What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 13 November 2018 11:29

မျက်ကွင်းညိုနေလို့ စိတ်ညစ်နေလား

မျက်ကွင်းညိုနေလို့ မျက်ကွင်းဖောင်းနေလို့ စိတ်ညစ်နေတဲ့ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးပါမယ်။

၁။ အိပ်ရေး၀၀ အိပ်ပါ။

မျက်ကွင်းညိုတာ မျက်လုံးဖောင်းတာက အဓိကအကြောင်းရင်းကတော့ အိပ်ချိန်မလုံလောက်တာပါပဲ။ အိပ်ရေး၀၀အိပ်ပေးပါ။

၂။ မျက်တောင်ခတ်ပါ။

မအိပ်ယာက နိုးလာတာနဲ့ မျက်တောင်ကို စက္ကန့် ၃၀ လောက်ခတ်ပေးပါ။

၃။ ရေများများသောက်ပါ။

ရေဓါတ်ခမ်းခြောက်တာဟာ မျက်ကွင်းညိုစေပြီး မျက်ကွင်းရောင်စေပါတယ်။ ဒါ့ကြောင့် မနက်ခင်းတိုင်း ရေသောက်ခြင်းကနေ အစ ပပါ။ ကိုယ်သွားမယ့် လာမယ့်နေရာတိုင်းမှာ ရေ ၁ ဘူးဆောင်ထားပါ။

၎။ ဆားစားသုံးမှုလျှော့ချပါ။

ဆားကိုလျှော့စားပါ။ ဆားဟာ သင့်ခန္ဓာကိုယ်ကို ရေဓါတ်ခမ်းခြောက်စေပါတယ်။ ဆားလိုပဲ ခန္ဓာကိုယ်ကို ရေဓါတ်ခမ်းခြောက်စေတဲ့ ၊ အရက်ကိုလည်း ရှောင်ပါ။

၅။ Tea Bag လက်ဖက်ထုပ်ကိုသုံးမယ်။

လက်ဖက်ထုပ်ကို ရေနွေးနဲ့ ၅ မိနစ်လောက်စိမ်ပြီးရင် ပြန်ထုတ်ကာ ရေခဲရေးနဲ့ထည့်ပြီး အအေးခံပါ။ ပြီးရင် မျက်လုံးပေါ်မှာ ကပ် ပေးပါ။

၆။ နို့သုံးမယ်

နို့မှာ Amino အက်ဆစ်၊ Lactic အက်ဆစ်၊ ဗီတာမင် A နဲ့ D စတဲ့ဓါတ်တွေပါဝင်ပြီး သင့်အသားရေကို လှပစေပါတယ်။ နို့ထဲမှာ ပါ ဂွမ်းစ ၂ ခုကို နှစ်ပြီး အရည်ညှစ်ထုတ်ကာ မျက်လုံးပေါ်မှာ ကပ်ထားပေးပါ။ ၁၀ မိနစ် ၁၅ မိနစ်လောက်ထားပြီး ရေအေးအေးနဲ့ ဆေးချပါ။

၆။ သခွားသီး

သခွားသီးကို အကွင်းလိုက် ပါးပါးလှီးပြီး မျက်လုံးပေါ်မှာ ၁၀ မိနစ်လောက်ကပ်ထားပေးပါ။

၇။ အာလူးကိုသုံးမယ်

အာလူးကို အင်းလိုက်လှီးပြီး မျက်လုံးပေါ်မှာ ကပ်ထားပေးပါ။ ၁၀ မိနစ်လောက်ကပ်ထားပေးပြီး ရေအေးအေးနဲ့ ဆေးချပါ။

Source:myhealthmyanmar

Read times
Rate this item
(1 Vote)