What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 09 May 2019 13:33




 

အုတ်ဂျုံ


 

Read More : ဝက်ခြံကို တိုက်ဖျက်နိုင်မည့် နည်းလမ်းမျာ

 

ပဲသီးစေ့


 

အခွံမာသီး


 

Written By - A.Win (Health Products Directory)

Ref:Health+

 

{Unicode}

======

ကိုလက်စတော မြင့်တက်ခြင်းကို လျော့ချပေးနိုင်သော အစားအစာများ

ကိုလက်စတောတွေကို မြင့်တက်စေတဲ့ အကြောင်းအရင်းကတော့ အဝလွန်ခြင်း ၊ ကိုယ်လက် လှုပ်ရှားမှုနည်းခြင်း ၊ စီးကရက်သောက်ခြင်း ၊ သွေးတိုးရှိခြင်း တို့ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုလက်စတော မြှင့်တက်လာခဲ့အခါ အလွယ်လျော့ချပေးနိုင်မယ့် အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။

 

အုတ်ဂျုံ

အုတ်ဂျုံမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များစွာပါဝင်ပါတယ်။ ကိုလက်စတော မြှင့်တက်ခြင်းကို လျော့ချပေးနိုင်တဲ့ အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။ အုတ်ဂျုံမှာ ကောင်းကျိုးများစွာရှိတဲ့အတွက် မနက်စာအဖြင့် စားသုံးမယ်ဆိုရင် ပိုပြီး သင့်လျော်တယ်လို့ ဆေးပညာရှင်များက ပြောဆိုလေ့ရှိပါတယ်။

 

ပဲသီးစေ့

ပဲသီးစေ့မှာလဲ အမျှင်ဓာတ်များ များစွာပါဝင်တာကြောင့် ကြာရှည် မကြာခဏ စားသုံးပေးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ပဲသီးစေ့ကို မကြာခဏ စားသုံးမယ်ဆိုရင် ကိုလက်စတောများကို လျော့ကျစေတဲ့ အပြင် ခန္ဓာကိုယ် ဝိတ်ကျစေဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ ဗီတာမင် မြောက်များစွာ ပါရှိသည့်အပြင်၊ ဆန့်ကျင်ဓာတ်တိုးပစ္စည်းလဲ ကြွယ်ဝစွာ ပါရှိသဖြင့် ကင်ဆာ ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ နှလုံး၊ နှလုံးသွေးကြောနှင့် သက်ဆိုင်သော ရောဂါများကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။

 

အခွံမာသီး

အခွံမာသီး နဲ့ မြေပဲ တွေက သွေးအတွင်း ကိုလက်စတောတွေကို လျော့ကျစေတဲ့အပြင် အမျှင်ဓာတ် နှင့် မဂ္ဂနီဆီယမ်များ ပါဝင်တဲ့ အသီးများဖြစ်ပါတယ်။ အခွံမာသီးကို နေ့စဉ်စားသုံးပေးခြင်းဖြင့် နှလုံးရောဂါဖြစ်ခြင်းကို လျော့ကျစေနိုင်ပါတယ်။ အခွံမာသီးစားခြင်းဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်မှု နဲ့ ဆီးချိုရောဂါဖြစ်မှု လျော့နည်းစေနိုင်ကြောင်း သုတေသီတွေက ပြောပါတယ်။

Read times Last modified on Monday, 23 December 2019 18:19
Rate this item
(3 votes)