What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 03 September 2019 15:59

ရာသီ စောစောလာစေမယ့် နည်းလမ်း(၇)ခု

အကယ်၍ အမျိုးသမီးတစ်ယောက်က ဓမ္မတာ ပုံမှန်လာနေပြီး ရုတ်တရက် ဓမ္မတာနောက်ကျနေတဲ့အခါမှာ မမျှော်လင့်ထားတဲ့ ကိုယ်ဝန် ကြောင့် နောက်ကျနေတာလာဆိုပြီး စိတ်ရှုပ်တတ်ကြပါတယ်။ 

တစ်ရက်နှစ်ရက်အတွင်း ဝုန်းဆို ချက်ချင်းရာသီလာမယ်လို့တော့ အာမခံနိုင်တဲ့နည်းလမ်းမရှိပါဘူး။ ရက်ပိုင်းအနည်းငယ်တော့ စောင့်ရပါလိမ့်မယ်။ ဒါကြောင့် ရာသီ စောစောလာအောင် ကူညီပေးမယ့် အစားအသောက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

နာနတ်သီး

နာနတ်သီးမှာ အက်စထရိုဂျင်နဲ့တခြားဟော်မုန်းတွေကို သက်ရောက်မှုရှိနိုင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့ bromelain ကြွယ်ဝပါတယ်။ bromelain က ရောင်ရမ်းမှုတွေကိုလည်း လျော့ပါးစေတယ်။ ရာသီမမှန်ဖြစ်စေတဲ့ အကြောင်းရင်းတချို့ကို နာနတ်သီးက ကူညီကုစားပေးနိုင်ပါတယ်။ ဒါ့ကြောင့် ရာသီစောလာချင်တဲ့သူတွေရော၊ ရာသီမမှန်တဲ့သူတွေပါ နာနတ်သီးစားပေးလို့ရပါတယ်။

 

ဗီတာမင် စီ (Vitamin C)


ဗီတာမင် စီပါတဲ့အစားအသောက်တွေ အများကြီးစားရင် ရာသီလာစေနိုင်တယ်လို့ အတော်များများက ယုံကြည်ထားကြပါတယ်။ ဒါဟာ ဗီတာမင် စီ က အက်စထရိုဂျင်နဲ့ ပရိုဂျက်စတုန်းပမာဏအပေါ် သက်ရောက်မှုရှိနိုင်တာကြောင့်ဖြစ်ပါလိမ့်မယ်။ ဒီဟော်မုန်းနှစ်မျိုးလုံးက ဘယ်အချိန်မှာ ရာသီလာမလဲဆိုတာနဲ့ သက်ဆိုင်နေတာပါ။

 

ဆေးပညာအထောက်အထား အတိအကျမရှိပေမယ့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ဓာတ်တစ်မျိုးဖြစ်တဲ့ ဗီတာမင်စီကို စားသုံးတာက လွန်တယ်တော့မရှိပါဘူး။ ဗီတာမင် စီ ကြွယ်ဝတာတွေက – အစိမ်းရင့်ရောင် အသီးအရွက်တွေ (ဥပမာ ကိုက်လန်ရွက်) ၊ အရည်ရွှမ်းအချဉ်သီးတွေ (လိမ္မော်၊ ကဗ္ဗလာသီး) ၊ ဂေါ်ဖီထုပ်နွယ်ဝင်တွေ ( ပန်းဂေါ်ဖီစိမ်း) ၊ (၃) ချင်း တို့ ဖြစ်ပါတယ်။ ချင်း ကတော့ မိန်းကလေးတွေရဲ့ ရာသီစက်ဝန်းနဲ့ပတ်သက်ရင် ဟိုအရင်တည်းကသုံးကြတဲ့ ဆေးဖက်ဝင်ပစ္စည်းပါပဲ။ ရာသီလာချိန်ကိုက်ခဲမှုလျော့ပါးစေဖို့၊ သွေးသားသန့်စင်စေဖို့ဆိုပြီး ရာသီလာချိန်မှာ ချင်းရေနွေးကြမ်းသောက်လေ့ရှိကြပါတယ်။ အလွှာပြားလေးတွေလှီးထားတဲ့ ချင်းကို ရေနွေးဆူဆူမှာ ခတ်ပြီး ၅ မိနစ်လောက်တည်ပါ။ အရည်ကိုယူပြီး ပျားရည် သို့မဟုတ် သကြားလေးထည့်သောက်ပါ။

