What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 28 September 2018 13:37

(၆) ကြိမ်မြောက် မြန်မာ့ ဆေးဝါးဆိုင်ရာ ကုန်စည်ပြပွဲကြီး

Minh Vi Exhibition & Advertising Service Co., Ltd. (VEAS Cop., Ltd)

မှ ဦးဆောင်ကျင်းပမည့် မြန်မာနိုင်ငံ၏ ဆေးဝါး ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ၊ ဓာတ်ခွဲခန်း နှင့် သွားဘက်ဆိုင်ရာ လုပ်ငန်းများအတွက် နိုင်ငံတကာ ကုန်စည်ပြပွဲ နှင့် ဟောပြော မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ၊ ၂၈ ရက်၊ ရန်ကုန်မြို့၊ ရို့စ်ဂါးဒင်းဟိုတယ်၊ အစည်းအဝေးခန်းမ (ဘီ)တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

a5 a2 a1

ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်များ မြှင့်တင်နိုင်ရန် လုပ်ငန်းရှင်များ ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုနှင့် စက်မှုလုပ်ငန်း ကွန်ယက်များအတွက် မြန်မာနိုင်ငံတွင် သူတို့ ၏ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်နိုင်ရန် ကုန်သွယ်ရေး ပေါင်းကူးတံတားအဖြစ် ခြောက်ကြိမ်မြောက် မြန်မာနိုင်ငံ၏ ဆေးဝါးဆိုင်ရာ ကုန်စည်ပြပွဲ ၂၀၁၈ ကို VEAS Co., Ltd. မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

အဆိုပါ ပြပွဲ မိတ်ဆက်ပွဲတွင် မြန်မာနိုင်ငံ ဆေးဝါးပညာရှင်အသင်း၏ ဥက္ကဌ မစ္စတာခင်လှိုင် ၊ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်း၏ အထွေအထွေအတွင်းရေးမှူး ဖြစ်သူ ဗစ်တိုးရီးယားဆေးရုံး၏ CEO ဒေါက်တာဒေါ်အေးအေးစန်းတိုနှင့် အတူ ဆေးဝါး ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ ၊ ဓာတ်ခွဲခန်း နှင့် သွားဘက်ဆိုင်ရာ လုပ်ငန်းနယ်ငယ် နှင့် ဆက်စက်လျက်ရှိသော လုပ်ငန်းနယ်ပယ်များမှ စီးပွားလုပ်ငန်းရှင်များ ပါဝင် တက်ရောက်မှာလဲ ဖြစ်ပါတယ်။

အဆိုပါ VEAS Co., Ltd မှ ၂၀၁၈ မြန်မာ့ ဆေးဝါးဆိုင်ရာ ကုန်စည်ပြပွဲကို ရန်ကုန်မြို့ ၊ရို့စ်ဂါးဒင်း ဟိုတယ်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၊ ၁၄ ရက် မှ ၁၆ ရက်ရက်အထိ ကျင်းပပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။ အဆိုပါပြပွဲကို VESA Co.Ltb က ဦးဆောင်ပြီး မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းကုန်သည်များ နှင့် လုပ်ငန်းရှင်များအသင်း (MPMEEA) ၊ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံးများအသင်း (MPHA) ၊ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဖောင်းဒေးရှင် ၊ ဂျာမန် စက်မှု ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်အဖွဲ့ (မြန်မာ) တို့၏ ပံ့ပိုး ကူညီမှုနှင့်အတူ Lab Myanmar 2018 ပြပွဲကို ပူးတွဲကျင်းပ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

ထိုပြပွဲတွင် USA ၊ တရုတ်၊ ဂျာမနီ၊ ဂျပန်၊ မလေးရှား၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘယ်လာရု၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်စသော နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ထုတ်လုပ်သူ ကိုယ်စားလှယ် များနှင့် ဆေးဝါး ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ၊ ဓာတ်ခွဲခန်း နှင့် သွားဘက်ဆိုင်ရာ ကုန်ပစ္စည်းအမျိုးပေါင်း (၁ဝဝ) ကျော် ခင်းကျင်းပြသ ထားပါလိမ့်မည်။ အဆိုပါပြပွဲ ကို စူးစမ်းလေ့လာဖို့ ပြည်တွင်းမှသာမက အရှေ့တောင်အာရှ နှင် ကမ္ဘာအနှံမှ လညရောက်လေ့လာသူ (၃,ဝဝဝ) ကျော်လိမ့်မည်ဟု ခန့်မှန်းမျှော်လင့်ထားပါတယ်။

သိပ္ပံ္ပနည်းကျ အဓိပ္ပာယ်နှင့် ကျန်းမာရေး စောင့်ရှောက်မှု ၀န်ဆောင်မှု၏ အလေ့အကျင့် မြင်ကွင်းအဖြစ် နိုင်ငံတကာ ထွန်းသစ်စ ဆေးဝါးဈေးကွက်တွင် မြန်မာနိုင်ငံ၏ ဆေးဝါးဆိုင်ရာ ကုန်စည်ပြပွဲအဖြစ် မှတ်သားလောက်သော နေရာတစ်ခုကို ရရှိခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် ပြသခဲ့သည့် ပြပွဲ၏ ပြသသူအရေအတွက်နှင့် ဧည့်သည်အရေအတွက်က ပြပွဲကို လူကြိုက်များကြောင်း အတည်ပြုချက်တစ်ခုဖြစ်သည်။

ယခုပြပွဲ မိတ်ဆက်ပွဲ အခမ်းအနား၏ အဓိကရည်ရွယ်ချက်မှာ ပြသသူများနှင့် လာရောက်လေ့လာသူများအတွက် အဓိကကျသော စီးပွားရေး လုပ်ငန်းအခွင့်အလမ်းများကို မိတ်ဆက်ပေးမှာ ဖြစ်သလို မြန်မာနိုင်ငံတွင် ဒေသခံ ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်မှာ ပိုမိုနီးကပ်စွာ အလားအလာ ကောင်းများ ရရှိရန်ဖြစ်ပါတယ်။

Writting by: Health Products Directory 

Read:အဆီပိုတွေလောင်ကျွမ်းစေနိုင်တဲ့ သောက်သင့်သောဖျော်ရည်များ

အဆီပိုတွေလောင်ကျွမ်းစေနိုင်တဲ့ သောက်သင့်သောဖျော်ရည်များ

Read times Last modified on Friday, 28 September 2018 13:58
Rate this item
(1 Vote)