What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 17 May 2019 17:34

အသက် ၃ဝ ကျော်လာရင် ဝေးဝေးကရှောင်သင့်တဲ့ အစားအစာများ

လူတွေက အသက်အပိုင်းအခြားအလိုက် အစားအစာတွေကို ပြောင်းလဲစားသုံးရပါတယ်။

မွေးကင်းစအရွယ်မှာတုန်းကတော့ မိခင်နို့ချိုပဲ သောက်သုံးရတာဖြစ်ပြီး အရွယ်နည်းနည်း ရောက်လာတဲ့အခါမှာတော့ ဖြည့်စွက်စာလေးတွေပါ တွဲဖက်စားသုံးပေးရပါတယ်။ အဲဒီလိုပဲ အသက်ရလာတဲ့အခါမှာလည်း ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်မှုရှိတဲ့ အစားအစာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို ရွေးချယ်စားသုံးပေးမှ ကျန်းမာသက်ရှည်အောင် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်က စားချင်သောက်ချင်တာတွေကို စားခဲ့သောက်ခဲ့ သောင်းကျန်းခဲ့ပေမယ့် အသက် (၃ဝ) ဆိုတဲ့ ဘဝတစ်ဆစ်ချိုး သက်လတ်ပိုင်းအရွယ်ကို ရောက်လာပြီဆိုရင်တော့ ကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲသင့်ပါပြီ။

 

အသက် (၃ဝ) ရောက်ရင် ခန္ဓာကိုယ်က လက်ခံနိုင်မှုကလည်း ငယ်တုန်းကနဲ့ မတူတော့ပါဘူး။ အလွယ်တကူရတဲ့ Junk Food တွေကို ခန္ဓာကိုယ်က လက်ခံနိုင်စွမ်းအား နည်းလာပါတယ်။ Junk Food လို မစားသင့်တဲ့ တချို့အစားအစာတွေလည်းရှိသေးလို့ ဘယ်အရာတွေကို အသက် ၃ဝ ကျော်လာရင် မစားသင့်ဘူးလဲဆိုတာ သေသေချာချာ သိရှိပြီး ရှောင်ရှားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

 

အနံ့အရသာထည့်ထားတဲ့ဒိန်ချဉ်

ဒိန်ချဉ်က ကျန်းမာရေးကို ကောင်းမွန်စေလို့ အိမ်တိုင်းရဲ့ ရေခဲသေတ္တာတွေထဲမှာ ဆောင်ထားတတ်ကြပါတယ်။ ဒါပေမယ့် အနံ့အရသာထည့်ထားတဲ့ ဒိန်ချဉ်တွေမှာ သကြားဓာတ် ၄၇ ဂရမ် ပိုမိုပါဝင်နေတတ်တဲ့အတွက် အသက် (၃ဝ) ကျော်တဲ့ သက်လတ်ပိုင်းတွေ မစားသုံးသင့်ပါဘူး။ American Heart Association က သက်လတ်ပိုင်းတွေ သကြားစားသုံးမှုနဲ့ ပတ်သက်ပြီး လမ်းညွှန်ထားတာက ယောကျာ်းလေးဆို တစ်နေ့ကို ၃၈ ဂရမ်သာ စားသုံးသင့်ပြီး မိန်းကလေးဆို ၂၅ ဂရမ်ပဲ စားသုံးသင့်တယ်လို့ ဆိုထားပါတယ်။ အနံ့အရသာထည့်ထားတဲ့ ဒိန်ချဉ်ကိုစားမယ့်အစား ဘာမှရောနှောခြင်းမရှိတဲ့ ဒိန်ချဉ် (သို့) ဂရိဒိန်ချဉ်တွေကို လတ်လတ်ဆက်ဆက် အသီးအနှံတွေနဲ့ ရောပြီး စားပေးတာက ပိုကောင်းပါတယ်။ အနံ့အရသာထည့်ထားတဲ့ဒိန်ချဉ်တွေဟာ သဘာဝကို တုပပြုလုပ်ထားတာဖြစ်တဲ့အတွက် အစစ်အမှန်တွေလောက်တော့ ကျန်းမာရေးကို ကောင်းကျိုးမပြုပါဘူး။

 

ပဲနို့

ပဲနို့က ကျန်းမာရေးကို ကောင်းမွန်စေတဲ့ စားသောက်ကုန်တစ်ခုဖြစ်ပေမယ့် အသားနေရာမှာ အစားထိုးဝင်ရောက်နိုင်တဲ့ စားသောက်ကုန်တော့ မဟုတ်သေးပါဘူး။ပဲနို့ဆိုတာက ပဲကို ပြုပြင်ပြောင်းလဲပြီးလုပ်ထားတာဖြစ်လို့ ရေရှည်အတွက်ဆို ကျန်းမာရေးကို မကောင်းစေပါဘူး။ အဲဒီလိုပြောလို့ ရေတိုအတွက် ကောင်းတယ်လို့လည်း မထင်ပါနဲ့နော်။ ပဲနို့ သောက်တာများရင် ခန္ဓာကိုယ်ကို ယောင်ရမ်းစေနိုင်စေပြီး သိုင်းရွိုက်လုပ်ငန်းစဉ်တွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ သက်လတ်ပိုင်းအရွယ်တွေသာ ပဲနို့ကို မသောက်သုံးသင့်တာ မဟုတ်ဘဲ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးနေဆဲ ကလေးငယ်တွေလည်း မသောက်သုံးသင့်ပါဘူး။

