What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 19 October 2018 14:39

ကလေးငယ်များနှင့် ညာဘက်ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု စကားဝိုင်း

ဖေဖေမေမေတို့ရေ ... ကျားလေးကနေ လစဉ်ပုံမှန်ကျင်းပပေးနေကျဖြစ်တဲ့ မိခင်နှင့်ကလေးငယ်များအတွက် ကျန်းမာရေးနှင့် ဗဟုသုတဆိုင်ရာစကားဝိုင်းလေးလာပါပြီ ??

ဒီတစ်ခါပြုလုပ်ပေးသွားမယ့် စကားဝိုင်းလေးကိုတော့ "ကလေးငယ်များနှင့် ညာဘက်ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု" လို့အမည်ပေးထားပါတယ်...

ခေါင်းစဉ်လေးကို ကြားလိုက်တာနဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုဆိုတာက အတူတူပဲ မဟုတ်လား ? ညာဘက်ဦးနှောက်ဖွံ့ဖြိုးလို့ ဘာတွေပိုထူးခြားသွားမှာလည်းဆိုပြီး မေးစရာရှိလာလိမ့်မယ်ထင်ပါတယ်

လူတစ်ယောက်ရဲ့ များပြားလှစွာသော လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရာမှာ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကနေ တာဝန်တွေကို ခွဲဝေယူပြီး လုပ်ဆောင်ရတာဖြစ်ပါတယ်

ဒီနေ့ခေတ်လို လျင်မြန်စွာတိုးတက်နေတဲ့ ခေတ်ကြီးရဲ့နောက်ကို အမီလိုက်နိုင်ဖို့ ကလေးရဲ့ ဦးနှောက်အစိတ်အပိုင်းတိုင်းရဲ့ လုပ်ဆောင်မှုတွေဟာ ပိုမိုအရေးပါလာပြီး ညာဘက်ဦးနှောက်ရဲ့ အလုပ်လုပ်ဆောင်မှု ကောင်းမွန်လာတာနဲ့အမျှ သင့်ကလေးကို သူများထက်ပိုပြီး ဘယ်လိုမျိုး ထူးချွန်အောင်မြင်စေမလဲဆိုတာကို ဒီစကားဝိုင်းလေးကနေ မျှဝေပေးသွားမှာဖြစ်ပါတယ်

ဒီစကားဝိုင်းလေးမှာ

- ညာဘက်ဦးနှောက်ရဲ့ အလုပ်လုပ်ပုံ

- ညာဘက်ဦးနှောက်ဖွံ့ဖြိုးခြင်းရဲ့ အကျိုးကျေးဇူးများ

- ကလေးရဲ့ညာဘက် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ဘယ်လိုလေ့ကျင့်ပေးမလဲ ဆိုတာကို Heguru စင်တာမှ စင်တာဒါရိုက်တာ ဒေါ်ခိုင်မွန်ဦးက ဆွေးနွေးဟောပြောပေးသွားမှာ ဖြစ်ပါတယ်


သားသားမီးမီးလေးတို့ဘဝ အောင်မြင်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှုအတွက် ဒီလိုစိတ်ဝင်စားစရာ စကားဝိုင်းလေးကို အခမဲ့တက်ရောက်ခွင့်ရမယ့် အခွင့်အရေးကို မေမေတို့ အနေနဲ့ လုံးဝလက်လွတ်မခံပါနဲ့နော်

နေ့ရက် - ၂၁.၁၀.၂၀၁၈ (တနင်္ဂနွေနေ့)

အချိန် - မနက် ၁၀ နာရီမှ ၁၂ နာရီအထိ

နေရာ - ကျားလေး Showroom , ရတနာလမ်းနှင့် မေတ္တာလမ်းကြား၊ ဝေဇယန္တာလမ်းမပေါ် (မေတ္တာလမ်းအနီး)၊ တောင်ဥက္ကလာပမြို့နယ်။

လူဦးရေ ၃၀ သာ လက်ခံလို့ရမှာဖြစ်တဲ့အတွက် အခမဲ့ တက်ရောက်ခွင့်ရဖို့ ဖုန်းနံပါတ် .. 09 966 162 404, 09 966 162 405, 09 966 162 406 ကို အမြန်ဆုံးဆက်သွယ် စာရင်းပေးထားလိုက်နော် .. ??

Source:ကျားလေ 

Read times Last modified on Friday, 19 October 2018 15:25
Rate this item
(0 votes)