What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 26 June 2020 16:23

နားလည်ထားသင့်သည့် သွေးဖောက်စစ်မှုမှ အဖြေများ

အခုခေတ်မှာ လူတိုင်းလိုလို သွေးဖောက်စစ်သည့် အခါပါလာတတ်သော စစ်ဆေးချက်တရပ် ဖြစ်ပါတယ်။  

ဒီဆေးစစ်ချက်ကို အတော်များများဟာ နားယဉ်နေကြမယ်လို့ ထင်ပါတယ်။ သေသေချာချာ အဓိပ္ဗါယ်ကို သိတဲ့သူကတော့ လူနည်းစု လောက်ဖြစ်မယ်လို့ ထင်ပါတယ်။

 

HgbA1c ဆိုတာ ဘာကို ဆိုလိုနေ တာလဲ

သွေးထဲမှာ သကြားဓာတ်ဟာ လိုအပ်သည့် ပမာဏထက်ပိုများ နေတဲ့အခါ ( ဥပမာ - ၁. အချို များများစားလေ့ရှိခြင်း ၊

၂. Insulin resistance ခေါ် insulin ဓာတ်ယဉ်ပါးနေခြင်း ၊ ( insulin ဆိုတာ သကြားတွေ ကလာပ်စည်းထဲမှာ လောင်စာအဖြစ် အသုံးချရန် ကလာပ်စည်း တံခါးကို ဖွင့်ပေးသော ဟော်မုန်းဓာတ် ) ၊ 

 

၃. Thyroid hormone နည်းနေခြင်း ( thyroid hormone ဟာ ကလာပ်စည်းအတွင်းရှိ လောင်စာစက်ရုံ ၊ သို့ မဟုတ် စွမ်းအင်တွေထွက်တဲ့ စက်ရုံတွေ ရဲ့ ပမာဏကို ကြီးထွားလာစေရုံမက ၊ စက်ရုံ ရဲ့ အရေအတွက်ကိုလဲ ကို များလာအောင် အားရှိစေပါတယ် )

 

၄. နာတာရှည် ရောဂါ တစ်ခုခုကြောင့် ကာလကြာမြင့်စွာ Prednisone သောက်နေရခြင်း စသည်တို့ဖြစ်ပါတယ်။ ကလာပ်စည်းထဲကို ထည့်ပေးပြီး ကျန်နေတဲ့ သကြားဓာတ် တွေဟာ အသည်းထဲမှာ နောင်အလိုရှိတဲ့ အခါသုံးဖို့ လောင်စာ တစ်မျိုးအနေ နဲ့ လဲ ပြောင်းထားပေးပါတယ်။ Glycogen storage ပိုလျှံနေတဲ့ သကြားတွေကတော့ အဆီ အဖြစ် ပြောင်းလဲသွားပါတယ်။ ပိုလျှံနေတဲ့ သကြားထဲက အချို့က ပရိုတင်းဓာတ်တွေ နဲ့ ပေါင်းသွားပြီး ခန္ဓာကိုယ်တွင်းကို ယောင်ကိုင်းစေတဲ့ ဓာတ်တွေ ဖြစ်လာပါတယ်။

 

အင်္ဂလိပ်လို advanced glycation end products or AGEs ကလာပ်စည်း အတွင်း ပရိုတင်းဓာတ် ကို အလွယ်တကူတိုင်းတာနိုင်တာကတော့ သွေး ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးဥနီ red blood cells တွေဟာ ကလာပ်စည်း တွေဖြစ်နေလို့ပါပဲ။ ဒီသွေးဥနီထဲမှာ ရှိနေတဲ့ ပရိုတင်းဓာတ် ကတော့ hemoglobin ပဲဖြစ်ပါတယ်။

 

( globin ) Hemoglobin ရဲ့ အလုပ်ကတော့ အောက်စီဂျင်ဓာတ် ကို သွေးထဲကနေ လိုအပ်တဲ့ နေရာကို သယ်ယူပို့ဆောင်ပေးပါတယ်။ သွေး ကလာပ်စည်း ထဲမှာရှိတဲ့ ပရိုတင်း globin ကို တိုင်းကြည့် လိုက်မယ်ဆိုရင် ခန္ဓာကိုယ် တစ်ခုလုံးမှာဖြစ်နေတာ ကို မှန်းဆ ကြည့်လို့ရနိုင် ပါတယ်။

