What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 27 April 2019 15:54

ကျန်းမာရေးထိခိုက်မှုများတဲ့ ဂျင်းဘောင်းဘီ အကျပ်များ

တင်းကျပ်သော ဂျင်းဘောင်းဘီများကို ဖက်ရှင်ကျလိုသူ များ ဝတ်ဆင်နေကြသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

သို့သော် ယင်း သို့ တင်းကျပ်သော၊ အသားကပ် ဂျင်းဘောင်းဘီများသည် အာရုံခံ နာ့ဗ်ကြောများနှင့် ကြွက်သားများကို ပျက်စီးစေနိုင်ကြောင်း ဆရာဝန်များ၏ အသိပေးပြောကြားချက်အရ သိရပါတယ်။

 

ဦးနှောက်အာရုံကြော ခွဲစိတ်ကုသမှုနှင့် စိတ်ပညာဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်၌ အသက် (၃၅) နှစ်အရွယ် သြစတြေးလျ အမျိုးသမီးတစ်ဦးသည် ကြွက်သားများအတွင်း သွေး ထွက်၊ ရောင်ရမ်းခြင်းရောဂါ ခံစားခဲ့ရပြီး ဂျင်းဘောင်းဘီ ကျပ်ကျပ်များ ဝတ်ခြင်းက ရောဂါကို ပိုမိုဆိုးရွားစေကြောင်း သိရပါတယ်။

 

Read More :အူမကြီးကင်ဆာရောဂါ လက္ခဏာများ နှင့် ကာကွယ်နိုင်မည့် နည်းလမ်းများ

 

ယင်းမှာ ဘောင်းဘီကျပ်ကျပ် ဝတ်ဆင်ခြင်းအတွက် ပထမဆုံး သတိပေးချက်မဟုတ်ပေ။ ချက်အောက်အထိ ရောက်သော ဇစ်တိုတို နှင့် ဖက်ရှင်သစ် ဂျင်းဘောင်းဘီကျပ်များ ဝတ်ဆင်ခြင်းကြောင့် ပေါင်တွင် ယားယံခြင်းနှင့် နာကျင်ခြင်းများကို အဖြစ်များစေနိုင်ပါတယ်။

 

တင်းကျပ်လွန်းသော ဂျင်းဘောင်းဘီများကြောင့် အမျိုးသား အင်္ဂါများ တွန့်လိမ်ပုံစံမကျဖြစ်နိုင်သည်ဟု ဆရာဝန်များက သတိပေးချက်အရ သိရပါတယ်။ ထို့အပြင် ကလေးရရှိရန် ကြိုးစားနေသော ဇနီးမောင်နှံစုံတွဲများတွင် အမျိုးသားများအနေဖြင့် ချောင်ချောင်ချိချိ အောက်ခံ ဘောင်းဘီများ ဝတ်ဆင်သင့်သည်ဟု အထွေထွေရောဂါကု ဆရာဝန် ဆာရာဂျာဗစ်က ပြောပါတယ်။

 

အပူချိန်မြင့်နေပါက အမျိုးသားများ၏ သုက်သွေးထုတ်လုပ်မှု ကို ထိခိုက်နိုင်သည်။ ဆီးလမ်းကြောင်း ရောဂါရှိသူများလည်း ဂျင်းဘောင်းဘီကျပ်များ ရှောင်ရှားရန် အကြံပေးထားပါတယ်။ အစာအိမ်ရောဂါရှိသူများ ၊ လေနာရှိသူများလည်း ဘောင်းဘီကျပ်ကျပ် ဝတ်ဆင်ခြင်း ရှောင်ရှားသင့်ဖို့ လိုပါတယ်။ အစာအိမ်ထဲမှ အက်စစ်များ အထက်သို့ ဆန်တက်စေတာကြောင့် ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်တွင် ချောင်ချိသော အားကစားဝတ်စုံများသည် အသင့်လျော်ဆုံးဖြစ်ပြီး ဂျင်းဘောင်းဘီကျပ်ကျပ်များ ဝတ်ဆင်မကစားသင့်ပါဘူး။

 

Souce: 7Daydaily

Read times
Rate this item
(0 votes)