What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 07 June 2019 17:48

ယခုနှစ်မကုန်မီ ရန်ကုန်တိုင်းဒေသကြီး၏ ကင်ဆာရောဂါဖြစ်ပွားမှုစာရင်း ကြေညာမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နေထိုင်တဲ့

လူဦးရေအပေါ်မူတည်ပြီး ကောက်ခံထားတဲ့ ကင်ဆာရောဂါဖြစ်ပွားမှု အခြေအနေဖော်ပြစာရင်းကို ယခုနှစ်မကုန်ခင်မှာ ထုတ်ပြန်ကြေညာသွားမှာဖြစ်တယ်လို့ ရန်ကုန်ဆေးရုံကြီး ၊ ကင်ဆာရောဂါဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာခင်သင်းမူက အတည်ပြု ပြောကြားပါတယ်။မြန်မာနိုင်ငံမှာ ကင်ဆာလူနာဦးရေ ဘယ်လောက်ရှိတယ် ၊ ဘယ်ကင်ဆာရောဂါတွေက အဖြစ်များနေတယ်ဆိုတဲ့ အချက်အလက်တွေ အတိအကျ မရှိပါဘူး။ ဒါကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မကူးစက်တတ်သောရောဂါများဌာနက ဦးဆောင်ပြီး နေပြည်တော်နဲ့ ရန်ကုန်မှာ ပြီးခဲ့တဲ့နှစ်ကတည်းက ကင်ဆာဖြစ်ပွားမှုစာရင်း ကောက်ခံခဲ့ပါတယ်။

Read More : အရိုးပတ်သက်တဲ့ ရောဂါအမျိုးမျိုးအတွက် ဘယ်လိုအားဆေးတွေက အသုံးဝင်မလဲ

အရိုးပတ်သက်တဲ့ ရောဂါအမျိုးမျိုးအတွက် ဘယ်လိုအားဆေးတွေက အသုံးဝင်မလဲ

 

ကင်ဆာဖြစ်ပွားမှုစာရင်းကောက်ခံရာမှာ ဆေးရုံအခြေခံ ကောက်ယူတဲ့ စာရင်းနဲ့ လူဦးရေ အခြေခံကောက်ယူတဲ့ စာရင်း ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာတော့ ဆေးရုံ (၁၈) ရုံက ကင်ဆာလူနာတွေရဲ့ အချက်အလက်ပေါ်မူတည် ကောက်ခံလျက်ရှိပြီး ယခုနှစ်အတွင်းမှာပဲ ထုတ်ပြန်နိုင်ပေးဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံက အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ကင်ဆာရောဂါဖြစ်ပွားမှုအမြင့်ဆုံး ဒုတိယနိုင်ငံအဖြစ် ရပ်တည်နေပြီး ကင်ဆာနဲ့ ပတ်သက်တဲ့ နိုင်ငံအဆင့်စီမံကိန်းတွေ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ ကင်ဆာလူနာတွေရဲ့ အချက်အလက်ကို အတိအကျကောက်ယူထားမှု မရှိသလောက်ဖြစ်တာကြောင့် စီမံကိန်းချမှတ်ဆောင်ရွက်ဖို့ အခက်အခဲဖြစ်စေပါတယ်။

 

ဒါကြောင့် အခုလို ကင်ဆာဖြစ်ပွားမှုစာရင်းတွေ ကောက်ခံရတာဖြစ်တယ်လို့ ကင်ဆာရောဂါဆေးပညာဌာနမှ ပါမောက္ခဒေါက်တာ ခင်သင်းမူကပြောပါတယ်။နေပြည်တော်မှာ ရှေ့ပြေးစီမံချက်နဲ့ လူဦးရေအခြေခံ၊ ဆေးရုံအခြေခံ ကင်ဆာဖြစ်ပွားမှုစာရင်းတွေ ကောက်ခံထားပြီးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ မန္တလေးနဲ့ တောင်ကြီးမှာတော့ အချက်အလက်ကောက်ခံမှုတွေ စတင်တော့မယ်လို့သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ကင်ဆာလူနာတွေရဲ့ ၆၇ ရာခိုင်နှုန်းက အသက် ၃၅ နှစ်နှင့် ၆၄ နှစ်ကြားအရွယ်အုပ်စုတွေဖြစ်ပြီး ကင်ဆာရောဂါဖြစ်နေတယ်ဆိုတာကို နောက်ဆုံးအဆင့်မှ သိရှိကြတယ်လို့သိရပါတယ်။

 

Source: mrtv4

Read times Last modified on Friday, 07 June 2019 18:03
Rate this item
(0 votes)