What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 10 August 2018 17:19

ဗီတာမင်ဘီနှင့် အိုမီဂါ-၃ တွဲဖက်သောက်ခြင်းဖြင့် မှတ်ဉာဏ်ဆုံးရှုံးမှုကို လျော့ကျစေနိုင် - ကျန်းမာရေး

ဗီတာမင်ဘီနှင့် အိုမီဂါ-၃ တွဲဖက်သောက်ခြင်းဖြင့် မှတ်ဉာဏ်ဆုံးရှုံးမှုကို လျော့ကျစေနိုင် - ကျန်းမာရေး Google.com

ခန္ဓာကိုယ်ထဲတွင် အိုမီဂါ-၃ ဖက်တီးအက်စစ်များ ပမာဏမြင့်မားစွာရှိခြင်းကြောင့် ဗီတာမင်ဘီဖြည့်စွက်ဆေးများ၏

ထိရောက်မှု ကို အားကောင်းလာစေနိုင်ပြီး မှတ်ဉာဏ်ဆိုင်ရာပြဿနာများရှိသည့် သက်ကြီးရွယ်အိုများ မှတ်ဉာဏ်လျော့ကျမှုကို ထိရောက်စွာ ကာကွယ်နိုင်ကြောင်း နိုင်ငံတကာသုတေသီအဖွဲ့တစ်ဖွဲ့က လေ့လာတွေ့ရှိခဲ့ပါတယ်။

ကိပ်တောင်း၊ အော်စလို၊ အောက်စဖို့ဒ်နှင့် ယူအေအီး တက္ကသိုလ်များမှ သုတေသီများပါဝင်သော အဖွဲ့တစ်ဖွဲ့က မှတ်ဉာဏ်လျော့ကျမှုဆိုင်ရာ ပြဿနာကြုံနေသည့် လူ ၂၅၀ ကျော်ကို လေ့လာခဲ့ခြင်းဖြစ်ပါတယ်။

ဦးနှောက်၏ လုပ်ဆောင်ချက်သည် လူတစ်ဦးအသက်အရွယ် အလိုက်ရှိသင့်သော ပုံမှန်လုပ်ဆောင်နိုင်မှု ပမာဏထက် လျော့နည်းလာချိန်တွင် မပြင်းထန်သော မှတ်ဉာဏ်လျော့ကျမှုဖြစ်နိုင်သော် လည်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ဖြစ်စေ နိုင်လောက်အောင် ထိခိုက်ခြင်းမရှိသော မှတ်ဉာဏ်ပျောက်ဆုံးခြင်း ရောဂါကဲ့သို့ ယင်းရောဂါမှာ ပြင်းထန်ခြင်းမရှိသော်လည်း မကုသဘဲ ထားပါက မှတ်ဉာဏ်ပျောက်ဆုံးခြင်းရောဂါအဖြစ်သို့ ရောက်ရှိလာနိုင်ပါတယ်။

ယင်းကဲ့သို့ မပြင်းထန်သော မှတ်ဉာဏ်လျော့ကျမှုကို တားဆီး ရန်နှင့် ဦးနှောက်အရွယ်ပမာဏလျော့ကျမှုကို နှေးကွေးစေရန် (သို့မဟုတ်) ကာကွယ်ရန် ဗီတာမင်ဘီက စွမ်းဆောင်နိုင်ကြောင်း ယခင် ကပင် လေ့လာတွေ့ရှိခဲ့ကြောင်း သုတေသီများက ပြောပြခဲ့ပါတယ်။

အိုမီဂါ-၃ ဖက်တီးအက်စစ်ပမာဏလျော့နည်းသူများ ဗီတာ မင်ဖြည့်စွက်ဆေးများ သောက်သုံးပါက အစွမ်းထက်မှု နည်းပါးခြင်း မှ ထိရောက်မှု လုံးဝမရှိခြင်းအထိ ကြုံတွေ့ကြရကြောင်း သုတေသီ များက ပြောခဲ့ပါတယ်။ အိုမီဂါ-၃ ပမာဏမြင့်မားပြီး ဗီတာမင်ဘီဖြည့် စွက်ဆေးများ သောက်သုံးပါက မှတ်ဉာဏ်လျော့ကျမှုကို ကာကွယ် ရာတွင် အလွန်အစွမ်းထက်ကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု သု တေသီများက ပြောသည်။

ထို့ကြောင့် မိမိတို့ လေ့လာမှုအရ သင့်တင့်သော အိုမီဂါ-၃ ပမာဏနှင့်အတူ ဗီတာမင်ဘီဖြည့်စွက်ဆေးများ သောက်သုံးမှသာ မှတ်ဉာဏ်လျော့ကျမှုနှုန်းကို နှေးကွေးစေနိုင်ကြောင်း တွေ့ရှိရသည် ဟု သုတေသီများက ပြောပါတယ်။

ငါးအဆီများတွင် ပါဝင်သော အိုမီဂါ-၃ ဖက်တီးအက်စစ်များ နှင့် ဗီတာမင်ဘီပေါင်းစပ်သောက်သုံးခြင်းဖြင့် မှတ်ဉာဏ်လျော့ကျ ခြင်းမှသည် ဇရာကြိုရောဂါအထိ တားဆီးကာကွယ်နိုင်မည်လားဆို သည်ကို နောက်ထပ်လေ့လာမည်ဟု သုတေသီများက ပြောပါတယ်။

sourec:7daydaily

Read:သည်းခြေအိတ်ရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများ

သည်းခြေအိတ်ရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများ - ကျန်းမာရေး

Read times Last modified on Friday, 10 August 2018 17:34
Rate this item
(1 Vote)