 

ပိုက်နဲ့သောက်သုံးခြင်း

ဘာလေးပဲ သောက်သောက် ပိုက်လေးနဲ့ သောက်ရမှဆိုတဲ့ လူတွေအနေနဲ့ အသက် ၃ဝ ကျော်လာရင် ပိုက်နဲ့သောက်တာကို လျော့ရင်လျော့ ဒါမှမဟုတ် ဖြတ်လိုက်တာက အကောင်းဆုံးပါပဲ။ ပိုက်နဲ့သောက်ဖို့ဆို အရည်ကို စုပ်ရတဲ့အတွက်ကြောင့် ပါးစပ်နားတစ်ဝိုက်မှာ အရေးအကြောင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အသက် ၂၅ နှစ်ရောက်ရင် အရေးပြားပေါ်က Collagen တွေ စတင်ပျက်ဆီးလာတာ ဖြစ်တဲ့အတွက်ကြောင့် ပိုက်နဲ့သောက်ရင် အရေးအကြောင်းတွေ ပိုမို ဖြစ်ပေါ်လာနိုင်လို့ သတိထားပြီး တတ်နိုင်သမျှ ရှောင်ရှားတာ အကောင်းဆုံးပါပဲ။

 

ပေါင်မုန့်အဖြူ

ကလေးဘဝတုန်းကတော့ ပေါင်မုန့်အဖြူဟာ စားလို့ကောင်းပြီး အရသာရှိတဲ့ စားစရာတစ်ခုပါ။ အသက်အရွယ်ရလာတဲ့အခါမှာတော့ ပေါင်မုန့်အဖြူမှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ မပါဝင်ဘူးဆိုတာ သိလာပါလိမ့်မယ်။ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ မပါရုံတင်မကဘဲ သွေးတွင်းသကြားဓာတ်ကိုပါ မြင့်စေနိုင်လို့ အသက်အရွယ်ရလာရင် ပေါင်မုန့်အဖြူ စားသုံးတာကို ရှောင်ရှားသင့်ပါတယ်။ အသက်အရွယ်ရလာတဲ့အခါ အစာခြေစနစ်ဟာလည်း ယိုယွင်းလာတဲ့အတွက် အမျှင်ဓာတ်နည်းပါးတဲ့ ပေါင်မုန့်အဖြူကို ရွေးချယ်မစားသုံးသင့်ပါဘူး။ ဒါ့အပြင် လူတွေ နှစ်နှစ်ခြိုက်ခြိုက်စားသုံးနေတဲ့ ဒိုးနပ်လို မုန့်အကွင်း အကွင်းတွေမှာလည်း ဆိုဒီယမ်တွေသာ ပေါပေါများများပါဝင်ပြီး ဘာအာဟာရဓာတ်နဲ့ ဘာအမျှင်ဓာတ်မှ မပါဝင်လို့ အသက် ၃ဝ ကျော်လာရင် ရှောင်ရှားသင့်ပါတယ်။

 

အသင့်သောက်အသီးဖျော်ရည်

ငယ်ငယ်က ကျောင်းဆင်းလို့ အိမ်ပြန်ရောက်ရင် အသီးဖျော်ရည်ဘူးလေးတွေကို ခုံခုံမင်မင် သောက်ဖူးကြမှာပါ။ အရွယ်ရောက်လာလို့ သေချာစဉ်းစားကြည့်တဲ့အခါမှာတော့ အသီးဖျော်ရည်ဘူးတွေ သောက်တာက အသီးတွေစားသလိုမျိုး အကျိုးကျေးဇူးတွေ ရရှိစေလား ဆိုတဲ့ အချက်ပါပဲ။ အသီးဖျော်ရည်ဘူးတွေကို အသီးတွေကနေထုတ်ယူပြီး ပြုလုပ်ထားတယ်လို့ ဆိုပေမယ့်လည်း အသီးတွေမှာ ရရှိတဲ့ အမျှင်ဓာတ်တွေကတော့ ဖျော်ရည်ဘူးတွေထဲမှာ မပါသလောက် နည်ပါးပြီး သောက်လို့ကောင်းအောင် ထည့်ထားတဲ့ သကြားတွေသာ ပါဝင်လာတဲ့အတွက် ကျန်းမာရေးကို ကောင်းကျိုးမဖြစ်စေပါဘူး။ ငယ်တုန်းမှာ သောက်တာက ကျန်းမာရေးထိခိုက်တာ သိပ်မသိသာပေမယ့် အသက်ကြီးလို့ ခန္ဓာကိုယ်လုပ်ငန်းစဉ်တွေ နှောင့်နှေးလာတဲ့အချိန်မှာ သောက်မိရင် ရောဂါကို ငွေနဲ့ ဝယ်ယူလိုက်သလို ဖြစ်စေမှာပါ။

 

Source: H.H(Akhayar)

Read times Last modified on Friday, 17 May 2019 17:48
Rate this item
(1 Vote)