What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 30 July 2019 15:38

“ဆီးချိုသွေးချိုနှင့် ကိုယ်လက်လှုပ်ရှားအားကစား” ဗီဒီယိုမိတ်ဆက်ခြင်းအခမ်းအနားနှင့် ကျန်းမာရေးဟောပြောပွဲဖိတ်ကြားခြင်း

ဆီးချိုသွေးချိုရောဂါ ကျား - မ မရွေး ဖြစ်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး

အသံတိတ်လူသတ်သမား ဆိုရင် လူတိုင်းလိုလို သိရှိကြမယ် ထင်ပါတယ်။ ကမ္ဘာပေါ်တွင် ဆီးချိုသွေးချိုရောဂါကြောင့် ခြောက် စက္ကန့် တိုင်း၌ လူတစ်ဦးနှုန်း သေဆုံးလျက်ရှိပြီး ၁ဝ စက္ကန့်တိုင်းတွင် ကမ္ဘာပေါ် ရှိလူနှစ်ဦးမှာ ဆီးချို သွေးချို ရောဂါ စတင်ဖြစ်ပွားနေပြီး စက္ကန့် ၃ဝ တိုင်း၌ လူတစ်ဦးမှာ ဆီးချိုသွေးချိုရောဂါကြောင့် မသန်စွမ်း ဖြစ်နေကြတယ်လို ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒီလို ဆီးချိုသွေးချိုရောဂါ မဖြစ်ရလေအောင် ကိုယ်လက်လှုပ်ရှားအားကစား နှင့် ကျန်းမာရေးဆိုင်ရာ သတိပြုသင့်တဲ့ အချက်အလတ်တွေကို မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါ အသင်း ( Myanmar Diabetes Association ) မှ ဟောပြောပွဲကို ကျင်းပပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

 

ဆီးချိုသွေးချိုနှင့် ကိုယ်လက်လှုပ်ရှားအားကစား” ဗီဒီယိုမိတ်ဆက်ခြင်းအခမ်းအနားနဲ့ ကျန်းရေးဟောပြောပွဲ အခမ်းအနားကို သြဂုတ်လ(၇)ရက် (ဗုဒ္ဓဟူးနေ့) ၊ UMFCCI မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဗီဒီယိုမှာပါဝင်ထားတဲ့ အနုပညာရှင်များဖြစ်ကြတဲ့ တေးသံရှင် နီနီခင်ဇော် ၊ စနိုးမိုင်လီ ၊ သီဟဒိုင်နို ၊ အယ်လ်ဘောက်နူး နှင့် သော်မိုးစက်တို့လည်း ပါဝင်တက်ရောက်ကြမှာဖြစ်ပါတယ်။

 

အဆိုပါ ဟောပြောပွဲကို စိတ်ပါဝင်စားသည့်သူ မည်သူမဆို တတ်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။

 

နေ့ရက် - သြဂုတ်လ ၇ ရက် (ဗုဒ္ဓဟူးနေ့) ၊ ၂၀၁၉ ။

အချိန် - နံနက် (၉)နာရီကနေ နေလည် (၁၂)နာရီအထိ ။

နေရာ - UMFCCI ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့ နယ် ၊ရန်ကုန်မြို့ ။

 

သွေးစစ်လို့ ESR တတ်တယ်ဆိုတာ ဘာလဲ ဖတ်ရှုရန်ဖတ်ရန် နှိပ်ပါ

သွေးစစ်လို့ ESR တတ်တယ်ဆိုတာ ဘာလဲ

Read times
Rate this item
(0 votes)