န္ႏွစ္ဦးက ခဲြစိတ္ကုသမႈအတြက္ လက္မွတ္ထိုးတဲ့ စာရြက္စာတန္းကို အတုျပဳလုပ္ထားေၾကာင္း စြဲခ်က္တင္ခဲ့ၿပီး စစ္ေဆးမႈအရ ဆရာ၀န္ႏွစ္ဦးက ခြဲစိတ္ကုသမႈလက္မွတ္ထိုးထားတဲ့ စာရြက္ကို အတုျပဳလုပ္ထားေၾကာင္း ထင္ရွားတဲ့အတြက္ Dr. Marco Capece ရဲ႔ ဆရာ၀န္လိုင္စင္ကို တစ္ႏွစ္ ၊ Dr. Duilo Garaffa ရဲ႔ ဆရာ၀န္လိုင္စင္ ကို ၅ လဆိုင္းငံ့ ခံလိုက္ရပါတယ္။

Written By Health Products Directory

Read times
Rate this item
(1 Vote)