What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Monday, 23 March 2020 10:46
အပူချိန်မြင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ
သက်ရှိသက်မဲ့ အားလုံးက နေရောင်ခြည်ကို မှီခိုနေရတဲ့အတွက် နေရောင်ခြည်က မရှိမဖြစ်လိုအပ်နေပါတယ်။
နေရောင်ခြည်ကို လိုအပ်သိလို အပူချိန်မြင့်တက်လာသောကြောင့် နေရောင်ခြည်တွင် ခရမ်းလွန်ရောင်ခြည်ပါဝင်တဲ့အတွက် အသက်အန္တာရာယ်ကို ထိခိုက်ဆုံးရှုံးစေပါတယ်။ အထူးသဖြင့် အခုလို ပွင်းလင်းရာသီ ၊ နွေရာသီများတွင် အပူချိန်မြင့်တက်ခြင်းကြောင့် အသွားအလာကို ဂရုစိုက်ဖို့ အလွန်အရေးကြီးလှပါတယ်။
အပူချိန်မြင့်တက်ခြင်းကြောင့် ဖြစ်ပေါ်စေနိုင်တဲ့ ရောဂါလက္ခဏာများကတော့ ခေါင်းမူးတာ ၊ ခေါင်းကိုက်တာ၊ ချွေးထွက်လွန်ပြီး အော့အန်တာ ၊ ပင်ပန်းနွမ်းနယ်တာ ၊ သတိမေ့တာ၊ ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်များခန်းခြောက်လာတာ၊ နှာခေါင်းသွေးလျှံတာ ၊ အသားရနေလောင်တာ ၊ နှလုံးရောဂါဝေဒနာရှုင်များ အနေဖြင့် အမောဖောက်တာ၊ နှလုံးရောဂါ ပြင်းထန်လာတာ၊ ကူးစက်ရောဂါများ ပြန့်နှံ့လွယ်တာ ၊ အာရုံကြောများထိခိုက်ပြီး ၊ အမြင်အာရုံေ၀ဝါးလာတာ၊ နှလုံးခုန်းနှုန်းမြန်လာတာ၊ ဦးနှောက်သွေးကြော ပြတ်တာ၊ အသက်ရှုလမ်းကြောင်း ချို့ယွင်းလာတာ စတဲ့ရောဂါဝေဒနာမျာကို ဖြစ်ပေါ်ခံစားစေနိုင်ပါတယ်။
Manufacturers (ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းပေါင်း ၁၇၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
Image result for ဆေးဝါးထုတ်လုပ်
အပူချိန်မြင့်တက်ချိန်တွင် အရက်အလွန်အကျွံသောက်သုံးတာ၊ ဆေးလိပ် ၊ ရေခဲရေသောက်သုံးတာ ၊ ရေအေး( သို့) စိုထိုင်းနေတဲ့ အဝတ်စများဖြင့် ဂုတ်ပေါ်ကို ကပ်တာ ၊ဆေးကြောတာများ ပြုုလုပ်ခြင်းမှ ရှောင်ကျဉ်ခြင်းဖြင့် နှလုံးရောဂါ၊ ဦးနှောက်သွေးကြောပြတ်ခြင်းဖြစ်ပေါ်ခြင်းမှ လျော့ချနိုင်ပါတယ်။ ဒါအပြင် အဖြစ်မနေ နေပူထဲသွားလာ လုပ်ကိုင်ရမယ်ဆိုရင်လည်း အဖြူရောင်ရှိသော ဦးထုတ် ၊ ထီး ၊လက်ရှည်ပါးပါးများကို ဝတ်ဆင်ထားတာ ၊ခရမ်များလိမ်းထားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
နေပူထဲသွားလာစရာ ရှိတဲ့အခါ ပဠိဇီဝဆေးများ အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကျဉ်ပါ။ နေပူထဲမှပြန်လာချိန် ချက်ခြင်းရေချိုးတာ ၊ ခြေလက်ဆေးကြောတာများကို ရှောင်ကျဉ်ပါ။ နေပူထဲသွားလျှင် ကောင်းမွန်သော နေကာမျက်မှန်ကို ဝတ်ဆင်ခြင်းဖြင့် မျက်လုံးယားယံတာ၊ မျက်လုံးကြိမ်းတာ၊ မျက်လုံးနာတာများကို ကာကွယ်နိုင်ပါတယ်။
အပူချိန်မြင့်တက်ခြင်းကြောင့် ခေါင်းမူးတာ ၊ သတိမေ့တာဆိုရင် အရိပ်ရှိပြီး လေကောင်းလေသန့် ရရှိသောနေရာများတွင် ဦးစွာထားတာ ၊ ထိုင်တာ များပြုလုပ်ပြီး ရေ ၊ သစ်သီးဖျော်များသောက်သုံးတာ ၊ လေကို၀၀ရှှုတာ ပြီးနောက် နီးစပ်ရာဆေးရုံဆေးခန်းများကို သွားရောက်ကူသမှုခံယူပါ။ နှလုံးကြောဝေဒနာရှင်များ၊ ပန်းနာရင်ကျပ်ဝေဒနာရှင်များနေဖြင့် အပူချိန်မြင့်ချိန်သော ကာလာများတွင် ကိုယ်နှင့်မကွာ နှလုံးဆေး ၊ ပန်းနာရင်ကျပ်ရှုဘူးများကို လိုအပ်သလို ထုတ်သုံးနိုင်ရန် ဆောင်ထားပါ ။
နေလောင်တာ ၊ ခေါင်းအလွန်ကိုက်ခြင်းကြောင့်ဆိုရင် အကိုက်ခဲပျောက်ဆေးသောက်တာ ၊ နေလောင်သောနေရာကို ဆရာဝန်ရဲ့ လမ်းချက်အတိုင်းလိုက်နာက ဆေးလိမ်းတာ နဲ့ ဆေးများသောက်သုံးပါ။ အာရုံကြောများထိခိုက်လာရင် မပေါ့ဆဘဲ နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ လျှင်မြန်စွာ သွားရောက်ကုသမှုခံယူပါ စတဲ့ နည်းလမ်းများဖြင့် နေအပူချိန်မြင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာများကို ကုသနိုင်ပါတယ်။
Written By Health Products Directory
90165828 212716063139335 1462378197545910272 n
(Zawgyi)
=====
Image result for ဆေးဝါးထုတ်လုပ်
Read times Last modified on Monday, 23 March 2020 11:04
Rate this item
(1 Vote)