 

တရုတ်နံနံ

တရုတ်နံနံမှာ ဗီတာမင် စီပါဝင်မှုပမာဏမြင့်မားသလို သားအိမ်ကျုံ့ဆန့်နိုင်အားကို ကောင်းစေတဲ့ apiol ဓာတ်လည်းကြွယ်ဝပါတယ်။ ဒါ့ကြောင့် တရုတ်နံနံခတ်ထားတဲ့ ဟင်းချို သို့မဟုတ် ရေနွေးကြမ်းကိုသောက်ပေးသင့်ပါတယ်။ ရေနွေးပူတစ်ခွက်ထဲ တရုတ်နံနံခတ်၊ ၅ မိနစ်လောက်နှပ်ထားပြီးသောက်ပါ။ ဒါပေမယ့် apiol က ကိုယ်ဝန်ဆောင်တွေအတွက် မသင့်တော်တာကြောင့် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ကျောက်ကပ်မကောင်းသူတွေ မသောက်သင့်ပါဘူး။

 


ကိုယ်လက်လေ့ကျင့်ခန်း

လေ့ကျင့်ခန်းဆိုတိုင်း အကြမ်းကြီးတွေမလုပ်ပါနဲ့။ တချို့တွေမှာ အားစိုက်ရတဲ့လေ့ကျင့်ခန်းအကြမ်းတွေလုပ်တာကြောင့် ရာသီမမှန်ဖြစ်တတ်ကြလို့ပါ။ ဒါ့ကြောင့် ထိုက်သင့်သလောက် ကိုယ်လက်လှုပ်ရှားမှု၊ အားကစားလေးလုပ်ပေးတာက ဟော်မုန်းတွေကိုပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်ပြီး ရာသီစက်ဝန်းကိုမှန်စေနိုင်ပါတယ်။

 

ရေနွေးနဲ့ရေချိုး

ရေနွေးနဲ့ရေချိုးတာက တောင့်တင်းနေတဲ့ကြွက်သားတွေကိုပြေလျော့စေပြီး စိတ်ထဲက ဖိစီးမှုတွေကို သက်သာလျော့ပါးစေပါတယ်။ အနွေးဓာတ်ပေးတာက ပြေလျော့စေရုံတင်မကပါဘူး။ သွေးလည်ပတ်မှုကိုကောင်းစေပြီး ရာသီစက်ဝန်းကို မြန်လာအောင် ညင်သာစွာနဲ့ ကူညီပေးပါတယ်။ ဗိုက်အောက်ပိုင်းနားကို ရေနွေးပုလင်းလေးကပ်ပေးတာ၊ ရေနွေးအိတ်ကပ်တာလည်း ရပါတယ်။

 

စိတ်ဖိစီးမှုကို လျှော့

စိတ်ဖိစီးမှုပြင်းထန်နေရင် ရာသီမမှန်ဖြစ်တတ်တယ်လို့ သုတေသနတွေက တွေ့ရှိထားပါတယ်။ စိတ်ဖိစီး၊ လူပင်ပန်းနေရတဲ့ကာလတွေမှာ ရာသီလာနောက်ကျတာ၊ ထိမ်တာတွေဖြစ်တတ်တယ်ဆိုရင် စိတ်ကိုဖြေလျှော့တာ အကောင်းဆုံးနည်းပါပဲ။ ယောဂကစားတာ၊ စာဖတ်တာ၊ တရားထိုင်တာ၊ သူငယ်ချင်းတွေနဲ့တွေ့ဆုံတာလိုမျိုး စိတ်ပေါ့ပါးစေမယ့်အလုပ်တွေ လုပ်ကြည့်ပါ။

Hello Health Group

 

(Zawgyi)

======

ရာသီ ေစာေစာလာေစမယ့္ နည္းလမ္း(၇)ခု

အကယ္၍ အမ်ိဳးသမီးတစ္ေယာက္က ဓမၼတာ ပုံမွန္လာေနၿပီး ႐ုတ္တရက္ ဓမၼတာေနာက္က်ေနတဲ့အခါမွာ မေမွ်ာ္လင့္ထားတဲ့ ကိုယ္ဝန္ ေၾကာင့္ ေနာက္က်ေနတာလာဆိုၿပီး စိတ္ရႈပ္တတ္ၾကပါတယ္။ တစ္ရက္ႏွစ္ရက္အတြင္း ဝုန္းဆို ခ်က္ခ်င္းရာသီလာမယ္လို႔ေတာ့ အာမခံနိုင္တဲ့နည္းလမ္းမရွိပါဘူး။ ရက္ပိုင္းအနည္းငယ္ေတာ့ ေစာင့္ရပါလိမ့္မယ္။ ဒါေၾကာင့္ ရာသီ ေစာေစာလာေအာင္ ကူညီေပးမယ့္ အစားအေသာက္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

