What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 01 August 2018 17:24

ဘာကြောင့် လက်ဖျား ကျင်ရတာလဲ

ဘာကြောင့် လက်ဖျား ကျင်ရတာလဲ Google.com

လက်ကောက်ဝတ်နေရာက မကြာခဏ နာကျင် ရာက လက်ဝါးနဲ့ လက်ပြင်တစ်လျှောက် မကြာခဏ ထုံတာ၊ ကျင်တာ၊ နာနေတာမျိုး ခံစားနေရပါသလား။

အမှုမဲ့ အမှတ်မဲ့နေရာကနေက သိသိသာသာ ခံစားလာရပြီ ဆိုရင်တော့ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ဆန်းစစ်ကြည့်ဖို့ လိုလာပါပြီ။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီး ထိရောက်တာကြောင့် လေ့လာကြည့်ရအောင်။

လက်မောင်း တစ်လျှောက်မှာ ရှိတဲ့ Median နာဗ့် လို့ခေါ်တဲ့ လက်အတွင်းဘက်အာရုံကြောဟာ လက် ကောက်ဝတ်နေရာက Carpal Tunnel ကို ဖြတ်သန်းပြီး လက်အဖျားပိုင်းဘက်ကို ဆက်ပြီး ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ Carpal Tunnel ဆိုတာ လက်ကောက်ဝတ်အရိုးနဲ့ လက်ကွေးအကြော သွယ်ဆက် တစ်သျှူးတို့ ကြားရှိ ကွက်လပ်ကို ခေါ်ပါတယ်။ Median နာ့ဗ်ရဲ့ အဓိက တာဝန်ကတော့ လက်မနဲ့ တခြား လက်ချောင်းတွေ (လက်သန်းကလွဲပြီး) လှုပ်ရှားမှုနဲ့ အာရုံခံစားမှုကို ထိန်းချုပ်ပေးတာ ဖြစ်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် လက်ကောက်ဝတ် တစ်ဝိုက် ရောင်ရမ်းတာမျိုး ရှိလာတဲ့အခါ Catpal tunnel နေရာက ကျဉ်းမြောင်းသွားတာမျိုး ဖြစ်တတ်ပါတယ်။

Image result for carpal tunnel

အဲဒီအခါ Median နာ့ဗ်ကြောကို သွားပြီး ဖိမိပြီး သူတာဝန်ယူထားတဲ့ လက်အပိုင်းမှာ ထုံကြဉ်တာ၊ အားလျော့တာတွေ ဖြစ်လာပါတယ်။ ဒီလို အခြေအနေကို Carpal Tunnel Syndrome လို့ ခေါ်ပါတယ်။

Carpal Tunnel Syndrome ဖြစ်တယ်ဆိုတာကို ဘယ်လိုသိနိုင်သလဲ ဆိုရင်တော့ ဖြစ်နေတဲ့ လက်နေရာက ထုံပြီး အသိခံစားမှု လျော့နည်းလာခြင်း ၊ ကျင်ခြင်း ၊ ပုခုံးတစ်လျှောက် အထိ ခံစားရနိုင်ပါတယ်။ လက်ရှအခြေအနေထက် ပိုဆိုးလာရင် နာကျင်ခြင်း ၊ ကြွက်သားကပ်ခြင်း ၊ လက်ချောင်းများ ဘာမှ ခံစားမရသည်ထိ ဖြစ်ခြင်း ၊ လက်မနှင့်လက်ချောင်းများ သုံးပြီး မဆုပ်ကိုင်နိုင်တော့ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ည အချိန်မှာ ပိုပြီး သိသာလေ့ရှိပါတယ်။ ဒီလိုတွေ ခံစားရလာရင်တော့ Carpal Tunnel Syndrome ကြောင့်ဆိုတာကို သိနိုင်ပါတယ်။

Carpal Tunnel Syndrome ဟာ ဘာလို အခြေအနေတွေမှာ အဖြစ်များလဲ ဆိုရင်တော့ လက်ကောက်ဝတ် တစ်ဝိုက် ရောင်ရမ်းတဲ့ အခြေအနေတွေမှာ တွေ့ရလေ့ရှိပါတယ်။ အမျိုးသမီးတွေမှာ သုံးဆ ပိုမိုဖြစ်ပွားနိုင်ခြေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေရဲ့ Carpal Tunnel နေရာက အမျိုးသားတွေထက် ပိုမိုကျဉ်းမြောင်းတဲ့အတွက်ပါ။ ကိုယ်ဝန်ဆောင်တွေမှာတော့ ခန္ဓာကိုယ်တွင်းရှိ အရည်တွေက တစ်သျှူးတွေကြား ပိုပြီး စိမ့်ထွက် လွယ်တာ ကြောင့် မကြာခဏ ခံစားရ တတ်ပါတယ်။

ဒါပေမယ့် မီးဖွားပြီးနောက်ပိုင်းမှာတော့ သက်သာသွားတတ်ပါတယ်။ 

ထိခိုက်မိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး အဝလွန်ရောဂါ ၊ သိုင်းရွိုက်ဟော်မုန်း များသောရောဂါ ၊ အဆစ်အမြစ်ရောင်ရောဂါ ၊ ဆီးချိုရောဂါတို့နဲ့ တွဲပြီး တွေ့ရတက်ပါတယ်။

ဒါပြင် လက်ကို အနေအထားတစ်ခုတည်း ထားပြီး လုပ်ရတဲ့ အလုပ်တွေနဲ့လည်း တွဲပြီး တွေ့နိုင်ပါတယ်။ ဥပမာ - သိုးမွေးထိုးခြင်း ၊ ကွန်ပျူတာစာစီခြင်း ၊ တူရိယာတီးခတ်သူ တို့မှာ ပိုဖြစ်တာကိုတွေ့ရတက်ပါတယ်။ 

ဒီလိုတွေဖြစ်လာတဲ့အခါတွေမှာ မိမိကိုယ်တိုင် သက်သာအောင် ပြုလုပ်နိုင်သည့်နည်းများလဲ ရှိပါတယ်။ အဒါတွေကတော့ ရေခဲကပ်ခြင်း ၊ လက်ကိုလှုပ်ခါပေးခြင်း ၊ အလှုပ်အရှားပြုမှု လျော့ချခြင်းတို့ဘဲ ဖြစ်ပါတယ်။

source:ကျန်းကျန်းမာမာ(ဒေါက်တာချစ်စန္ဒီကျော်)

Read: မိုးရာသီတွင် ဖြစ်ပွားလေ့ရှိတဲ့ ဖျားနာမှုကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်များ

မိုးရာသီတွင် ဖြစ်ပွားလေ့ရှိတဲ့ ဖျားနာမှုကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်များ

Read times Last modified on Wednesday, 01 August 2018 17:32
Rate this item
(7 votes)