What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 23 March 2020 15:49

မျက်လုံး အားကောင်းစေတဲ့ စားအစာများ

မျက်လုံးက လူတစ်ဦးတစ်ယောက်ရဲ့ အလွန်အရေးပါတဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

မျက်လုံးအားနည်းခြင်းက အနီးမှုန်၊ အဝေးမှုန်ခြင်းများကို ဖြစ်ပေါ်စေတဲ့အတွက် တစ်နေ့တာ သွားလာလှုပ်ရှားမှုများကို အဟန့်အတားများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါအပြင် မျက်လုံးအားနည်းခြင်းကြောင့် မျက်လုံးကို အာရုံစူးစိုက်ကြည့်ရတဲ့အတွက် မျက်ရိုးကိုက်လာတာ၊ အမြင်အာရုံကြောထိခိုက်လာ နိုင်ပါတယ်။ ဒါကြောင့်မျက်လုံး အားကောင်းစေဖို့အတွက် အစားအသောက်က အလွန်အရေးကြီးသဖြင့် မျက်လုံး အားကောင်းစေတဲ့ အစားအစာများကို ဖော်ပြလိုက်ပါတယ်။

 

ပဲအမျိုးမျိုး

ပဲက ခန္ဓာကိုယ်တွင်းလိုအပ်နေတဲ့ အာဟာရဓာတ်မြောက်များစွာ ပါဝင်တဲ့အပြင် မျက်လုံးကို အားကောင်းစေတဲ့ Omega - 3 fatty acid များ၊ ဗီတာမင် အီး များပေါကြွယ်ဝသောကြောင့် ပဲအမျိုးမျိုးကို စားသုံးပေးခြင်းဖြင့် မျက်လုံးအားကို ကောင်းမွန်စေပါတယ်။

 

မုန်လာဥနီ

မုန်လာဥနီတွင် ဗီတာမင် အေ ပါဝင်တဲ့အတွက် မုန်လာဥနီကို သကြားအနည်းငယ်ဖြင့် ရောစားတာ၊ အစိမ်းစားတာများကို ပြုလုပ်ပေးခြင်းဖြင့် မျက်လုံးအားကောင်းစေပြီး မျက်ရိုးကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။

 

Nursing Training (သူနာပြု သင်တန်းပေါင်း ၆၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Nursing Training

 

ဥအမျိုးမျိုး

ကြက်ဥဆိုရင် လူ့ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ အာဟာရဓာတ်များကို ရရှိနိုင်တဲ့အပြင် ကြက်ဥအနှစ်တွင် lutein နဲ့ Zeaxanthin ဓာတ်များပါဝင်သောကြောင့် အမြင်အာရုံများကို ကြည်လင်စေတာ ၊ မျက်လုံးအားကောင်းစေတဲ့အတွက် ကြက်ဥကို စာသုံးပေးသင့်ပါတယ်။

 

ငါး

ငါးအများစုတွင် အဆီဓာတ် အိုမီဂါ- ၃ ဖက်တီးအက်ဆစ်များ ပါဝင်တဲ့အတွက်ကြောင့် နှလုံးနဲ့ မျက်လုံးကို ကျန်းမာစေ ယုံသာမက အမြင်အာရုံကြောများကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

 

အရွက်စိမ်းများ

ကိုက်လန် ၊ပန်းဂေါ်ဖီ ၊ဂေါ်ဖီထုတ် ၊ဆာလတ်ရွက်စတဲ့ အရွက်စိမ်းများတွင် lutein နဲ့ Zeaxanthin ဓာတ်များပါဝင်တဲ့အတွက် အရွက်စိမ်းများကို စားသုံးခြင်းက နှလုံး၊ ကျောက်ကပ် ၊ အာရုံကြောများနဲ့ မျက်လုံးအားကို ကောင်းမွန်စေပါတယ်။

Written By Health Products Directory

 

90165828 212716063139335 1462378197545910272 n

 

(Zawgyi)

=====


 


 

ပဲအမျိုးမျိုး


 

မုန်လာဥနီ


 



 

ဥအမျိုးမျိုး


 

ငါး


 

အရွက်စိမ်းများ



Read times
Rate this item
(0 votes)