What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 29 May 2018 16:44

ဆီမကောင်းရင် နှလုံးပြဿနာတက်နိုင်

တာရှည်ခံ မစားအစာတွေထဲမှာ သုံးတဲ့ ထရန်းစ်ဖတ်ခေါ် အသွင်းပြောင်းဆီများကို ဖယ်ရှားရှင်းပစ်ကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာအနှံ့ရှိအစိုးရများအား လမ်းညွှန့်မှုတစ်ခုထုတ်ပြန်လိုက်ပါတယ်။

ဟိုက်ဒရိုဂျင်နိတက်ဆီ များကို စာတန်းရေးထိုးလေ့ရှိသော ထိုအသွင်ပြောင်းဆီများ စားသုံးမှုကြောင့်နှစ်စဉ် နှလုံး နှင့်သွေးကြောဆိုင်ရာရောဂါတွေ ဖြစ်ပွားပြီး သေဆုံးနေကြရတာ သန်းတစ်ဝက်ခန့်ရှိနေတယ်လို့ သိရပါတယ်။

Replace လို့ခေါ်တဲ့လမ်းညွှန်မှာအဆင့် ၆ ဆင့်ပါဝင် ပြီး ထရန်းစ်ဖက်၏ အစားအစာအရင်အမြစ်များအားပြန်လည်သုံးသပ်ခြင်း ၊ ထရန်းစ်ဖက်များအစား ကျန်းမာရေးနှင့် ညီညွှတ်သော အဆီများ အသုံးပြုကြရန် ပရိုးမိုးရှင်းပြုလုပ်ပေးခြင်း ၊

အစားအစာ များထရန်းစ်ဖက်များထည့်သုံးလား ခြေရာကောက်ပြီး ခန့်မှန်းအကဲဖြတ်ခြင်းတို့ပါဝင်မယ်လို့ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ ထရန်းစ်ဖက်များနဲ့ မထုတ်ထုပ်သင့်ဘူးလို့ တားမြစ်တဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဒေါက်တာသောမတ်စ်ဖရီးဒင်း

(ရောဂါကာကွယ်ရေးနှင့်နှိမ်းနှင်းရေးဒါရိုက်ာဟောင်း) က နယူးရော့တိုင်းမ်သတင်းစာကို ပြောပြလိုက်ပါတယ်။ ဤသို့ ထရန်းစ်ဖက်များကို ကမ္ဘာ့က တားဆီး အစားထိုးပေးလိုက်ပါက စားသုံးသူပြည်သူတွေမှာ အရသာလည်းပိုကွဲသွားမှာ မဟုတ်တဲ့အပြင်

ကုန်ကျစရိတ်လည်း ပိုမတက်ပါဘူး။ ဒါပေမယ့်နှလုံးကတော့ ကွဲပြားသိသာစွာ ကောင်းလာလိမ့်မယ်လို့ရှင်းပြပါတယ်။


souece:"healthdigestjournal"

 

Read:ဆီးအရောင်ကပြောတဲ့ ကျန်းမာရေး

ဆီးအရောင်ကပြောတဲ့ ကျန်းမာရေး

Read times
Rate this item
(1 Vote)