 

နာနတ္သီး

နာနတ္သီးမွာ အက္စထရိုဂ်င္နဲ႔တျခားေဟာ္မုန္းေတြကို သက္ေရာက္မႈရွိနုိုင္တဲ့ အင္ဇိုင္းတစ္မ်ိဳးျဖစ္တဲ့ bromelain ၾကြယ္ဝပါတယ္။ bromelain က ေရာင္ရမ္းမႈေတြကိုလည္း ေလ်ာ့ပါးေစတယ္။ ရာသီမမွန္ျဖစ္ေစတဲ့ အေၾကာင္းရင္းတခ်ိဳ႔ကို နာနတ္သီးက ကူညီကုစားေပးနုိင္ပါတယ္။ ဒါ့ေၾကာင့္ ရာသီေစာလာခ်င္တဲ့သူေတြေရာ၊ ရာသီမမွန္တဲ့သူေတြပါ နာနတ္သီးစားေပးလို႔ရပါတယ္။

 

ဗီတာမင္ စီ (Vitamin C)

 

ဗီတာမင္ စီပါတဲ့အစားအေသာက္ေတြ အမ်ားၾကီးစားရင္ ရာသီလာေစနုိင္တယ္လို႔ အေတာ္မ်ားမ်ားက ယံုၾကည္ထားၾကပါတယ္။ ဒါဟာ ဗီတာမင္ စီ က အက္စထရိုဂ်င္နဲ႔ ပရုိဂ်က္စတုန္းပမာဏအေပၚ သက္ေရာက္မႈရွိနိုင္တာေၾကာင့္ျဖစ္ပါလိမ့္မယ္။ ဒီေဟာ္မုန္းႏွစ္မ်ိဳးလံုးက ဘယ္အခ်ိန္မွာ ရာသီလာမလဲဆိုတာနဲ႔ သက္ဆိုင္ေနတာပါ။

 

ေဆးပညာအေထာက္အထား အတိအက်မရွိေပမယ့္ ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ဓာတ္တစ္မ်ိဳးျဖစ္တဲ့ ဗီတာမင္စီကို စားသံုးတာက လြန္တယ္ေတာ့မရွိပါဘူး။ ဗီတာမင္ စီ ၾကြယ္ဝတာေတြက – အစိမ္းရင့္ေရာင္ အသီးအရြက္ေတြ (ဥပမာ ကိုက္လန္ရြက္) ၊ အရည္ရႊမ္းအခ်ဥ္သီးေတြ (လိေမၼာ္၊ ကဗၺလာသီး) ၊ ေဂၚဖီထုပ္ႏြယ္ဝင္ေတြ ( ပန္းေဂၚဖီစိမ္း) ၊ (၃) ခ်င္း တို႕ ျဖစ္ပါတယ္။ ခ်င္း ကေတာ့ မိန္းကေလးေတြရဲ႕ ရာသီစက္ဝန္းနဲ႔ပတ္သက္ရင္ ဟိုအရင္တည္းကသံုးၾကတဲ့ ေဆးဖက္ဝင္ပစၥည္းပါပဲ။ ရာသီလာခ်ိန္ကိုက္ခဲမႈေလ်ာ့ပါးေစဖို႔၊ ေသြးသားသန္႔စင္ေစဖို႔ဆိုျပီး ရာသီလာခ်ိန္မွာ ခ်င္းေရေႏြးၾကမ္းေသာက္ေလ့ရွိၾကပါတယ္။ အလႊာျပားေလးေတြလွီးထားတဲ့ ခ်င္းကို ေရေႏြးဆူဆူမွာ ခတ္ျပီး ၅ မိနစ္ေလာက္တည္ပါ။ အရည္ကိုယူျပီး ပ်ားရည္ သို႔မဟုတ္ သၾကားေလးထည့္ေသာက္ပါ။

 