 

ဘာကိုကြည့်ချင်လို့ HgbA1c ကို တိုင်းကြည့်ကြတာ ပါသလဲ

သွေးထဲမှာ သကြားဓာတ်ကို ဘယ်လောက် အတိုင်းအတာ အထိထိန်းချုပ်ထား နိုင်သလဲဆိုတာ သိရအောင် ဖြစ်ပါတယ်။ ( glucose control ) သွေးဥနီတွေ ရဲ့ သက်တမ်းက ရက်ပေါင်း ၁၂ဝ လောက်ဖြစ်တာကြောင့် သကြားဓာတ် တွေ ပိုနေတာကို ခန္ဓာကိုယ်က ဒီရက်ပိုင်းအတွင်း ဘယ်လောက်ကောင်းကောင်း ထိန်းချုပ်ထားနိုင် သလဲဆိုတာ အကြမ်းအားဖြင့် သိနိုင်တာဖြစ်ပါတယ်။

 

သူ့ရဲ့စစ်ချက်က ဒီရက် အတောအတွင်းရဲ့ ပျမ်းမျှခြင်းဖြစ်ပါတယ်။ HgbA1c မှာ သကြားဓာတ်ကို တိုင်းတာကြည့်ဖို့ ရိုးရိုးသွေးဖောက်စစ်တာ ( Fasting sugar ) ထက်ပိုပြီး တိကျပါတယ်။

 

ဒီအဖြေ ကို ဘယ်လို ကောက်ချက်ချလို့ ရနိုင်ပါသလဲ

HgbA1c level less than 5.3 အမြဲ လိုလိုရှိနေသူ တစ်ဦးမှာ နှလုံးရောဂါ ရှိနေဖို့လမ်း အတော်လေး ကျဉ်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ 5.3 level ထက် အောက်ဆိုတာဟာ

၁။ သွေးထဲရှိ သကြားဓာတ်ကို သေသေချာချာ ထိန်းထားလို့ ဖြစ်ပါတယ်။

 

၂။ ဒီလိုလူမျိုးတွေမှာဆိုရင်လည်း Fasting insulin level ဟာ လည်းနိမ့်ကျနေ တတ်ပါတယ်။

 

၃။ ခန္ဓာကိုယ်တွင်း ယောင်ကိုင်းခြင်းဟာလည်း အတော်လေးကို နည်းနေမှာ ဖြစ်ပါတယ်။ နောက်တစ်မျိုး ပြောပြရမယ်ဆိုရင် capillaries လို့ ခေါ်တဲ့ သွေးကြော သေးသေးလေးတွေ မှာ ရောဂါဖြစ်လို့ ပိတ်ဆို့နေခြင်း မရှိဖို့ အလားအလာ အလွန်များပါတယ်။ HgbA1c level များနေလေ သွေးကြောအသေးလေးတွေ အတွင်းဖြစ်နိုင်တဲ့ ပိတ်ဆို့နေတတ်တာတွေ ပိုဖြစ်နိုင် ပါတယ်။

 

HbA1c level over 6.2 အမြဲလိုလိုရှိနေသူဆိုရင်တော့ သွေးကြောထဲမှာ သိသာထင်ရှားတဲ့ ပိတ်ဆို့မှုတွေရှိဖို့များတဲ့ အပြင် နှလုံး ရဲ့ လုပ်ငန်းဆောင်တာများ ယိုယွင်းလာတတ်ပြီး (metabolic dysfunction) သဘာဝခြင်းမတူသော နာပ်ကြော ဖွဲ့စည်းတည်ဆောက်မှုတွေ ဟန်ချက် ပျက်စီးခြင်းပါ ရောက်တတ်ပါတယ်။

 

Autonomic system ( sympathetic and parasympathetic system ) imbalance သွေးကြော အသေးလေးတွေ အတွင်း ရောဂါလဲ ဖြစ်တတ်ပါတယ်။

 

ဒေါက်တာ ခင်နွယ်ဝင်း

Read times
Rate this item
(0 votes)