What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 27 August 2018 11:04

BPI စက်ရုံက ဆေးအသစ် ခြောက်မျိုး ဈေးကွက်ထဲ ဖြန့်တော့မယ်

BPI စက်ရုံက ဆေးအသစ် ခြောက်မျိုး ဈေးကွက်ထဲ ဖြန့်တော့မယ် Google.com

အင်းစိန်ဘီပီအိုင်ဆေးဝါးစက်ရုံတွင် နှစ်စဉ်ဆေးတောင့်နှင့် ဆေးပြားမျိုးစုံ အရေအတွက် သန်းငါးရာထုတ်လုပ်နိုင်မည့် အဆောက်အအုံအသစ်တစ်ခုကို ဇူလိုင် ၂၂ ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။

ယခင်က အင်းစိန်ဆေးဝါးစက်ရုံ၌ ဆေးပြား၊ ဆေးတောင့်ထုတ်လုပ်သည့် အဆောက်အအုံနှစ်ခုရှိရာ တစ်နှစ်လျင် ဆေးပြား မျိုးစုံ သန်းရှစ်ရာခန့် ထုတ်လုပ်နေပြီး ယခုအဆောက်အအုံတစ်ခု တိုးလာပါက ဆေးပြား၊ ဆေးတောင့် မျိုးစုံသန်း ၁,၃၀၀၊ ၁,၄၀၀ ခန့်အထိ တိုးမြှင့် ထုတ်လုပ်နိုင်မည်ဖြစ်သည်။

ထိုအဆောက်အအုံသစ်ကို၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က စတင် ဆောက်လုပ်ခဲ့ကာ ပေ ၂၀၀ ခန့်ကျယ်ဝန်းသည့် RCနှစ်ထပ် အဆောက်အအုံဖြစ်ပြီး ယင်းအဆောက်အအုံတွင် ဆေးဝါး အသစ် ခြောက်မျိုးထုတ်လုပ်မည် ဖြစ်သည်။ BPIဆေးဝါးစက်ရုံက ဆေးဝါးအသစ်ခြောက်မျိုးကို ဒီနှစ်ထဲမှာ ဈေးကွက်ထဲကိုဖြန့်ဖြူးပေးတော့မယ်လို့  သတင်းရရှိပါတယ်။

ဆေးဝါးအသစ်ခြောက်မျိုးကတော့မေးခိုင်ရောဂါကာကွယ်ဆေး၊ ပဋိဇီဝပိုးသတ်ဆေး၊ သွေးတွင်းအဆီကျဆေး၊ HIVနဲ့အသည်းရောင်အသားဝါ(ဘီ)ပိုးကုသဆေး၊ ကြွက်သားနာကျင်ကိုက်ခဲတာကုသတဲ့ဆေးနဲ့ လက်သန့်ဆေးရည်တို့ဖြစ်ပါတယ်။

အသစ်ထုတ်လုပ်ထားတဲ့ ဆေးဝါးအသစ်ခြောက်မျိုးကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ကာကွယ်ရေးဝန်ကြီးဌာနကို အဓိကဖြန့်ဖြူးပေးမှာဖြစ်ပြီး ဘီပီအိုင်ဆေးဝါးအရောင်းဆိုင် ၂၈ဆိုင်၊City Mart ၊Orange၊Capital ဈေးဝယ်စင်တာတွေမှာ
ဖွင့်လှစ်ထားတဲ့ ဆေးဆိုင်တွေကိုလည်း ဖြန့်ဖြူးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အင်းစိန်ဘီပီအိုင်ဆေးဝါးစက်ရုံက နိုင်ငံရဲ့ ဆေးဝါးလိုအပ်ချက်ကို ၁၅ရာခိုင်နှုန်းဖြည့်ဆည်းပေးနေတာလို့ သိရပါတယ်။

အင်းစိန်ဘီပီအိုင်ဆေးဝါးစက်ရုံကို ၁၉၅၇ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဆေးပြား၊ ဆေးတောင့်အမျိုးမျိုး၊ ဆေးဆီ၊ဆေးရည်အမျိုးမျိုး၊ ထိုးဆေးနဲ့ သွေးကြောသွင်း ဆေးရည်အမျိုးမျိုးအပြင် မြွေဆိပ်ဖြေဆေးစတဲ့ ဆေးဝါးထုတ်ကုန်အမျိုးပေါင်း(၂၀၀)ကျော် ထုတ်လုပ်နေတာဖြစ်ပါတယ်။

source:7daydaily,mmbiztoday

Read:မျက်နှာအသားရေအတွက် တိုနာ သုံးဖို့ တကယ်ပဲလိုအပ်လာ

မျက်နှာအသားရေအတွက် တိုနာ သုံးဖို့ တကယ်ပဲလိုအပ်လား

Read times Last modified on Tuesday, 28 August 2018 13:39
Rate this item
(0 votes)