What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 May 2018 11:31

ဆီးအရောင်ကပြောတဲ့ ကျန်းမာရေး

ဆီးအရောင်ကပြောတဲ့ ကျန်းမာရေး google.com

ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းတစ်ခုဖြစ်တဲ့ ဆီးအရောင်ကိုကြည့်ပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်ပါတယ်။

၁။ ကြည်လင်တဲ့အရောင်ရှိသောဆီး
Image result for water white
ရေကိုလိုအပ်တာထက် ပိုပြီး သောက်သုံးမိနေကြောင်း ဖော်ပြပါတယ်။ ဘာအန္တရာယ်မှ မရှိပါဘူး။

၂။ ကောက်ရိုးရောင်မှ ပယင်းရောင်ရှိသောဆီး

Image result for အညိုရောင်ဆီး

အ၀ါရောင်ဖျော့ဖျော့ရှိတဲ့ဆီးက ကျန်းမာရေးကောင်းမွန်ကြောင်း ဖော်ပြနေပြီး အ၀ါရောင်ရင့်ရင့်ရှိတဲ့ဆီးကတော့ ရေနှင့်အသီး အရွက်ကို ဦးစားပေးစားသင့်ကြောင်း ဖော်ပြနေပါတယ်။

၃။ ပန်းရောင် (သို့) အနီရောင်ရှိသောဆီး

Image result for Pink and red

ဆရာဝန်နှင့်ပြသသင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ကျောက်ကပ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စတဲ့ရောဂါများတွင် တွေ့ရတတ်တဲ့ ဆီးအရောင်ဖြစ်ပါတယ်။

၎။ အညိုရောင်ဆီး

Related image

အလွန်အမင်း ရေဓာတ်ချို့ယွင်းနေတဲ့ လက္ခဏာဖြစ်ပါတယ်။ ရေများများ သောက်ဖို့နှင့် အသီးအရွက်အများများစားပေးဖို့ လိုအပ်ပါတယ်။

၅။ အစိမ်းရောင် (သို့) အပြာရောင်ဆီး

Related image

ဆိုးဆေးပါသော အစားအစာများ၊ အချို့သော အရောင်ကျဆေးနှင့် စိတ်ကျရောဂါအတွက် ဆေးဝါးများသောက်သုံးနေသူများတွင် တွေ့ရတတ်ပါတယ်။

၆။ အမြှုပ်ပါသောဆီး

Image result for foam
ယင်းဆီးအမျိုးအစားဖြစ်ပါက စားနေသော အစားအစာထဲတွင် အသားဓာတ်အလွန်ကျွံပါဝင်နေခြင်း သို့မဟုတ် ကျောက်ကပ်၏ကျန်းမာရေးမကောင်းခြင်း တို့ကို ညွှန်ပြနေပါတယ်။


source:Shangyimm

Read:ကြက်သွန်နီစားပေးရင် မှတ်ဥာဏ်ကောင်းစေနိုင်

ကြက်သွန်နီစားပေးရင် မှတ်ဥာဏ်ကောင်းစေနိုင်

Read times Last modified on Monday, 28 May 2018 13:54
Rate this item
(1 Vote)