What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 July 2022 13:30

နှလုံးရောဂါ၏ သတိပေး လက္ခဏာများ

နှလုံးကြွက်သားသို့ သွေးရောက်မှု နည်းသောရောဂါ ကြောင့်သေဆုံးမှုကို ထိပ်ဆုံးမှ ဖြစ်စေသောရောဂါဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ နှလုံးကြွက်သားများရရှိရမယ့် အောက်ဆီဂျင် နှင့် အာဟာရဓါတ်များ လျော့နည်းရရှိသဖြင့် အကောင်းဆုံးလုပ်ဆောင်နိုင်မှု မရှိတော့ပေ။

ဒါကြောင့် နှလုံး ကြွက်သားရဲ့ အကောင်းဆုံးလုပ်ဆောင်မှုကိုထိခိုက်စေပြီး ၎င်းမှတဆင့် နှလုံးအားနည်းရောဂါဖြစ်လာရ ပါတယ်။

နှလုံးရောဂါ၏ သတိပေးလက္ခဏာများ

  • အိပ်နေစဉ် အသက်ရှုရပ်ခြင်း
  • အဝါရောင် အင်ပြင်များ ထခြင်း
  • မြဲမြဲမြံမြံ ဆုပ်ကိုင်နိုင်စွမ်း မရှိတော့ခြင်း
  • လက်သည်းတွင် အမဲစက်များ ပေါ်လာခြင်း
  • မကြာခဏ မူးဝေခြင်း
  • လိင်မှု စွမ်းဆောင်ရည် ကျဆင်းခြင်း
  • အသားအရေ နဲ့ အသားအရောင် ပြောင်းလဲလာခြင်း
  • သွားဖုံး သွေးယိုခြင်း
  • အရေပြားပေါ်တွင် အညိုအမဲ စွဲခြင်း
  • အသက်ရှူရ ခက်ခဲခြင်း
  • ခြေထောက်များ ယောင်ကိုင်းလာခြင်း
  • မောပန်းနွမ်းနယ်လာခြင်း

စတာတွေဖြစ်ပါတယ်။

youtube1.jpg

နှလုံးရောဂါ ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းတွေ အများအပြား ရှိပါတယ်။ အဓိက အကြောင်းအရင်းတွေကတော့ ဆေးလိပ်၊ အရက် သောက်သုံးတာ၊ သွေးတိုး ရှိတာ၊ အဝလွန်တာ၊ မျိုးရိုးလိုက်တာ စတာတွေ ပါပဲ။ ဒါ့အပြင် သွေးထဲမှာ အဆီဓါတ် (Cholesterol) တွေ တအားများနေရင်လည်း နှလုံးရောဂါ ပုံစံ တစ်ခု ဖြစ်တဲ့ သွေးကြောများ မာပြီး ပိတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

နှလုံးရောဂါ ရှိသူများသည် ကိုယ်အလေးချိန် ပိုတက်မလာစေရန် သတိဖြင့်နေထိုင်ပါ။ ကိုလက်စထရော ပိုတက်လာစေမည့် အစားအစာများကို ရှောင်ကြဉ်ပါ။ ဥပမာ - ဆီကြော်၊ အချိုစာများ၊ လက်ဖက်ရည် အပျစ်၊ ကော်ဖီ၊ ရေခဲမုန့်၊ အအေး၊ နှလုံးရောဂါရှိသူများသည် တစ်နေ့လျှင် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် စိတ်တည်ငြိမ်စွာဖြင့် ပုံမှန်တရားထိုင်ခြင်းမျိုး ပြုလုပ်ပေးသင့်ပါတယ်။

ဒီအချက်တွေကတော့ နှလုံးရောဂါ ခံစားရတဲ့အခါ သိရှိနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေက အတော်များများနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ ကျန်းမာရေး စစ်ဆေးမှု ခံယူဖို့ ပြုလုပ်သင့်နေပါတယ်။

#Myannmar Health Products Guide

youtube.jpg

Read times Last modified on Wednesday, 27 July 2022 13:46
Rate this item
(0 votes)