တရုတ္နံနံ

တရုတ္နံနံမွာ ဗီတာမင္ စီပါဝင္မႈပမာဏျမင့္မားသလို သားအိမ္က်ံဳ႕ဆန္႔နိုင္အားကို ေကာင္းေစတဲ့ apiol ဓာတ္လည္းၾကြယ္ဝပါတယ္။ ဒါ့ေၾကာင့္ တရုတ္နံနံခတ္ထားတဲ့ ဟင္းခ်ိဳ သို႔မဟုတ္ ေရေႏြးၾကမ္းကိုေသာက္ေပးသင့္ပါတယ္။ ေရေႏြးပူတစ္ခြက္ထဲ တရုတ္နံနံခတ္၊ ၅ မိနစ္ေလာက္ႏွပ္ထားျပီးေသာက္ပါ။ ဒါေပမယ့္ apiol က ကိုယ္ဝန္ေဆာင္ေတြအတြက္ မသင့္ေတာ္တာေၾကာင့္ ကိုယ္ဝန္ေဆာင္၊ ႏို႔တိုက္မိခင္နဲ႔ ေက်ာက္ကပ္မေကာင္းသူေတြ မေသာက္သင့္ပါဘူး။

 

ႏွလံုးေရာဂါ ရွိေနျပီးဆို သိႏိုင္မယ့္ လကၡဏာမ်ား

ႏွလံုးေရာဂါ ရွိေနျပီးဆို သိႏိုင္မယ့္ လကၡဏာမ်ား

 

ကိုယ္လက္ေလ့က်င့္ခန္း

ေလ့က်င့္ခန္းဆိုတိုင္း အၾကမ္းၾကီးေတြမလုပ္ပါနဲ႔။ တခ်ိဳ႕ေတြမွာ အားစိုက္ရတဲ့ေလ့က်င့္ခန္းအၾကမ္းေတြလုပ္တာေၾကာင့္ ရာသီမမွန္ျဖစ္တတ္ၾကလို႔ပါ။ ဒါ့ေၾကာင့္ ထိုက္သင့္သေလာက္ ကိုယ္လက္လႈပ္ရွားမႈ၊ အားကစားေလးလုပ္ေပးတာက ေဟာ္မုန္းေတြကိုပံုမွန္ျဖစ္ေအာင္ ထိန္းညွိေပးနုိင္ျပီး ရာသီစက္ဝန္းကိုမွန္ေစနိုင္ပါတယ္။

 

ေရေႏြးနဲ႔ေရခ်ိဳး

ေရေႏြးနဲ႔ေရခ်ိဳးတာက ေတာင့္တင္းေနတဲ့ၾကြက္သားေတြကိုေျပေလ်ာ့ေစျပီး စိတ္ထဲက ဖိစီးမႈေတြကို သက္သာေလ်ာ့ပါးေစပါတယ္။ အေႏြးဓာတ္ေပးတာက ေျပေလ်ာ့ေစရံုတင္မကပါဘူး။ ေသြးလည္ပတ္မႈကိုေကာင္းေစျပီး ရာသီစက္ဝန္းကို ျမန္လာေအာင္ ညင္သာစြာနဲ႔ ကူညီေပးပါတယ္။ ဗိုက္ေအာက္ပိုင္းနားကို ေရေႏြးပုလင္းေလးကပ္ေပးတာ၊ ေရေႏြးအိတ္ကပ္တာလည္း ရပါတယ္။

 

စိတ္ဖိစီးမႈကို ေလွ်ာ့

စိတ္ဖိစီးမႈျပင္းထန္ေနရင္ ရာသီမမွန္ျဖစ္တတ္တယ္လို႔ သုေတသနေတြက ေတြ႔ရွိထားပါတယ္။ စိတ္ဖိစီး၊ လူပင္ပန္းေနရတဲ့ကာလေတြမွာ ရာသီလာေနာက္က်တာ၊ ထိမ္တာေတြျဖစ္တတ္တယ္ဆိုရင္ စိတ္ကိုေျဖေလွ်ာ့တာ အေကာင္းဆံုးနည္းပါပဲ။ ေယာဂကစားတာ၊ စာဖတ္တာ၊ တရားထိုင္တာ၊ သူငယ္ခ်င္းေတြနဲ႔ေတြ႔ဆံုတာလိုမ်ိဳး စိတ္ေပါ့ပါးေစမယ့္အလုပ္ေတြ လုပ္ၾကည့္ပါ။

 

Hello Health Group

Read times Last modified on Wednesday, 29 January 2020 16:59
Rate this item
(1 Vote)