What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 18 May 2018 17:17

ခန္ဓာကိုယ်မှ ရေဓာတ်ရရှိပုံအဆင့်ဆင့်

ခန္ဓာကိုယ်မှ ရေဓာတ်ရရှိပုံအဆင့်ဆင့် google.com

ရေဓာတ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ်ဘာလို့လိုအပ်တာလဲဆိုတော့ ဦးနှောက်ရဲ့ ၇၅ ရာခိုင်နှုန်းကို ရေဓာတ်နဲ့ဖွဲ့စည်း တည်ဆောက်ထားပါတယ်။

ခန္ဓာကိုယ်အတွင်းအပူချိန်မျှတပြုလုပ်ပေးပြီး သွေးအတွင်း မှာ အရည်ဓာတ် ၈၃ ရာခိုင်နှုန်းပါဝင်တာကြောင့်ပါ။ ကြွက်သားများအတွက် ရေဓာတ် ၇၅ ရာခိုင်နှုန်း၊ အရိုးထဲမှာလည်း ရေဓာတ် ၂၂ ရာခိုင်နှုန်းပါရှိပါသေးတယ်။ ခန္ဓာကိုယ်အတွင်းထဲကို ရောက်လာတဲ့အစားအစာတွေကို ခွန်အားအဖြစ်ပြောင်းလဲပေးပြီး၊ မလိုလားအပ်တဲ့ အရည်တွေနဲ့ အဆိပ်အတောက်တွေကို ဆီး၊ ဝမ်း၊ သွေး၊ ချွေး၊ ခ၊ျွဲ၊ သလိပ်အဖြစ်စွန့်ထုတ်ပေးပါတယ်။ အသက်ရှုခြင်းကို အထောက်အပံပေးတယ်။ သက်လုံကောင်းစေတယ်၊ ခေါင်းကိုက်သက်သာစေပြီး ပင်ပန်းနွမ်းနယ်မှုကို ပပျောက်စေကာ စိတ်ကြည်လင် လန်းဆန်းစေပါတယ်။ အသားအရည်စိုပြည် နုပျိုစေပါတယ်။

ဝက်ရူးပြန်၊ ပန်းနာရင်ကျပ်၊ ကျောက်ကပ်၊ လည်ချောင်းနာ၊ နှာခေါင်း၊ ဝမ်း ချုပ်၊ လိပ်ခေါင်းရောဂါတွေကို သက်သာစေပါတယ်။ အမြင်အာရုံကိုအားကောင်းစေတယ်။

ဒီလောက်အကျိုးများတဲ့ ရေကိုဘယ်အချိန်တွေမှာသောက်သင့်လဲဆိုရင်-

(၁) တစ်ညလုံး ငြိမ်သက်နေတဲ့ခန္ဓာကိုယ်အတွင်း ကလီစာတွေကို ပြန်လည်နှိုးကြားအောင် လှုံဆော်ပေးဖို့ နံနက်အိပ်ယာထတာနဲ့ ရေနှစ်ခွက်လောက်သောက်လိုက်ပါ။

(၂) အစာကြေညက်စေဖို့ ထမင်းမစားခင် ၄၅ မိနစ်လောက်ကြိုပြီး ရေတစ်ခွက်သောက်ပေးပါ။

(၃) သွေးခုန်နှုန်း မှန်စေရန်နဲ့ သွေးကျစေဖို့ ရေမချိုးခင် ရေတစ်ခွက်သောက်ပေးပါ။

(၄) လေဖြတ်၊ နှလုံးရောဂါမဖြစ်အောင် ညမအိပ်ခင် ရေတစ်ခွက်သောက်ပေးပါ။

(၅) အိပ်ပျော်နေစဉ် ခြေသလုံး ကြွက်တက်ခြင်း မဖြစ်အောင် ညဘက်တစ်ရေးနိုးတဲ့အခါ ရေသောက်ပါ။

ထမင်းစားနေချိန်ရေအေးလုံးဝမသောက်ပါနဲ့။ ထမင်းစားတဲ့အချိန်ရေအေးသောက်လိုက်တဲ့အခါမှာ ဟင်းလျာထဲမှာပါတဲ့ အဆီအနှစ်တွေက ရေခဲရေနဲ့တွေ့လိုက်တော့ အစာအိမ်နဲ့အူလမ်းကြောင်း မှာ ရွံ့စေ အနည်အနှစ်များသဖွယ် ခဲပျစ်သွားပါတယ်။ အစာစားချင်စိတ်ကိုပါ ကုန်ဆုံးစေပြီး နောက်ဆက်တွဲရောဂါတွေ အနေနဲ့ အူကင်ဆာတွေပါဖြစ်နိုင်ပါတယ်။

ထမင်းပူပူနဲ့ ရေအေးအေးကို တစ်ပြိုင်တည်းလက်ခံရတဲ့ အစာအိမ်ကလည်း ကမောက်ကမတွေဖြစ်ပြီး ဗိုက်နာ ဗိုက်အောင့်တာတွေ လတ်တလောခံစားရမှာပါ။

ဒါကြောင့် ထမင်းမစားခင် ၄၅ မိနစ်အလိုလောက်မှာ ရေသောက်ပေးပါ။ ထမင်းစားနေချိန်အတောအတွင်း ရေခဲရေလုံးဝမသောက်ပါနဲ့။

Source: Cherry wai

Read: ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နည်းများ

ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နည်းများ

Read times Last modified on Friday, 18 May 2018 17:29
Rate this item
(0 votes)