What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 11 May 2018 13:38

အပူလွန်ကဲခြင်းကြောင့်ဖြစ်လေ့ရှိသောရောဂါများ

အပူချိန်လွန်ကဲခြင်းဟာဘယ်သူတစ်ဦးတစ်ယောက်အတွက်မှ မသင့်တော်ပါဘူး။သက်ကြီးရွယ်အိုတွေနှင့် ကျန်းမာရေးမကောင်းသူတွေမှာပိုပြီးဆိုးရွာစေတက်ပါတယ်။အပူကနေအမြန်ရှောင်ရှားတတ်ဖို့အရေးကြီးပါတယ်။

မရှောင်နိုင်ခဲ့ရင်အပူလွန်ကဲပြီး ကယောင်းကရမ်းဖြစ်ခြင်း ၊သတိမူးမေ့တာမျိုးတွေဖြစ်တက်ပါတယ်။

 အရမ်းအပူလွန်လာတဲ့အခါ နှလုံးမှာ ဖိအားများလာတက်ပြီး နှလုံးခုန်ရပ်သွားတက်ပါတယ်။အချိန်အတော်ကြာ အပူချိန်လွန်ကဲ

လာတဲ့အခါကျန်းမာရေးပြဿနာတွေဖြစ်ပေါ်လာတက်ပါတယ်။နေ၏အပူချိန်ကြောင့်ဖြစ်ပေါ်လာတက်သောရောဂါများကို အပူလွန်ကဲခြင်းရောဂါလိုခေါ်ပါတယ်။အပူလွန်ကဲခြင်းကြောင့်ဖြစ်လေ့ရှိသောအချက် များကိုအောက်တွင်းဖော်ပြထားပါတယ်။

၁။ အပူလွန်ကဲခြင်းကြောင့် မူးဝေးခြင်း

        အပူထဲအချိန်ကြာလှုပ်ရှားသွားလာတဲ့အခါရုတ်တရက်မူးဝေလာတက်ပါတယ်။ နှလုံးဆေးသောက်ထား သောသူနှင့်အပူဒဏ်ကို မခံနိုင်သူတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ အေးမြတဲ့နေရာမှာ နားနေပြီး ခြေထောက်ကို မြှောက်တင်ထားပါ။မူးဝေမှုကို သက်သာစေဖို့အတွက် ရေများများ သောက်ပါ။

၂။ အပူကြောင့် ကြွက်တက်ခြင်း

        နွေပူပူမှာ လှုပ်လှုပ်ရှားရှား လုပ်တဲ့အခါ ဗိုက်ကြွက်သားတွေ၊ လက်နဲ့ခြေထောက် ကြွက်သားတွေ ကြွက်တက်ပြီး နာကျင်လာတတ်ပါတယ်။ ခန္ဓာကိုယ် အပူချိန်နဲ့ နှလုံးခုန်နှုန်း ပုံမှန်အတိုင်း ရှိနေပေမယ့် အရေပြားကတော့ စိုစွတ်ပြီး

အေးနေတတ်ပါတယ်။ထိုသို့ဖြစ်လာသောအခါ အေးတဲ့နေရာမှာ ခဏနားနေသင့်ပါတယ်။ ကော်ဖီ (သို့မဟုတ်) အရက်မဟုတ်သော အရည်များကို များများ သောက်ပေးသင့်ပါတယ်။

၃။အပူလွန်ကဲခြင်းကြောင့် ဖောလာခြင်း

      အလွန်ပူပြင်းသောအချိန်တွင် လှုပ်ရှားမှုများလာသောအခါ ခြေဖမိုးနဲ့ ခြေချင်းဝတ်တွေ ဖောရောင်လာတတ်ပါတယ်။ ခြေထောက်ကို မြှောက်တင်ထားခြင်းက သက်သာစေနိုင်ပါတယ်။ ဖောရောင်ခြင်းမပျောက်လျှင်ဆရာဝန်များဖြင့် ဆေးဝါးကုသမှုခံယူသင့်ပါတယ်။

၎။ အပူလွန်ကဲခြင်းကြောင့်အားအင်ကုန်ခန်းခြင်း

         နေရောင်နှင့် ထိတွေ့မှု များများလာလေ ခန္ဓာကိုယ်က အပူဒဏ်ကို လုံးဝခံနိုင်ရည်မရှိတော့ပါဘူး။ထို နောက်ရေ အလွန်ဆာခြင်း ၊ မူးဝေလာခြင်း၊ အားအင် နည်းပါးလာခြင်း၊ ပျို့ချင် အန်ချင် ဖြစ်လာခြင်းစတဲ့ လက္ခဏာရပ်တွေကို ခံစားရလာနိုင်ပါတယ်။

ခန္ဓာကိုယ်အပူချိန်က ပုံမှန်အတိုင်း ရှိနေနိုင်ပေမယ့်လည်း တစ်ကိုယ်လုံး အေးစက်တုန်ရင်နေတတ်ပါတယ်။ အချို့တွေမှာ နှလုံးခုန်နှုန်း မြန်နေတတ်ပါသေးတယ်။ ဒီလိုဖြစ်လာခဲ့ရင် အေးတဲ့နေရာမှာ နားနေပြီး ရေများများ သောက်သင့်ပါတယ်။သက်သာခြင်းမရှိခဲ့လျှင်

နီးဆပ်ရာ ဆေးရုံ ၊ ဆေးခန်းသို့သွားရောက်၍ ဆေးကုသမှု ခံယူရပါည်။ ဒီလို အပူလွန်ကဲပြီး အားအင်ကုန်ခန်းတဲ့အဆင့်ကနေ အပူလျှပ်တဲ့အဆင့်အထိ ရောက်နိုင်တာကြောင့် မပေါ့ဆဖို့ သတိထားသင့်ပါတယ်။

 

 

source:drmyanmar

Read: ဗိုက်ခွဲမွေးပြီးနောက်မပြုလုပ်သင့်သောအချက်များ

ကလေးငယ်များကို ပိုးသတ်ဆေးတိုက်မည့် မိခင်များ သတိထားသင့်သည့် အချက် (၁၁) ချက်

Read times Last modified on Monday, 14 May 2018 10:56
Rate this item
(1 Vote)